မာတိကာသို့ ခုန်သွားရန်

နမ့်စန်မြို့

ဝီကီပီးဒီးယား မှ
နမ့်စန်မြို့
ဝဵင်းၼမ်ႉၸၢင်
ဝေင်ꩻနမ်းစင်ႏ
မြို့
Namsang
စေတီဖြူကုန်းမှ မြင်ရသည့် နမ့်စန်မြို့မြင်ကွင်း
စေတီဖြူကုန်းမှ မြင်ရသည့် နမ့်စန်မြို့မြင်ကွင်း
နမ့်စန်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နမ့်စန်မြို့
နမ့်စန်မြို့
မြန်မာနိုင်ငံအတွင်း နမ့်စန်မြို့၏ တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 20°53′24″N 97°44′11″E / 20.89000°N 97.73639°E / 20.89000; 97.73639ကိုဩဒိနိတ်: 20°53′24″N 97°44′11″E / 20.89000°N 97.73639°E / 20.89000; 97.73639
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်နမ့်စန်ခရိုင်
မြို့နယ်နမ့်စန်မြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၉၆၅ မီတာ (၃၁၆၅ ပေ)
လူဦးရေ
  စုစုပေါင်း၇၀၀၀၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

နမ့်စန်မြို့ (ရှမ်း: ဝဵင်းၼမ်ႉၸၢင်၊ ပအိုဝ်း: ဝေင်ꩻနမ်းစင်ႏ၊ အင်္ဂလိပ်: Namsang) သည် မြန်မာနိုင်ငံရှမ်းပြည်နယ်နမ့်စန်ခရိုင်ရှိ နမ့်စန်မြို့နယ်၏ အုပ်ချုပ်ရေးရုံးစိုက်ရာ မြို့ဖြစ်သည်။ နမ့်စန်မြို့သည် ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးမြို့တစ်မြို့ ဖြစ်သည်။ ပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် ၇၂ မိုင်ခန့် ကွာဝေးပြီး တောင်ကြီး-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည်။

မြို့နေ လူဦးရေမှာ စုစုပေါင်း ၇ သောင်းခန့် (မြို့ပေါ်လူဦးရေ ၃ သောင်းခန့်နှင့် ကျေးလက်နေလူဦးရေ ၄ သောင်းခန့်) မှီတင်းနေထိုင်ကြသည်။ အများစုမှာ ရှမ်းလူမျိုးများ ဖြစ်ကြပြီး ဗမာပအိုဝ်းပလောင်လီဆူနှင့် ယင်းလူမျိုးစုများလည်း ရောနှောနေထိုင်ကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာဝင် အများဆုံးဖြစ်ပြီး ဘုန်းကြီးကျောင်း ၃၀ ခန့် တည်ရှိသည့်အပြင် ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း ရှိကြသည်။ ဒေသခံများသည် အလှူအတန်း ရက်ရောကြပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကာ စပါး၊ ပြောင်းနှင့် နှမ်းတို့ကို အဓိက စိုက်ပျိုးကြသည်။ ဒေသတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့လည်း လှုပ်ရှားမှုရှိသည်။

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

နမ့်စန်မြို့သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မြို့တစ်မြို့ ဖြစ်သည်။ ယခင် ဗြိတိသျှ တော်ဝင်လေတပ်မတော် အသုံးပြုခဲ့သည့် လေယာဉ်ကွင်းအား နမ့်စန် လေယာဉ်ကွင်းအဖြစ် ဆက်လက်အသုံးပြုခဲ့သည်။[]

မြို့ကို အမှတ် (၄) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးက ဖြတ်သန်းသွားပြီး အရှေ့ဘက် တာချီလိတ်မြို့အထိ ဆက်သွယ်ပေးထားသည့်အပြင်၊ အမှတ် (၄၅) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးသည်လည်း နမ့်စန်မြို့ကို ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မိုင်းတုံမြို့နှင့် ဆက်သွယ်ပေးထားသည်။[][] ထို့ပြင် ၁၉၉၅ ခုနှစ်မှစ၍ မြန်မာ့မီးရထား လမ်းကွန်ရက်နှင့် ချိတ်ဆက်မိခဲ့သဖြင့် ရထားပို့ဆောင်ရေးလုပ်ငန်းများ ရှိခဲ့ပြီး၊ လက်ရှိတွင် ရန်ကုန်-နမ့်စန်၊ မန္တလေး-နမ့်စန် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ တိုက်ရိုက်ပြေးဆွဲလျက်ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Bond၊ Charles R.; Anderson၊ Terry H. (1 October 1988)။ A Flying Tiger's Diary။ Texas A&M University Press။ p. 118။ ISBN 978-0-89096-408-828 September 2011 တွင် ပြန်စစ်ပြီး
  2. Namsang, Myanmar Google Maps။ September 28, 2011 တွင် ပြန်စစ်ပြီး။
  3. You must specify title = and url = when using {{cite web}}.။ Microsoft and Harris Corporation Earthstar Geographics LLC။ September 28, 2011 တွင် ပြန်စစ်ပြီး။