လှည်းကူးမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
လှည်းကူးမြို့
လှည်းကူးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လှည်းကူးမြို့
လှည်းကူးမြို့
လှည်းကူးမြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 17°5′43″N 96°13′16″E / 17.09528°N 96.22111°E / 17.09528; 96.22111ကိုဩဒိနိတ်: 17°5′43″N 96°13′16″E / 17.09528°N 96.22111°E / 17.09528; 96.22111
Country  မြန်မာ
တိုင်း ရန်ကုန်
မြို့ ရန်ကုန်
မြို့နယ် လှည်းကူး

လှည်းကူးမြို့သည် မှော်ဘီခရိုင်၊ လှည်းကူးမြို့နယ် ၏ ရုံးစိုက်မြို့ဖြစ်သည်။ ခရိုင်၏ အရှေ့မြောက်ဘက် ရန်ကုန်-ပဲခူး မော် တော်ကားလမ်းကြီးပေါ်တွင် တည်ရှိ၍ ရန်ကုန်မြို့မှာ ၂၇ မိုင်ဝေးလေသည်။ မြို့တည်နေရာသည် အချက်အခြာကျသဖြင့် ကျေးလက်ပြုပြင်ရေးသမားများ ၏ စံပြဌာနတစ်ခုဖြစ်ခဲ့သည်။ မြို့ပေါ်တွင် မြို့ပိုင်ရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စိုက်ပျိုးရေးရုံး၊ ဆောက်လုပ်ရေးဌာနရုံး၊ သမဝါယမမြို့အုပ်ရုံးနှင့် အစိုးရ ဆေးပေးရုံတို့အပြင် အစိုးရအထက်တန်းကျောင်းလည်းရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လှည်းကူးမြို့တွင် လူဦးရေ ၆၇၇၈ ယောက်ရှိသည်။ လှည်းကူးမြို့နယ်သည် မှော်ဘီခရိုင်ခွဲတွင်ပါဝင်၍ ၅၉၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ သူကြီးပိုင်နယ်ပေါင်း ၆၆ နယ်ပါဝင် ၏။ လူဦးရေမှာ ၁၉၇၁ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ ၁၁၆ဝဝဝ ခန့် ရှိသည်။[၁]

လှည်းကူးသည် ၁၈၅၃ ခုနှစ် အင်္ဂလိပ်လက်အောက်သို့ ကျရောက်စက ဟံသာဝတီခရိုင်၊ ဘောင်းလင်းစီရင်စု အတွင်းမှ ကျေးရွာကြီး တရွာ ဖြစ်သည်။ လှည်းကူးရွာသည် ယခု ရွာမပိုင်း နေရာ ဖြစ်သည်။ ယင်းရွာနှင့် ဘောင်းလင်းမြို့(ယခု မြို့ကြီးကုန်း)တို့ကို လမ်းမကြီးဖြင့် ဆက်သွယ်ထားပြီး ကုန်စည်ကူးသန်း ရောင်းဝယ် သွားလာသည်။ ကုန်သည်ခရီးသွားများသည် ဇီးပင်ဆိပ် (ယခု လှည်းကူးဈေးနှင့် သောင်ခုံပိုင်းအကြား)တွင် တထောက်နားခိုပြီး ထိုမှတဆင့် ငမိုးရိပ်ချောင်းအတိုင်း ဒဂုန်၊ ဥက္ကလာပတို့သို့ ခရီးဆက်ကြသည်။ သို့ဖြင့် ဇီးပင်ဆိပ်မှာ တစတစ စည်ကားလာသည်။ ရွာမပိုင်းနှင့် ဘောင်းလင်းလမ်းမကို ရိုးချောင်းငယ်ကလေးတခု ခြားထားရာ၊ နွားလှည်းများ ရိုးချောင်းကို ကူးသန်း သွားလာသည်။ နောက်တွင် ဇီးပင်ဆိပ်ကို လှည်းကူးဆိပ်ဟု ပြောင်းလဲ ခေါ်သည်။ ဗြိတိသျှခေတ် မြေစာရင်း မြေပုံတွင် လှည်းကူးဆိပ်ကွင်းဟု ဖော်ပြထားသည်။

