ပြည်ထောင်စုအစိုးရအဖွဲ့

ဝီကီပီးဒီးယား မှ
၂၃:၂၀၊ ၇ ဖေဖော်ဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

ပြည်ထောင်စုအစိုးရအဖွဲ့ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးဆောင်သော အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည်။

အစိုးရအဖွဲ့ အမှတ်တံဆိပ်

ဖွဲ့စည်းပုံ

ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ဝ တွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၊ ၃၈ တို့တွင် ပြဋ္ဌာန်းထားသည်မှာ လွှတ်တော်သည် ပုဒ်မ ၃၀ အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသော ပုဂ္ဂိုလ်များအား လွှတ်တော်အစည်းအဝေးတွင် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုစေရမည် ဖြစ်ကြောင်း၊ လွှတ်တော်သည် ပုဒ်မ ၃၄ အရ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား လွှတ်တော် အစည်းအဝေးတွင် နာယက၏ရှေ့မှောက်၌ ကတိသစ္စာ ပြုစေရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအား လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်အား ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအား ဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရဟု ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတွင် ဖော်ပြထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်လလျှင် အနည်းဆုံး နှစ်ကြိမ် ကျင်းပရမည် ဖြစ်ပြီး လိုအပ်ပါက အထူး အစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်သည်။

ဦးဝင်းမြင့်၏ ပြည်ထောင်စုအစိုးရအဖွဲ့ (မတ် ၂၀၁၈)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဦးဝင်းမြင့်အစိုးရ

ဦးဝင်းမြင့်အစိုးရ သည် ၂၀၁၈ခုနှစ် မတ်လ၃၀ရက်​နေ့မှစ၍ဖွဲ့စည်း​သော မြန်မာနိုင်ငံ၏လက်ရှိပြည်​ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။၂၀၁၈ခုနှစ် မတ်လ၂၁ရက်​နေ့တွင် ယခင်သမ္မတဦးထင်​ကျော်နုတ်ထွက်အပြီး မတ်လ ၃၀ရက်​နေ့တွင်သမ္မတအသစ်အဖြစ်​ရွေးချယ်ခံရ​သော ဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုအပြီး ယခင် ဦးထင်​ကျော်အစိုးရကိုပြင်ဆင်ဖွဲ့စည်းထား​သောအစိုးရဖြစ်သည်။

ဦးထင်ကျော်၏ ပြည်ထောင်စုအစိုးရအဖွဲ့ (ဧပြီ ၂၀၁၆)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဦးထင်ကျော်အစိုးရ

၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့မှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

ရုံး အမည် နိုင်ငံရေးပါတီ သက်တမ်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဦးအောင်သူ NLD ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
နယ်စပ်ရေးရာ ဝန်ကြီးဌာန ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး) တပ်မတော် ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးသန်းမြင့် NLD ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဦးဝင်းခိုင် Ind ၃၀ မတ် ၂၀၁၆ – ၁၅ ဇန်နဝါရီ ၂၀၁၈
ဦးဟန်ဇော် Ind ၁၉ ဇန်နဝါရီ ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
ကာကွယ်ရေး ဝန်ကြီးဌာန စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး Mil ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
ပညာရေး ဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည် NLD ၃၀ မတ် ၂၀၁၆ – ၅ ဧပြီ ၂၀၁၆
ဒေါက်တာမျိုးသိမ်းကြီး ၅ ဧပြီ ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည် NLD ၃၀ မတ် ၂၀၁၆ – ၅ ဧပြီ ၂၀၁၆
ဦးဖေဇင်ထွန်း ၅ ဧပြီ ၂၀၁၆ – ၂ ဩဂုတ် ၂၀၁၇
ဦးဝင်းခိုင် ၂ ဩဂုတ် ၂၀၁၇ – တာဝန်ထမ်းဆောင်ဆဲ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန နိုင်သက်လွင် MNP ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည် NLD ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဦးမြင့်ထွေး Ind ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
ပြည်ထဲရေး ဝန်ကြီးဌာန ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး) Mil ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အုန်းမောင် Ind ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
စက်မှု ဝန်ကြီးဌာန ဦးခင်မောင်ချို Ind ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
ပြန်ကြားရေး ဝန်ကြီးဌာန ဦးဖေမြင့် Ind ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးသိန်းဆွေ USDP ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဦးအုန်းဝင်း Ind ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဦးကျော်ဝင်း NLD ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သူရဦးအောင်ကို USDP ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဦးဝင်းမြတ်အေး NLD ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဦးသန့်စင်မောင် NLD ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
သမ္မတရုံး ဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည် NLD ၃၀ မတ် ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဦးကျော်တင် ၂၄ နိုဝင်ဘာ ၂၀၁၇– တာဝန်ထမ်းဆောင်ဆဲ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဦးသောင်းထွန်း ၂၄ နိုဝင်ဘာ ၂၀၁၇– တာဝန်ထမ်းဆောင်ဆဲ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ၅ ဧပြီ ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဦးကျော်တင့်ဆွေ NLD ၁၇ မေ ၂၀၁၆ – တာဝန်ထမ်းဆောင်ဆဲ

ဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရအဖွဲ့

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဦးသိန်းစိန် အစိုးရ
ဝန်ကြီးဌာနများ ဝန်ကြီး တာဝန်သက်တမ်း
ကာကွယ်ရေး ဝန်ကြီးဌာန လှမင်း (ဒုတိယဗိုလ်ချုပ်ကြီး) ၃၀ မတ် ၂၀၁၁ – ၇ စက်တင်ဘာ ၂၀၁၂
ဝေလွင် (ဒုတိယဗိုလ်ချုပ်ကြီး) စက်တင်ဘာ ၂၀၁၂ – ၁၃ ဩဂုတ် ၂၀၁၅
စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ၂၄ ဩဂုတ် ၂၀၁၅ – ၃၀ မတ် ၂၀၁၆[၂]
ကျန်းမာရေး ဝန်ကြီးဌာန ဒေါက်တာကျော်မြင့် ၁ ဖေဖော်ဝါရီ ၂၀၀၃ – ၃၀ မတ် ၂၀၁၁
ဒေါက်တာဖေသက်ခင် ၃၀ မတ် ၂၀၁၁ – ၂၉ ဇူလိုင် ၂၀၁၄
ဒေါက်တာသန်းအောင် ၁ ဩဂုတ် ၂၀၁၄ – ၃၀ မတ် ၂၀၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးဝင်းမြင့် ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
စွမ်းအင် ဝန်ကြီးဌာန ဦးသန်းဌေး ၃၀ မတ် ၂၀၁၁ – ၂၅ ဇူလိုင် ၂၀၁၃
ဦးဇေယျာအောင် ဇူလိုင် ၂၀၁၃ – ၃၀ မတ် ၂၀၁၆
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ဦးသိန်းထွန်း ၃၀ မတ် ၂၀၁၁ – ၁၆ ဇန်နဝါရီ ၂၀၁၃
ဦးမြတ်ဟိန်း ၁၃ ဖေဖော်ဝါရီ ၂၀၁၃ – ၁၂ ဩဂုတ် ၂၀၁၅
ဦးဇေယျာအောင် ၁၄ ဩဂုတ် ၂၀၁၅ – ၃၀ မတ် ၂၀၁၆
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဦးခင်မောင်မြင့် ၅ ဖေဖော်ဝါရီ ၂၀၀၉ – ၂၈ ဩဂုတ် ၂၀၁၂
ဦးကျော်လွင် စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
နယ်စပ်ရေးရာ ဝန်ကြီးဌာန သိန်းဌေး (ဒုတိယဗိုလ်ချုပ်ကြီး) ၃၀ မတ် ၂၀၁၁ – ၁၃ ဖေဖော်ဝါရီ ၂၀၁၃
သက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး) ဖေဖော်ဝါရီ ၂၀၁၃ – ၁၃ ဩဂုတ် ၂၀၁၅
ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး) ဩဂုတ် ၂၀၁၅ – ၃၀ မတ် ၂၀၁၆
နိုင်ငံခြားရေး ဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင် ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ပညာရေးဝန်ကြီးဌာန ဦးမြအေး မတ် ၂၀၁၁ – ဒီဇင်ဘာ ၂၀၁၃
ဒေါက်တာခင်စန်းရီ ဖေဖော်ဝါရီ ၂၀၁၄ – ၃၀၊ မတ် ၂၀၁၆
