ချောက်မြို့
ချောက်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 20°53′N 94°49′E / 20.883°N 94.817°E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | ချောက် |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၅၃)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၄၉)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | ချောက်မြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ချောက်မြို့သည် မကွေးတိုင်းဒေသကြီးတွင် ပါဝင်၍ ချောက်ခရိုင် နှင့် ချောက်မြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ရေနံချောင်းမြို့နှင့် မြစ်လမ်းအတိုင်း (၄၂) မိုင်ဝေး၍ ကုန်းလမ်းမှ (၅၁)မိုင်ဝေးသည်။ မြစ်၏ မျက်နှာချင်းဆိုင် အနောက်ဘက်ကမ်းတွင် ဆိပ်ဖြူမြို့ရှိသည်။ တောင်ဘက် ၅ မိုင်ကွာတွင် စလေမြို့ရှိ၍ မြောက်ဘက် (၂၁) မိုင်ခန့်အကွာတွင် စေတီပုထိုးများ ပေါများသော ပုဂံမြို့ဟောင်း တည်ပြီး အနောက်တောင်ဘက်မိုင်၃၀ခန်အကွာတွင်ဆင်ဖြူကျွန်းမြို့ရှိသည်။ အရှေ့မြောက်ဘက်တွင် ကျောက်ပန်းတောင်းမြို့ရှိသည်။ ရေနံထွက်ရာ မြို့ဖြစ်၍ လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် လည်းကောင်း၊ မြန်မာနိင်ငံအလယ်ပိုင်းတွင် စည်ကားသောမြို့တစ်မြို့အဖြစ် တည်ရှိနေပေသည်။
သမိုင်း
[ပြင်ဆင်ရန်]ချောက်မြို့နေရာတွင် ရှေးယခင်က ချောက်ကြီး မြောင်းကြီးများနှင့် ချုံနွယ်ပိတ်ပေါင်းများ ပြည့်နှက်ပိတ်ဖုံးလျက် ရှိသည်။ ထိုစဉ်က ချောက်မြို့၏မြောက်ဘက် ၅ မိုင်ခန့် အကွာတွင်ရှိသော စဉ့်ကူမြို့ကိုသာ လူသိများခဲ့လေသည်။ ခရစ် ၁၈၉၇ ခုနှစ်ခန့်က စဉ့်ကူနယ်မြေ တဝိုက်တွင် ရေနံတူးဖော်ရရှိနိုင်ကြောင်းနှင့် ဘူမိဗေဒပညာရှင် တစ်ဦးဖြစ်သူ မစ္စတာဂျီ၊ အီ၊ ဂရိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့ရာတွင် ၁၉ဝ၂ ခုနှစ်သို့ရောက်သောအခါမှ ရေနံကို စတင်တူးဖော် လုပ်ကိုင်နိုင်သည်။ ချောက်မြို့ နေရာ၌လည်း ရေနံတွေ့ရှိလာသည်။ ပထမ၌ ထိုဒေသတွင် ရေနံမြေ လုပ်သားများ စတင်နေထိုင်ခဲ့သည်။ ထို့နောက်မှ တဖြည်းဖြည်း ဖွံ့ဖြိုးစည်ကားလာခဲ့ရာ ယခုအခါ ချောက်မြို့ဟုထင်ရှားနေလေပြီ။ ချောက်ကြီး လျှိုကြီးများ ရှိသည်ကို အစွဲပြု၍ ချောက်မြို့ဟု ခေါ်ကြောင်းနှင့် ပြောစမှတ်ပြုကြသည်။ ချောက်မြို့၏ စည်ပင်သာယာရေးကို ဆောင်ရွက်ရန် ချောက်မြို့ကော်မတီအဖွဲ့ကို ၁၉၃၇ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မြူနီစီပယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မြို့ပိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ နောင်တွင် မကွေးခရိုင်ချောက်မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်ခဲ့ပြီး ၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ခေျာက်ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်လာသည်။
