ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ဝီကီပီးဒီးယား မှ
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
ရှမ်းပြည်နယ်အတွင်းတည်​နေရာ
ရှမ်းပြည်နယ်အတွင်းတည်​နေရာ
ကိုဩဒိနိတ်: 22°10′00″N 99°10′00″E / 22.16667°N 99.16667°E / 22.16667; 99.16667ကိုဩဒိနိတ်: 22°10′00″N 99°10′00″E / 22.16667°N 99.16667°E / 22.16667; 99.16667
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၂၄ မီတာ (၁၇၁၉ ပေ)
လူဦးရေ
 • စုစုပေါင်း၅၅၈,၀၀၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ( ရှမ်း: တိူင်း ဝႃႉ ၽွင်းငမ်းႁင်းၶေႃအင်္ဂလိပ်: Wa Self-Administered Division ) သည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ တည်ရှိသည်။ ဝ လူမျိုးများ အများစု နေထိုင်ပြီး ဒေသတွင်း နေထိုင်သော အခြားလူမျိုးစုများမှာ လားဟူအာခါတိုင်းလွယ် စသည်တို့ ဖြစ်သည်။ မြို့နယ်ပေါင်း (၆)မြို့နယ် ပါဝင်ပြီး ၎င်းတို့ကို ခရိုင် (၂)ခု အဖြစ်ဖွဲ့စည်းမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့တွင် ကြေညာခဲ့သည်။[၁]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပုဒ်မ ၅၆။ (ဂ) တွင် ရှမ်းပြည်နယ်ရှိ

တို့ကို စုစည်းပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဝ ဒေသသည်ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ ရှိပြီး တောင်တန်းထူထပ်သည့်အပြင် အင်္ဂလိပ်ကိုလိုနီခေတ်ကာလကပင် အုပ်ချုပ်ရေးအာဏာ မသက်ရောက်ခဲ့သည့် ဒေသဖြစ်သည်။ လွတ်လပ်ရေးရပြီး ကာလမှာလည်း ဝ ဒေသ သို့ ပြည်မအစိုးရ ဩဇာအာဏာသက်ရောက်မှု မရှိခဲ့ပေ။ ၁၉၅၀-နောက်ပိုင်း တရုတ်ပြည်မှ စစ်ရှုံးပြီး ဝင်ရောက်လာသည့် ကူမင်တန်တပ်များနှင့် နယ်ခံကာကွယ်ရေးတပ်များ၏ ဗိုလ်ကျမှုကို ခုခံတိုက်ခိုက်သည့် ဝ လယ်သမားသူပုန်အဖွဲ့များသည် ၁၉၆၆ ဝန်းကျင်မှစ၍ ဝဒေသတွင် ပေါ်ပေါက်ခဲ့သည်။ ထိုလယ်သမား ပြောက်ကျားတပ်ဖွဲ့များတွင် ခွင်းမားဒေသမှ ပေါက်ယိုချမ်း၊ ပေါက်စမ်ပန်းတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ အိုက်ချိန်ဒေသမှ အိုက်ခိန်း၊ အိုက်ခလုံးတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ ပန်ဝိုင်ဒေသမှ ကျောက်ညီလိုင် ဦးစီးသည့် ပြောက်ကျားတပ်၊ ဟူစွမ်ဒေသမှ လူရှင်းကော့ ဦးစီးသည့် ပြောက်ကျားတပ်တို့မှာ ထင်ရှားသည်။

၁၉၆၈-ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲများ အရှေ့မြောက် နယ်စပ်သို့ ဝင်ရောက်လာသည့် နောက်တွင် ဝ လယ်သမား ပြောက်ကျားတပ်ဖွဲ့များအား စည်းရုံးသိမ်းသွင်းခဲ့သည်။ အဆိုပါ ဝ လယ်သမား ပြောက်ကျားခေါင်းဆောင်များမှ တဆင့် ဝလူထုအား စည်းရုံးသိမ်းသွင်း နိုင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီထဲတွင် အင်အားကောင်းသော တိုက်ရည်ခိုက်ရည်ရှိသော ဝတပ်ဖွဲ့ ပေါ်ထွက်လာခဲ့ပြီး ဝဒေသအများစုကို လွတ်မြောက်စေနိုင်ခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ဝခေါင်းဆောင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချမ်းတို့ ဦးစီးသည့် ဝတပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ပြီး UWSP/UWSA ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ/ ဝ ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော် အဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး နဝတက ရှမ်းအထူးဒေသ ၂ အဖြစ်သတ်မှတ် ပေးခဲ့သည်။ လက်ရှိ UWSP/UWSA တပ်ဖွဲ့ အနေနှင့် ရပ်တည်ခဲ့သည်မှာ ၃၂-နှစ် ရှိခဲ့ပြီး၊ လယ်သမား ပြောက်ကျား သူပုန်၊ ဗမာပြည်ကွန်မြူနစ်ပါတီကာလများကတည်းက တွက်လျင် ၅၅-နှစ်ခန့် လက်နက်ကိုင်သက်တမ်းရှိပြီဖြစ်သည်။ [၃]

မြို့တော်[ပြင်ဆင်ရန်]

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဝင်ဆိုင်းဘုတ်

မြို့တော်မှာ တရုတ် - မြန်မာ နယ်စပ်ရှိ ပန်ဆန်းမြို့ ဖြစ်သည်။

အခြားမြို့များ[ပြင်ဆင်ရန်]

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အတွင်း အခြားအရေးပါသော မြို့များမှာ မိုင်းမောမြို့ပန်ဝိုင်မြို့နားဖန်းမြို့ဟိုပန်မြို့မက်မန်းမြို့ပန်လုံမြို့ပန်ယန်းမြို့ဝိန်းကောင်မြို့ တို့ ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]