တံတားဦးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တံတားဦးမြို့
မြို့
Skyline of တံတားဦးမြို့
တံတားဦးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တံတားဦးမြို့
တံတားဦးမြို့
တံတားဦးမြို့တည်နေရာ
ကိုဩဒိနိတ်: 21°49′08″N 95°58′25″E / 21.819019°N 95.973709°E / 21.819019; 95.973709ကိုဩဒိနိတ်: 21°49′08″N 95°58′25″E / 21.819019°N 95.973709°E / 21.819019; 95.973709
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး
ခရိုင် ကျောက်ဆည်ခရိုင်
မြို့နယ် တံတားဦးမြို့နယ်
လူဦးရေ (၂၀၁၄)[၁] ၁၂,၃၈၉
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

တံတားဦးမြို့သည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်တွင် ပါဝင်ပြီး အင်းဝမြို့ဟောင်းအနီးတွင် တည်ရှိသည်။ တံတားဦးတွင် တည်ရှိသောရွာကို တံတားဦးရွာဟု ခေါ်ရာမှ မြို့ဖြစ်လာခြင်း ဖြစ်သည်။ တံတားဦးမြို့အနီးတွင် မြန်မာနိုင်ငံတွင် အကြီးဆုံးလေဆိပ်ဖြစ်သော မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမမင်းခေါင် မင်းသားငယ်ဘဝက ပညာသင်စဉ် တစ်ညတွင် ထူးဆန်းသောအိပ်မက်ကို မက်မြင်သည်။ အင်းဝကို ဗိုက်မှထွက်သော အူတို့ဖြင့် ရစ်ပတ်သည် ဟုမက်မြင်ခြင်းဖြစ်သည်။ အိပ်မက်မှနိုးသော် ပညာသင်ကြားပေးသည့် ဆရာတော်အား လျှောက်တင်လေသည်။ ထိုအခါဆရာတော်က ခြေဖြင့် မင်းဆွေအား အလျင်ကန်ပြီး နောင်တွင်မင်းဖြစ်ပါက ငါ့ကိုမမေ့ရန် ကန်ခြင်းဖြစ်သည် ဟုဆိုသည်။ မင်းဖြစ်ပါက အင်းဝမှ ရေလွှမ်းရာ ခြိုင့်ဝှမ်းကြီးကိုဖြတ်ကာ ယခု စံကျောင်းရှိရာနေရာသို့ တံတားထိုးရန် မိန့်သည်။ မင်းဆွေလည်း ကတိခံခဲ့ပြီး မင်းဖြစ်လျှင် ကတိအတိုင်း တံတားထိုးပေးခဲ့သည်။ ထိုသို့ တံတားထိုးရာ တံတားဦးချရာအရပ်(အင်းဝမှ တစ်ဖက်ကမ်း)ကို ယနေ့တိုင်တံတားဦးမြို့ ဟုခေါ်သည်။ ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက် နန်းမတော်မယ်နု၏ မောင်တော် စလင်းမြို့စား မောင်အိုသည် မြစ်သေးမြစ်ကို ဖြတ်လျက် တံတားတည်ဆောက်သည်။ ထိုတံတား၏ အဦး၌ တည်ရှိ၍ တံတားဦးဟု ခေါ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၈။ 
  2. မောင်ကြည်သန့်၏ မြန်မာ့ မြို့ရွာဒေသ ဝေါဟာရ(၂၀၀)မှ