မြန်မာ့သမိုင်းတွင် ထင်ရှားသော ၁၃၀ဝပြည့် အရေးတော်ပုံ ရေနံမြေသပိတ် စတင်ခဲ့သော မြို့ဖြစ်ပြီး အလုပ်သမားခေါင်းဆောင် သခင်ဘိုးလှကြီးမှာ ထင်ရှားသည်။ သခင်ဘိုးလှကြီးအပြင် အခြားော သခင်နှင့် သခင်မ များစွာလည်း ရှိခဲ့ကြသည်။
မြို့တည်နေပုံ
[ပြင်ဆင်ရန်]ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းနဖူးတွင် တည်ထားော ချောက်မြို့အကျယ်အဝန်းမှာ တောင်နှင့်မြောက် အလျား ၃၁/၂ မိုင်ခန့်ရှိ၍ အရှေ့အနောက် ၂ မိုင်ခန့် ရှိသည်။
မြို့၏မြောက်ဘက်များတွင် ရေနံတွင်းများ၊ အလုပ်သမား ရပ်ကွက်များ၊ ရေနံထုတ်စက်ချက်ရုံအလုပ်ရုံနှင့် ဝင်းကြီးများ ရှိသည်။
မြို့၏တောင်ဘက်အစွန်နားတွင် သာမန်အရပ်သားများ နေထိုင်ရာရပ်ကွက် တည်ရှိပြန်သည်။
တောင်ဘက် အစွန်ဆုံးတွင် အနောက်ဘက်ဧရာဝတီမြစ်ကမ်း ပျဉ်းမကုန်းအရပ်၌ စစ်တပ်၊ ဂေါက်ကွင်း နှင့် အရှေ့ဘက်၌ သခင်ဘိုးလှကြီး စက်မှုလက်မှုသိပ္ပံတို့ ရှိကြသည်။
"လူဦးရေ"
[ပြင်ဆင်ရန်]၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၄၃၄၄ ယောက်ခန့် ရှိသည်။ မြို့နေလူများစုမှာ ရေနံလုပ်ငန်းပေါ်တွင် အမှီပြု၍နေထိုင်ကြသဖြင့် ချောက်မြို့မှာ အလုပ်သမားမြို့တစ်မြို့ ဖြစ်ပေသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ် ၁၅ ရပ်ကွက်တွင် လူဦးရေ ၄၅၀၇၆ ယောက် ရှိသည်။[၁]
စီးပွားရေး
[ပြင်ဆင်ရန်]ချောက်မြို့၏ အဓိကစီးပွားရေးမှာ ရေနံဖြစ်သည်။
အခြားစီးပွားရေးများမှာ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ တနိုင်တပိုင် ကုန်ထုတ်လုပ်ငန်းများဖြစ်သည်။
ချောက်ရေနံမြေ
[ပြင်ဆင်ရန်](၁၉၄၂) ခုနှစ်က ချောက်မြို့တွင် ခေတ်မီစံနစ်ဖြင့် တူးဖော်သော ရေနံတွင်းပေါင်း ၈၄၆ တွင်းမျှ ရှိရာ တနေ့လျှင် ပျမ်းမျှခြင်း ရေနံဂါလံပေါင်း ၄၁၀၀၀ ကျော်မျှ ထွက်၏။ ရေနံရိုင်းများကို ပို့ဆောင်ရန်အတွက် ချောက်မြို့မှ ရေနံချောင်းမြို့ကို ဖြတ်၍ ရန်ကုန်မြို့တဘက်ကမ်းရှိ သံလျင်မြို့ထိ ပိုက်လိုင်းသွယ်တန်းထားသည်။ ဒုတိယကမ္ဘာစစ်အတွင်း ထိုပိုက်လိုင်းကို ဗြိတိသျှ၏ မြေလှန်စံနစ်အရ ဖျက်ဆီးပစ်ခဲ့ကြသည်။ ထိုပိုက်လိုင်းသည် ၂၇၅ မိုင် ရှည်လျား၏။ ပိုက်၏အချင်းမှာ ၁ဝ လက်မ ဖြစ် သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသည့်အခါမှစ၍ ယနေ့တိုင် ထိုပိုက်လိုင်းကို ပြန်၍ အသုံးမချရသေးချေ။ ချောက်မြို့တွင် ခေတ်မီစံနစ်ဖြင့် တူးဖော်ထားသော ရေနံတွင်းအများကို ရန်သူများ ဝင်ရောက်သိမ်းပိုက်သောအခါ မသုံးနိုင်အောင် ဖျက်ဆီးပစ်လိုက်လေသည်။
