မာတိကာသို့ ခုန်သွားရန်

ပူတာအိုမြို့

ဝီကီပီးဒီးယား မှ
ပူတာအိုမြို့
ရဝမ်: Pùdaau  
လီဆူ: ꓒꓴ-ꓡꓱ  
ခန္တီးရှမ်း: ၸေႊၶန္တီႈလုံ

Putao
မြို့
ပူတာအိုမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပူတာအိုမြို့
ပူတာအိုမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 27°19′N 97°25′E / 27.317°N 97.417°E / 27.317; 97.417
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်ပူတာအို
လတ္တီကျု(၂၇)ဒီဂရီ၊ (၁၉)မိနစ်
လောင်ဂျီကျု(၉၇)ဒီဂရီ၊ (၂၅)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ပူတာအိုမြို့
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၆၁,၁၀၀[]
  လူမျိုးများ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး ခရိုင်မြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ-၁၄၈၀ တွင်တည်ရှိသည်။ မြစ်ကြီးနားမြို့မှ (၂၁၈)မိုင် အကွာတွင် တည်ရှိသည်။ ပူတာအိုသည် ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုခရိုင်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ဆက်သွယ်သွားလာရေး လွန်စွာ ခက်ခဲခဲ့ပြီး နွေရာသီအတွင်းသာ ကားလမ်းဖြင့် သွားလာနိုင်ပြီး လေယာဉ်ဖြင့်သာ ဆယ့်နှစ်ရာသီ သွားလာနိုင်သည်။ တောင်တန်းများဖြင့် ဝိုင်းရံထားသော ပူတာအို ချိုင့်ဝှမ်းဒေသတွင် တည်ရှိသော မြို့ဖြစ်သည်။ ယနေ့ NLD အစိုးရလက်ထက်တွင် ကားလမ်းသစ်ဖောက်လုပ်မှုကြောင့် ရာသီမရွေး ကားလမ်းဖြင့် သွားလာနိုင်ပြီဖြစ်‌လေသည်။

Jingpo girl, Lisu girl and Rawang girl (From left to right) in Putao
Three local women heading to Putao Market to sell their goods.
Two boy fishing in a river in Putao region

သမိုင်းစဉ်

[ပြင်ဆင်ရန်]

ပူတာအိုဒေသကိုရှေးက ရှမ်းဒေသဟုခေါ်သည်။ အထက်ချင်းတွင်းရှိ ဇင်းကလိန်ခန္တီးနှင့်အမည်ကွဲလွဲစေရန် ခန္တီးကြီးဟုခေါ်ခြင်းဖြစ်သည်။ ရှမ်းဘာသာအားဖြင့် ရွှေထွက်သောဒေသဟူ၍ဖြစ်သည်။ နန်ချောင်ပြည် ပျက်သုန်းပြီးနောက် တိုင်ရှမ်းတို့သည် မြန်မာပြည်တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြကာ မြို့ပြနိုင်ငံများ တည်ထောင်ကြသည်။ မိုင်းမောကို မြို့တော်အဖြစ်သတ်မှတ်ပြီး မိုးကောင်းကို ဒုတိယမြို့တော်အဖြစ် သတ်မှတ်သည်။ မိုးကောင်းရှမ်းတို့သည် နယ်မြေသစ်များ ရှာဖွေထူထောင်ကြရာ ဟူးကောင်းနယ်၊ အာသံနယ်၊ ခန္တီးလုံနယ်တို့ ပေါ်ပေါက်လာကြသည်။ ခန္တီးလုံနယ်တွင် နေထိုင်သူများကို ခန္တီးရှမ်းများဟုခေါ်သည်။ခန္တီးလုံနယ်၏ အနောက်ဖက် နှင့် အနာက်တောင်ဖက်ရှိ ခခူးကုန်းမြင့် ဒေသတို့တွင် ဂျိန်းဖောဒူဝါကြီးများ ကြီးစိုးကြသည်။

ပူတောင်းနယ် အရှေ့ဖက်တွင်မူ ခန္တီးစော်ဘွား တို့နှင့် မိတ်ဖွဲ့ထားသည့် ကချင် ဂွမ်ရောင်ဂွမ်ဆာ ဟုခေါ်သော ခေတ်ဦးကချင် ဒီမိုကရစီ စနစ် ကို ကျင့်သုံး သည့် ‌ဒူလင်းအနွယ် ကချင်များ နေထိုင်ကြသည်။

