ကန့်ဘလူမြို့

ဝီကီပီးဒီးယား မှ

ကန့်ဘလူမြို့သည် ကန့်ဘလူခရိုင် ကန့်ဘလူနယ် ၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရွှေဘိုမြို့မြောက်ဘက် ၄၆ မိုင်ကွာ စစ်ကိုင်း-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိ သည်၊ တောင်ဘက်တွင် ခင်ဦးမြို့နယ်နှင့် ဆီဆုံကြီးရွာ။ မြောက်ဘက်တွင် ဒေါင်းယူးချောင်း။ အရှေ့ဘက်တွင် ဧရာဝတီမြစ်။ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်နှင့် အထက် ချင်းတွင်းနယ်စပ်တို့ တည်ရှိသည်၊ မီးရထားဌာနတွင် အရေးပါသော ဘူတာရုံတစ်ခုဖြစ်၍ မီးရထားဖက်ဆိုင်ရာ အရာ ရှိကြီးငယ်နှင့် အမှုထမ်းများစွာ နေထိုင်ပြီးလျှင် စက်ခေါင်းရုံ ကြီးများလည်းရှိသည်၊ ထို့ပြင်မီးရထားရဲဌာနနှင့် မီးရထားဌာန ဆေးရုံများ လည်းရှိသည်၊ နယ်အုပ်ချုပ်ရေးဆိုင်ရာတွင် လည်း နယ်ပိုင်ဝန်ထောက်ရုံး။ မြို့ပိုင်ရုံး။ ရဲဌာန။ [[စာပို့ တိုက်]]။ ဆေးရုံ။ နိုင်ငံတော် မူလတန်းကျောင်းဈေးနှင့် နယ်စီး တောအုပ်ရုံးများရှိသည်၊ မြို့မှာသစ်တောအတွင်း တည်ရှိ၍ ကျောထောက်နောက်ခံနယ်တွင် သီးနှံစိုက်ပျိုး လုပ်ကိုင်မှု များစွာ မရှိချေ၊ သစ်လုပ်ငန်း (မီးရထားလမ်း ဇလီဖားတုံးလုပ်ငန်း) သာလျှင် တွင်ကျယ်လေသည်၊ ကန့်ဘလူနယ်တွင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် များပါဝင်သည်၊ ကန့်ဘလူမြို့နယ်မှာ စတုရန်းမိုင် ၁၅၃၆ကျယ် ဝန်းသည်၊ မြို့နယ် ၏ လူဦးရေမှာ ၇၃၅၂၁ ခန့်ရှိပြီး ၁၃၅၈၅ခန့် မှာ မြန်မာမွတ်စလင်များဖြစ်ကြသည်၊ ကန့်ဘလူမြို့ပေါ်တွင် အိမ်ခြေ ၆၀၀ ခန့်ရှို လူဦးေရ ၃၀၀၀ ခန့်နေထိုင်သည်၊ မြေဒူး။ ဆားကုန်း။ ဆားကိုင်း။ ထူးကြီး။ ဝက်တိုး။ ခြင်မြစ် ကျင်း။ ကျီစုနှင့်ငါးရာနဲ။ သဗွတ်ကုန်း။ ကျောက်တိုင်ရွာ များတွင် မြန်မာမွတ်စလင်အများ နေထိုင်ကြသည်၊ မြေဒူး မြို့တွင် ထင်ရှားသော ရွှေဂူကြီးစေတီတော်ရှိ၍ ဘုရားပွဲတော် ကိုနှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည်။ စိုက်ပျိုးလုပ်ကိုင်ကြသော သီးနှံများမှာ စပါးပဲပြောင်းနှမ်းမြေပဲလူးဆပ်ခရမ်းချဉ်ခရမ်းအုန်းထန်း တို့ ဖြစ်သည်၊ သစ်လုပ်ငန်းမှာ အတွင်ကျယ်ဆုံး ဖြစ်လေသည်၊ ကန့်ဘလူမြို့နယ်အတွင်း ပဉ္စာလ ၅မြို့မှ ရှေးက ကျောက်မီးသွေး ထွက်သည်ဟု အဆိုရှိသည်၊ သို့ရာတွင် တတ်ကျွမ်းသူ များကမူ ကျောက်မီးသွေးနုလွန်းသေးသဖြင့် အသုံးပြုရန် မသင့် သေးဟုဆိုသည်၊ ရွှေဘိုတစ်ခရိုင်လုံး၏ အသက်သွေးကြောတစ်ရပ် ဖြစ်သော ကာဘိုးရေလွှဲဆည်မှာလည်း ကန့်ဘလူနယ်အတွင်း တွင် တည်ရှိ သည်၊ ထို ဆည်ကိုအမှီပြု၍ ဆန်စပါးစိုက်ပျိုးကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁)၊ စာမျက်နှာ (၃၅၅)