ညောင်လေးပင်မြို့

ဝီကီပီးဒီးယား မှ
ညောင်လေးပင်မြို့
Thumb
Thumb
ညောင်လေးပင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ညောင်လေးပင်မြို့
ညောင်လေးပင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°57′16″N 96°43′13″E / 17.95444°N 96.72028°E / 17.95444; 96.72028ကိုဩဒိနိတ်: 17°57′16″N 96°43′13″E / 17.95444°N 96.72028°E / 17.95444; 96.72028
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ညောင်လေးပင်ခရိုင်
မြို့နယ်ညောင်လေးပင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ညောင်လေးပင်မြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးရှိ မြို့တစ်မြို့ဖြစ်သည်။ ညောင်လေးပင်ခရိုင် ၏ ရုံးစိုက်ရာမြို့ဖြစ်၏ မော်တော်ကားလမ်းအားဖြင့် ပဲခူးမြို့ မှ ၄၈ မိုင်၊ ရန်ကုန်မြို့ ၈၃ မိုင်၊ နေပြည်တော်မြို့မှ ၁၄၀ မိုင်၊ မန္တလေးမြို့မှ ၃၃၂ မိုင်၊ တောင်ငူမြို့ မှ ၇၄ မိုင်ခန့် ကွာဝေးသည်။ အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး ( ရန်ကုန်-တောင်ငူ-မန္တလေး အဝေးပြေးလမ်း) မှာလည်း ညောင်လေးပင်မြို့လယ်ကို အလယ်ဗဟိုကျကျ ဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း သည် မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်မျှမှ ဖြတ်သန်းဖောက်လုပ်သွားသည်။ သို့သော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် အဝေးပြေးလမ်းမကြီးတို့ကို ညောင်လေးပင်- ကျွန်းကုန်း- ဖဒို- မြို့ချောင်းလမ်း ဖြင့် ၂၄ မိုင် ဆက်သွယ်လမ်းဖြင့် ဆက်သွယ်ထားသည်။ ညောင်လေးပင်မြို့၏ မြောက်ဘက် ၂၈ ကီလိုမီတာခန့်တွင် ကျောက်တံခါးမြို့၊ တောင်ဘက် ၁၇ ကီလိုမီ တာခန့်တွင် ဒိုက်ဦးမြို့၊ အရှေ့ဘက် ၁၉ ကီလိုမီတာခန့်တွင် မဒေါက်မြို့ တို့တည်ရှိသည်။

ပဲခူးမြောက်ပိုင်း စပါးရောင်းဝယ်တင်ပို့ရာ ဗဟိုဌာနတစ်ခုဖြစ်၍ အတော်ပင်စည်ကားသည်။ မြို့၏လူဦးရေမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၂၁၉၂၉၃ ယောက်ခန့်ဖြစ်လေသည်။


တော်လှန်ရေးကောင်စီ လက်ထက်တွင် ညောင်လေးပင်မြို့တွင် မြူနီစီပယ်အဖွဲ့ရှိ၍ မြို့တွင်းကိစ္စရပ်များတို့ကိုဆောင်ရွက်ရသည်။ ညောင်လေးပင်နယ်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်အနောက်မြို့နယ်(ကျောက်တံခါးမြို့နယ်)နှင့် ဒိုက်ဦးမြို့နယ်များ ပါဝင်လေသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်မှစ၍ ညောင်လေးပင်မြို့နယ်သည် ပဲခူးခရိုင် အပိုင်မြို့နယ်တစ်ခုဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ညောင်လေးပင် အား ညောင်လေးပင်ခရိုင် အဖြစ် ပဲခူးခရိုင် မှ ခွဲထုတ်ပြီး မြို့နယ် (၅) ခု ပေါင်းစပ်၍ ခရိုင်ရုံးဆိုက်ရာမြို့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ညောင်လေးပင်အရှေ့မြို့နယ်တစ်ဝှမ်းလုံးမှာ အများအားဖြင့် ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးသော လယ်ယာများသာဖြစ်သည်။ ညောင်လေးပင်အနောက်မြို့နယ်မှာမူ၊ ကုန်းမြင့်ဒေသများ၊ တောင်တန်းများဖြစ်၍ လယ်ယာလုပ်ကိုင်ကြသော်လည်း၊ အနည်းငယ်မျှသာဖြစ်သည်။

ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၂ မိုင်ခန့်ဝေးသော မဒေါက်သို့ မီးရထားလမ်းခွဲတစ်ခုရှိ၍၊ မဒေါက်မှ စစ်တောင်းမြစ်ကို ဖြတ်ကူးလိုက်လျှင် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ရွှေကျင်မြို့သို့ရောက်ရှိနိုင်လေသည်။

ညောင်လေးပင် မြို့မဈေး

ညောင်လေးပင်မြို့မှာ နယ်ပိုင်ဝန်ထောက်ရုံးစိုက်သော မြို့ဖြစ်သည့်အားလျော်စွာ အစိုရရုံးများ၊ ကျောင်း၊ ဆေးရုံ၊ ဈေးစသော အဆောက်အအုံများဖြင့် စည်စည်ကားကားရှိသည်။ မြို့နယ်မှာ စပါးအထွက်များသော နယ်ဖြစ်သည့်အပြင်၊ မီးရထားလမ်း၊ ကားလမ်းများရှိသောကြောင့် အရောင်းအဝယ်တွင်ကျယ်သည်။ ညောင်လေးပင်ခရိုင်၏ အကြီးဆုံးမြို့နှင့် ပဲခူးတိုင်းဒေသကြီး၏ ပဉ္စမမြောက်အကြီးဆုံးမြို့ ဖြစ်သည်။ ညောင်လေးပင်မြို့သည် လုဒ်(စ်)မယ်တော်သခင်မကျောင်း ကြောင့်ထင်ရှားကျော်ကြားရသည်။

အထင်ကရ နေရာများ[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)