ဘုတ်ပြင်းမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဘုတ်ပြင်းမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ဘုတ်ပြင်းမြို့
ဘုတ်ပြင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘုတ်ပြင်းမြို့
ဘုတ်ပြင်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 11°15′N 98°45′E / 11.250°N 98.750°E / 11.250; 98.750
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးFlag of Tanintharyi Division.svg တနင်္သာရီတိုင်းဒေသကြီး
ခရိုင်ကော့သောင်းခရိုင်
မြို့နယ်ဘုတ်ပြင်းမြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၅,၃၈၄[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဘုတ်ပြင်းမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်အတွင်းရှိ ဘုတ်ပြင်းမြို့နယ်၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ တနင်္သာရီ ကမ်းခြေပေါ်တွင် တည်ရှိသည်။ မြို့နယ်အကျယ်အဝန်းမှာ ၂ ၃၇၁ စတုရန်းမိုင် ဖြစ်၏။

မြို့နယ်တစ်နယ်လုံးမှာ တောတောင်ထူထပ်၍ ပင်လယ်ကမ်းခြေတွင် လမုတောများရှိ၏။ ကမ်းခြေမှာ သောင်တိမ် ဖြစ်သောကြောင့် သင်္ဘောကြီးများ မဝင်နိုင်ချေ။ ဘုတ်ပြင်းမြို့သို့သင်္ဘောငယ်ကလေးများသာ ဝင်နိုင်သည်။ ဘုတ်ပြင်းမြို့နှင့် မိုင် ၄ဝ အကွာတွင်ရှိ၍ တောအုပ် ထူထပ်သော ကျွန်းကလေးများကြားရှိ ရေကြည်တစ်ဝိုက်မှာ ပုလဲငုပ်ရာ စခန်းဖြစ်၏။ ဘုတ်ပြင်းမြို့အနီး တောင်ဘက်တွင် သံဖြူတွင်းများရှိ၍ ယင်းဒေသသို့ကုန်းလမ်းပေါက်သည်။

ရေလမ်းလွယ်သောကြောင့် ကုန်းလမ်းများ မရှိသလောက်ပင် ဖြစ်သည်။ ကမ်းခြေတစ်လျှောက်တွင် မြန်မာလူမျိုးနှင့် မလေး (ပသျှူး) လူမျိုးတို့နေထိုင်၍ အတွင်းဘက် မြစ်ချောင်း တစ်လျှောက်တွင် ယိုးဒယားလူမျိုးများ နေထိုင်ကာ တောင်ပေါ်တွင် ကရင်များ နေထိုင်ကြသည်။ မြိတ်နယ်ကို ယိုးဒယားတို့ပိုင်ဆိုင်စဉ်အခါက ဘုတ်ပြင်းသည် ရေးပါအရောရောက်ခဲ့သော်လည်း ယခုအခါ မစည် ကားတော့ချေ။ ဘုတ်ပြင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၃၈၄ ယောက်[၁] ဖြစ်သည်။

ဘုတ်ပြင်းသည် ၁၆ ရာစုက ထင်ရှားသော မြို့ ဖြစ်ပြီး၊ ကိုလိုနီခေတ်ဦး ကာလတွင် ရွာကြီးတရွာ ဖြစ်နေပြီ။ သံဖြူသတ္တုများ ထွက်ရှိသည်။ သံဖြူတွင်းများကို ရှေးကပင် တရုတ်လူမျိုးများ တူးဖော်လုပ်ကိုင်သည်။ ဘုတ်ပြင်းသည် ၁၉၁၂ တွင် လူဦးရေ ၈၀၀ ဦးသာ ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၅။ 
  2. တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၃၇၉။ 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)