မာတိကာသို့ ခုန်သွားရန်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ (မြန်မာ)

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေးနယ်မြေဒေသများ
ပထမ အဆင့်
ဒုတိယ အဆင့်
တတိယ အဆင့်
စတုတ္ထ အဆင့်
ပဉ္စမ အဆင့်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ[][][] သည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် တည်ရှိသော အုပ်ချုပ်ရေးနယ်မြေဒေသခွဲအမျိုးအစားတစ်ခု ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟူ၍ နှစ်မျိုးရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ခရိုင်များဖြင့်ဖွဲ့စည်းထားပြီး ခရိုင်များကိုမြို့နယ်များဖြင့်ဖွဲ့စည်းထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်မူ ခရိုင်မရှိဘဲ မြို့နယ်များဖြင့်တိုက်ရိုက်ဖွဲ့စည်းထားသည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၇၆(က) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအဖြစ် တူညီသောအဆင့်အတန်းရှိကြသည်။ လက်ရှိအချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု ရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသများ

[ပြင်ဆင်ရန်]
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသများ
မြန်မာအမည် အင်္ဂလိပ်အမည်မြို့တော်နေရာဒေသ မြို့နယ်များ အမျိုးအစား
စစ်ကိုင်းတိုင်းဒေသကြီး တွင်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Naga Self-Administered Zone လဟယ်မြို့ မြောက်ပိုင်း လေရှီးမြို့နယ်၊
လဟယ်မြို့နယ်၊

နန်းယွန်းမြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ရှမ်းပြည်နယ် တွင်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Danu Self-Administered Zone ပင်းတယမြို့ အရှေ့ပိုင်း ရွာငံမြို့နယ်၊
ပင်းတယမြို့နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Pa-O Self-Administered Zone ဟိုပုံးမြို့ အရှေ့ပိုင်း ဟိုပုန်းမြို့နယ်၊

ဆီဆိုင်မြို့နယ်၊

ပင်လောင်းမြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Pa Laung Self-Administered Zone နမ့်ဆန်မြို့ အရှေ့ပိုင်း နမ့်ဆန်မြို့နယ်၊
မန်တုံမြို့နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Kokang Self-Administered Zone လောက်ကိုင်မြို့ အရှေ့ပိုင်း ကုန်းကြမ်းမြို့နယ်၊
လောက်ကိုင်မြို့နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း Wa Self-Administered Division ဟိုပန်မြို့ အရှေ့ပိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ်၊
မိုင်းမောမြို့နယ်၊
ပန်ဝိုင်မြို့နယ်၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
မက်မန်းခရိုင် နားဖန်းမြို့နယ်၊
မက်မန်းမြို့နယ်၊
ပန်ဆန်း(ပန်းခမ်း)မြို့နယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့

[ပြင်ဆင်ရန်]

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးအဖွဲ့ ဖြစ်သည်။ ဦးစီးအဖွဲ့ကို တာဝန်ခံကာ ဒေသအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းထားရှိသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ ဦးစီးအဖွဲ့ရုံး

အခြားကြည့်ရန်

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) 5 June 2022 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . ပုဒ်မ ၁၀၊ ၁၁၊ ၁၂၊ ၁၅၊ ၁၇၊ ၁၈၊ ၄၀၊ ၄၆၊ ၁၆၁၊ ၁၉၃၊ ၁၉၈၊ ၁၉၉၊ ၂၂၆၊ ၂၇၆၊ ၃၁၄၊ ၃၂၂၊ ၄၁၀၊ ၄၁၁၊ ၄၁၂၊ ၄၂၇
  2. ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၁၇/၂၀၁၀)[လင့်ခ်သေ] "(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဆိုသည်။"
  3. မောင်စာဂ (၂၉ ဇန်နဝါရီ ၂၀၂၁)။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ ဦးစီးအဖွဲ့များ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုဆိုသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများဖြစ်သည့်အားလျော်စွာ အဆင့်အတန်းအားဖြင့် တူညီကြသည်။”