ချောက်မြို့၌ ရေနံချက်ရုံတစ်ခု ဆောက်လုပ်ခဲ့ရာ ၁၉၅၃ ခုနှစ်ဦးတွင် ပြီးစီးခဲ့သည်။ ထို့ကြောင့် ယခုအခါ ရေနံဓာတ်ဆီနှင့် ရေနံထွက်ပစ္စည်းများကို ချက်လုပ်လျက်ရှိသည်။
စိုက်ပျိုးေး
[ပြင်ဆင်ရန်]ချောက်မြို့အနီးအပါး တောလက်ကျေးရွာများတွင် ယာနှင့်ကိုင်းများကို လုပ်ကိုင်ကြသည်။
မြေပဲ၊ နှမ်း အမြောက်အမြား စိုက်ပျိုး၍ ပဲဆီ၊ နှမ်းဆီများမှာ ချောက်မြို့၏ထွက်ကုန်များဖြစ်သည်။
ချောက်မြို့နယ်ရွာများမှာ ဇီး၊ မန်ကျည်း၊ ထန်းလျက် အဓိက ထုတ်လုပ်ရာနယ်မြေများဖြစ်သော်လည်း ေ ေဇီး မန်ကျည်း ထန်းလျက် ပွဲရုံအများစုမှာ ချောက်မြို့အနီး ကျောက်ပန်းတောင်းမြို့တွင်တည်ရှိကြသည်။
ခရီးသွားလုပ်ငန်း
[ပြင်ဆင်ရန်]ခရီးသည်တင် ယာဉ်လိုင်းများ၊ ကုန်စည်ပို့ဆောင်ေးလုပ်ငန်း အများစုတည်ရှိသည်။
တည်းခိုခန်း ဟော်တယ်များလည်းရှိသည်။
စားသောက်ဆိုင်များလည်း ရှိသည်။
သယ်ယူပို့ဆောင်ရေး
[ပြင်ဆင်ရန်]ကားလမ်း
[ပြင်ဆင်ရန်]မော်တော်ကားလမ်းဖြင့် ချောက်မြို့မှ တောင်ဘက် စလေ၊ ရေနံ ချောင်း၊ မကွေးမြို့များသို့လည်းကောင်း၊ မြောက်ဘက် ပုဂံညောင်ဦး၊ ပခုက္ကူ မြင်းခြံမြို့များသို့လည်းကောင်း၊ ဧရာဝတီမြစ်ကူးတံတားကိုဖြတ်သန်း၍ အနောက်ဘက် ဆိပ်ဖြူမြို့၊ ဆောမြို့၊ အနောက်တောင်ဘက် တညောင်မြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့၊ ပွင့်ဖြူမြို့၊ စကုမြို့၊ မင်းဘူမြို့များသို့လည်းကောင်း ကားလမ်းဖြင့်ရောက်နိုင်သည်။ အရှေ့ဘက် ၂၅ မိုင် ကွာဝေးသော ကျောက်ပန်းတောင်း မြို့မှတစ်ဆင့် မိတ္ထီလာနှင့် တောင်ကြီးမြို့များသို့လည်း ပေါက်ရောက်နိုင်သည်။
မီးရထားလမ်း
[ပြင်ဆင်ရန်]ချောက်မြို့နယ် ကြီးနီ ဘူတာရုံအထိ မီးရထားမြင့် သွားလာနိုင်သည်။
ရေကြောင်းပို့ဆောင်ရေး
[ပြင်ဆင်ရန်]ချောက်ဆိပ်ကမ်းမှတဆင့် ဧရာဝတီ ဆိပ်ကမ်းမြို့များသို့ သွားလာနိုင်သည်။
ခရီးသည် ပို့ဆောင်ရေးအပြင် ဧရာဝတီမြစ် ကြောင်းခရီးမှတဆင့် ရေနံတင် ဆိပ်ခံတွဲများ၊ အခြား ကုန်တင် မော်တော်များလည်း သွားလာနိုင်ကြသည်။
လေကြောင်းပို့ဆောင်ရေး
[ပြင်ဆင်ရန်]ချောက်မြို့၏ မြောက်ဘက် ညောင်ဦးလေယာဉ်ကွင်း နှင့် အနောက် မြောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်း လမ်းရွာ လေယာဉ် ပျံကွင်းများ ရှိသည်။ ချောက်မြို့နှင့် ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ဆက်သွယ်လျက် ရှိသည်။
ဝန်ဆောင်မှုလုပ်ငန်းများ
