မာတိကာသို့ ခုန်သွားရန်

အင်းစိန်ခရိုင်

ဝီကီပီးဒီးယား မှ
အင်းစိန်ခရိုင်
ခရိုင်
ရန်ကုန်တိုင်းအတွင်းတည်နေရာ
ရန်ကုန်တိုင်းအတွင်းတည်နေရာ
အင်းစိန်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အင်းစိန်ခရိုင်
အင်းစိန်ခရိုင်
ရန်ကုန်တိုင်းအတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°53′N 96°6′E / 16.883°N 96.100°E / 16.883; 96.100ကိုဩဒိနိတ်: 16°53′N 96°6′E / 16.883°N 96.100°E / 16.883; 96.100
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
မြို့နယ်ပေါင်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

အင်းစိန်ခရိုင် (အင်္ဂလိပ်: Insein District)သည် ရန်ကုန်တိုင်းဒေသကြီး တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လက်အောက်တွင် ပါဝင်သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင်မှ အသစ်ထပ်မံဖွဲ့စည်းခဲ့သော ခရိုင်တစ်ခုဖြစ်သည်။

ပါဝင်သောမြို့နယ်များ

[ပြင်ဆင်ရန်]

အင်းစိန်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[]

အင်းစိန်ခရိုင်မြို့နယ်များ
  အင်းစိန်မြို့နယ်
  လှိုင်သာယာအ​​ရှေ့ပိုင်းမြို့နယ်
  လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အင်းစိန်အရပ်သည် ရွာကြီးတစ်ရွာအဖြစ် တည်ရှိခဲ့ရာမှ ၁၉၀၃ခုနှစ်တွင် မြို့နယ်အဆင့် ဖြစ်လာခဲ့သည်။ ၁၉၁၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အင်းစိန်စီရင်စုအဖြစ် ခရိုင်(ဒိစတြိတ်)ဖြစ်လာခဲ့သည်။ ၁၉၂၁ - ၁၉၂၂ခုနှစ်များတွင် အင်းစိန်ခရိုင်ဟု အမည်ပြောင်းခဲ့ကာ အင်းစိန်မြို့နယ်၊ လှည်းကူး၊ ထန်းတပင်၊ တိုက်ကြီးမြို့နယ်များ ပါဝင်သည်။ ၂၉.၉.၁၉၆၅ခုနှစ်တွင် မှော်ဘီခရိုင်ဟု အမည်ပြောင်းခဲ့သည်။ နောက်ပိုင်းတွင် ထိုဒေသများသည် ရန်ကုန်တိုင်းအတွင်း ပါဝင်ဖွဲ့စည်းလာခဲ့သည်။

၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် မူလခရိုင် (၇၅)ခရိုင်အပြင် ခရိုင်အသစ် (၄၆)ခရိုင်ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။[] ယခင်က ရန်ကုန်မြောက်ပိုင်းခရိုင် ရှိ မြို့နယ်များဖြစ်သော အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များကို ခွဲထုတ်ကာ အင်းစိန်ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]