၁၈၈၄ တွင် လှည်းကူးသည် ပဲခူးခရိုင်အတွင်း ရုံးစိုက်ရာ ကျေးရွာကြီး ဖြစ်လာသည်။ ၁၉၀၁ တွင် လှည်းကူးရွာ၌ လူဦးရေ ၁၆၆၆ ဦး နေသည်။ ဗြိတိသျှဘုရင်ခံ၏ ၁၅ ဖေဖော်ဝါရီ ၁၉၀၄ ရက်စွဲပါ သိမ်သမုတ်ရန် မြေပေးအမိန့်တွင် ပဲခူးစီရင်စု၊ လှည်းကူးမြို့နယ်ဟု ဖော်ပြထားရာ ၁၉၀၄ မတိုင်မီကပင် လှည်းကူးသည် မြို့နယ်အဆင့် ဖြစ်လာကာ ကိုလိုနီခေတ်တလျှောက် စည်ကားသည်။

လှည်းကူးမြို့ အထက်တန်းကျောင်းကို ၂၆ မတ် ၁၉၃၇ တွင် အုတ်မြစ်ချသည်။ ဖောင်ကြီးတွင် ၁ ဇန်နဝါရီ ၁၉၆၅ က ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း ‌(နောင် ဗဟိုဝန်ထမ်းတက္ကသိုလ်)ကို ဖွင့်သည်။[၂]

ထင်ရှားပုဂ္ဂိုလ်[ပြင်ဆင်ရန်]

  1. ကာတွန်းသန်းကြွယ်
  2. စာရေးဆရာ တင့်ဆန်း(ဖောင်ကြီး)
  3. သမိုင်းပညာရှင် ဦးမြဟန်(ဇရပ်ကွင်း)
  4. အာဇာနည် လှကြည်(ဝါးချောင်း/ဖောင်ကြီး)
  5. မင်းရဲကျော်(ရှမ်းရွာ)[၂]

အထင်ကရနေရာ[ပြင်ဆင်ရန်]

မဟာအတုလသကျမာန်အောင်ဘုရား[ပြင်ဆင်ရန်]

လှည်းကူးမြို့ ရာကျော်လယ်ကွင်းအတွင်း ၂၂ ဧပြီ ၁၉၁၀ တွင် မဟာအတုလသကျမာန်အောင်ဘုရားကို မြေပိုင်ရှင် ဦးဖေ၊ ဒေါ်လေးတို့က အုတ်မြစ်ချ တည်ထားကိုးကွယ်သည်။ ဗုဒ္ဓရုပ်ပွာ‌းတော်ကြီးသည် ဉာဏ်တော် ၁၈ တောင်မြင့်ပြီး၊ ငါးထပ်ကြီးဘုရားဟု အမည်တွင်သည်။[1]

လွတ်လပ်ရေးဘုရား[ပြင်ဆင်ရန်]

လွတ်လပ်ရေးဘုရားကို မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိချိန် ၄ ဇန်နဝါရီ ၁၉၄၈ နံနက် ၄,၂၀ နာရီတွင် လှည်းကူးမြို့ အထက်တန်းကျောင်းအနီးတွင် ပန္နက်ချ တည်ထားသည်။ ဒါယကာမှာ ဦးချင်းရောက်၊ ဒေါ်ထားနှင့် ဦးစံဖဲ၊ ဒေါ်သိန်းတို့ မိသားစုများ ဖြစ်သည်။ ဇန်နဝါရီ ၃ ရက်နေ့ ညကပင် တညလုံး မအိပ်ဘဲ ကြိုတင်ပြင်ဆင် စောင့်ဆိုင်းကာ အုတ်မြစ် ချခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. ၂.၀ ၂.၁ ၂.၂ တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၅၄.