[ပြင်ဆင်ရန်]ချောက်မြို့မဈေးကြီးမှာ ခေျာက်မြို့ အပြင် အနီးအပါးမြို့များဖြစ်သည့် စလေ၊ စဉ့်ကူး၊ ဆိပ်ဖြူ၊ တညောင်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ကဇွန်းမ၊ ဆော၊ လောင်းရှည်၊ ကန်ပက်လက်၊ ဝါဇီ မြို့များမှလည်း လာရောက် ရောင်းဝယ်ဖောက်ကားကြသဖြင့် လွန်စွာ စည်ကား။ အဆိုပါမြို့များနှင့် ရန်ကုန်မြို့ အကြား ကုန်စည်ဖလှယ်ရာ ကြားခံမြို့တမြို့ဖြစ်သည်။
တနိုင်တပိုင် စားောက်ကုန်လုပ်ငန်း၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားသည်။
အငြိမ့်အဖွဲ့ ဆိုင်းအဖွဲ့များ အခြေစိုက်ရာမြို့လည်းဖြစ်၍ အနုပညာသည်အများအပြားပေါ်ထွန်းလေ့ရှိသည်။
အစိုးရရုံးဌာနများ
[ပြင်ဆင်ရန်]ချောက်မြို့ပေါ်တွင် ကြေးနန်းရုံး၊ စာတိုက်၊
ကျန်းမာရေး
[ပြင်ဆင်ရန်]အစိုးရ ခုတင်ငါးဆယ်ဆံ့ဆေးရုံ နှင့် ရေနံဆေးရုံ ဟူ၍ ဆေးရုံနှစ်ရုံရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]မူကြို၊ မူလတန်း၊ အလယ်တန်း နှင့် အစိုးရအထက်တန်းကျောင်းများ ရှိသည်။ ရွှေသူဌေးကုန်းအရပ်၌ ရှိသော အလယ်တန်းကျောင်းတကျောင်းမှာ ဘီအိုစီကုမ္ပဏီက တည်ထောင်ပေးသောကျောင်း ဖြစ်သဖြင့် ဘီအိုစီကျောင်းဟု ထင်ရှားသည်။ ယခုအခါ အစိုးရ အထက်တန်း ကျောင်း အဖြစ်သို့ ရောက်ရှိပြီးဖြစ်သည်။ မြို့တည်စက သာသနာပြုကျောင်းများလည်း ရှိခဲ့သေးသည်။ ယခုအခါ ပုဂ္ဂလိက စာသင်ကျောင်းများလည်း ရှိကြသည်။
သခင်ဖိုးလှကြီး စက်မှုလက်မှုသိပ္ပံ
[ပြင်ဆင်ရန်]၁၃၀ဝပြည့် အရေးတော်ပုံ ရေနံမြေသပိတ် အလုပ်သမားခေါင်းဆောင် သခင်ဘိုးလှကြီးအမည်ဖြင့် မြို့၏တောင်ဘက်စွန်းတွင် အစိုးရ စက်မှုလက်မှုသိပ္ပံ ဖွင့်လှစ်ထားသည်။
ဘာသာရေး
[ပြင်ဆင်ရန်]မြို့၏မြောက်ဘက်အစွန်တွင် ရွှေဘုံတောင်စေတီ နှင့် ရွှေဘုံတောင် တောရကျောင်း ရှိလေသည်။
မြို့တောင်ဘက် ၂ မိုင်ခန့်တွင် ခြင်တောင်မစေတီ ရှိခဲ့ရာ ဒုတိယကမ္ဘာစစ် အတွင်းက ဗုံးထိမှန်၍ ပျက်စီးသွားခဲ့သည်။
မြို့ထိပ်အရှေ့ဘက် တွင် ဧစေတီဘုရား တည်ရှိသည်။ ဧစေတီ ဘုရားပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပလေ့ရှိရာ အထူးစည်ကား လှသည်။ [၂][၁]
စာသင်တိုက်နှင့် ဘုန်းကြီးကျောင်း များစွာရှိသည်။
ထေရဝါဒဗုဒ္ဓဘာသာအပြင် မဟာယန တရုတ်ဘုံကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းဂိုဏ်းကွဲမျိုးစုံ၊ ဟိန္ဒူဘုရားကျောင်း၊ အစ္စလမ်ဗလီ၊ ဆစ်ခ်ဘုရားကျောင်း များလည်း ရှိကြသည်။
ထင်ရှားသော အစားအသောက်
[ပြင်ဆင်ရန်]မုန့်ဩဇာသည် ချောက်မြို့ အလည်လာသူများ ချောက်ပြန် အမှတ်တရအဖြစ် ဝယ်ယူကြသော စားစရာဖြစ်သည်။
ပုန်းရည်ကြီး ချက်လုပ်သည့် လုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။
ထင်ရှားသော လူပုဂ္ဂိုလ်
[ပြင်ဆင်ရန်]သခင်ဘိုးလှကြီး
စိုးနိုင် (မြန်မာ့လက်ရွေးစင်ဘောလုံးသမား)
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)