ပူတောင်းနယ်တွင် စော်ဘွား ၄ ဦနေထိုင်ကြသည်။းရှိပြီး မိုးကောင်းစော်ဘွားအား ကျိုးနွံရသည်။ မိုးကောင်းအား မြန်မာဘုရင်များ သိမ်းပိုက်ချိန်မှစ၍ ပူတောင်းရှိ ခန္တီးစော်ဘွားတို့သည် မြန်မာဘုရင်အား သစ္စာခံခဲ့ကြသည်။ ပူတောင်းဆိုသည်မှာ ရှမ်းဘာသာအားဖြင့် ပူ -အဘိုး၊ တောင်း - စောင့်သည်(အဘိုးမျှော်မြို့)ဟုအဓိပ္ပာယ်ရသည်။ ပူတောင်းကို အင်္ဂလိပ်တို့သိမ်းပိုက်ချိန်တွင် အင်္ဂလိပ်ဘာသာဖြင့် ( PUTAO)ရေးရာမှ မြန်မာအသံထွက်မှာ ပူတာအို ဖြစ်သွားသည်ဟု ဆိုသည်။

၁၉၁၄-ခုနှစ်တွင် ဗြိတိသျှ တပ်ဖွဲ့တို့သည် ပူတောင်းကျေးရွာ အနီး၌ စခန်းချ နေထိုင်ကြသည်။ ၁၉၁၆-ခုနှစ်တွင် မြေပုံအညွှန်း (အင်တီ-၀၁၈၅)သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှ ပူတာအိုဒေသကို ခရိုင်ဖွဲ့စည်းပြီး အုပ်ချုပ်ကြသည်။ ပထမဆုံး ခရိုင်ဝန်မှာ မစ္စတာ ဟတ်ဇ်(Mr. Heartz) ဖြစ်သည်။ ခရိုင်ဝန်နေထိုင်ခဲ့သော ခံတပ်ကို ဖိုဟတ်ဇ်() ခံတပ်ဟု ခေါ်တွင်ကြသည်။ ၁၉၂၅-ခုနှစ်တွင် ခရိုင်ကို ဖျက်သိမ်းပြီး မြစ်ကြီးနားခရိုင် အတွင်းသို့ ထည့်သွင်းကာ ခရိုင်ခွဲအဖြစ် ပူတောင်းကျေးရွာသို့ ပြောင်းရွေ့ တည်ထောင်ခဲ့ကြသည်။ ၁၉၆၅-ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ပူတာအိုမြို့ကို ခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ် စေခဲ့သည်။ ၁၉၇၂-ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး အရ ခရိုင်ကို ဖျက်သိမ်း၍ ပူတာအိုမြို့နယ်ကို (က)အဆင့်ရှိသော မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် (၂၈-၉-၉၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်(၁၄၂-၉၂)ဖြင့် ပူတာအိုခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ရှားပါးသော “တာကင်”ခေါ် သားမင်း ကောင်၊တောင်ဆိတ်ကတိုးကောင်နှင့် ကမ္ဘာ့ရှားပါးလိပ်ပြာအမျိုးစုံနင့် ဝက်ဝံတို့ကိုလည်း ပူတာအိုခရိုင်တွင် တွေ့ရှိရသည်။

နေထိုင်သော လူမျိုးများ

[ပြင်ဆင်ရန်]

သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု

[ပြင်ဆင်ရန်]

ရေခဲတောင်များ ဝန်းရံထားသဖြင့် ရာသီဥတုအေးမြသည်။ နွေရာသီတွင် တစ်ခါတစ်ရံ အပူချိန်မြင့်မားတတ်သည်။ ဆောင်းဥတုတွင် အေးမြလှသည်။ ရေခဲမှတ်အောက် ရောက်သည်အထိ အပူချိန်ကျဆင်းတတ်သည်။

စီးပွားရေး

[ပြင်ဆင်ရန်]
  • တောင်ယာလုပ်ငန်း
  • သဘာဝတောထွက်ရှာဖွေရေးလုပ်ငန်း
  • ခရီးသွားလမ်းပြလုပ်ငန်း
Tourists on boat enjoying pristine nature of Putao region

ပူတာအို ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

ပူတာအို ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအား ပိုမို အထောက်အကူဖြစ်စေသည်။ အဓိကအားဖြင့် သဘာဝ တောင်တောင်ရေမြေ သယံဇာတများ ပေါကြွယ်ဝသော ထို ဒေသအား သွားလာလည်ပတ်လိုသူများပြားလေ့ရှိသသည်။ အထူးသဖြင့် ပြည်ပခရီးသွားများ ဖုန်ကန်ရာဇီ ရေခဲတောင် ဒေသသို့ သွားရောက်လိုကြသည်။ လာရောက်လည်ပတ်လိုသူ နိုင်ငံခြားသားများ အနေဖြင့် မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း မှ ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်သည်။[]

အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

စိတ်ဝင်စားဖွယ်နေရာများ

[ပြင်ဆင်ရန်]

[]

စာကိုး

[ပြင်ဆင်ရန်]
  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၂၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. Putao | Tourism Transparency 22 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 June 2014 တွင် ပြန်စစ်ပြီး။
  3. ဒေါ်ခင်သိန်း(မြန်မာစာပါမောက္ခ) မြစ်ကြီးနားတက္ကသိုလ် ၏ “ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်”

ဓာတ်ပုံ

[ပြင်ဆင်ရန်]