ပို့ဆောင်ရေး ဝန်ကြီးဌာန ဦးဉာဏ်ထွန်းအောင် ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ပြည်ထဲရေး ဝန်ကြီးဌာန ကိုကို (ဒုတိယဗိုလ်ချုပ်ကြီး) ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ပြန်ကြားရေး ဝန်ကြီးဌာန ဦးကျော်ဆန်း ၁၃ စက်တင်ဘာ ၂၀၀၂ – ၂၇ ဩဂုတ် ၂၀၁၂
ဦးအောင်ကြည် ၂၇ ဩဂုတ် ၂၀၁၂[၃] – ၂၉ ဇူလိုင် ၂၀၁၄[၄]
ဦးရဲထွဋ် ၁ ဩဂုတ် ၂၀၀၄ – ၃၀ မတ် ၂၀၁၆
ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဦးလှထွန်း ၃၀ မတ် ၂၀၁၁ – ၂၇ ဩဂုတ် ၂၀၁၂
ဦးဝင်းရှိန် ၇ စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဦးအုန်းမြင့် ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယဉ်ကျေးမှု ဝန်ကြီးဌာန ဦးကျော်ဆန်း ၃၀ မတ် ၂၀၁၁ – ၂၇ ဩဂုတ် ၂၀၁၂
ဦးအေးမြင့်ကြူ ၇ စက်တင်ဘာ ၂၀၁၂[၅] – ၃၀ မတ် ၂၀၁၆
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဦးအောင်မင်း ၃၀ မတ် ၂၀၁၁ – ၂၇ ဩဂုတ် ၂၀၁၂
ဦးဇေယျာအောင် စက်တင်ဘာ ၂၀၁၂ – ဇူလိုင် ၂၀၁၃
ဦးသန်းဌေး ၂၅ ဇူလိုင် ၂၀၁၃ – ၁၂ ဩဂုတ် ၂၀၁၅
ဦးဉာဏ်ထွန်းအောင် ၁၄ ဩဂုတ် ၂၀၁၅ – ၃၀ မတ်၂၀၁၆
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဦးမြင့်လှိုင် ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဦးအောင်ကြည် ၃၀ မတ် ၂၀၁၁ – ၂၇ ဩဂုတ် ၂၀၁၂
ဒေါက်တာမြတ်မြတ်အုံးခင် ၇ စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးခင်ရီ ၃၀ မတ် ၂၀၁၁ – ၁၂ ဩဂုတ် ၂၀၁၅[၆]
ကိုကို (ဒုတိယဗိုလ်ချုပ်ကြီး) ၁၄ ဩဂုတ် ၂၀၁၅ – ၃၀ မတ် ၂၀၁၆
သမဝါယမ ဝန်ကြီးဌာန ဦးအုန်းမြင့် မတ် ၂၀၁၁ – စက်တင်ဘာ ၂၀၁၂
ဦးကျော်ဆန်း ၂၇ ဩဂုတ် ၂၀၁၂ – ၃၀ မတ် ၂၀၁၆
သာသနာရေး ဝန်ကြီးဌာန ဦးမြင့်မောင် ၃၀ မတ် ၂၀၁၁ – ၁၆ ဇန်နဝါရီ ၂၀၁၃
ဦးဆန်းဆင့် ၃၁ ဇန်နဝါရီ ၂၀၁၃ – ၁၉ ဇွန် ၂၀၁၄
ဦးစိုးဝင်း ၂၅ ဇွန် ၂၀၁၄ – ၃၀ မတ် ၂၀၁၆
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဦးဝင်းထွန်း မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
သတ္တုတွင်း ဝန်ကြီးဌာန ဦးသိန်းထိုက် ၃၀ မတ် ၂၀၁၁ – ၇ စက်တင်ဘာ ၂၀၁၂
ဦးမြင့်အောင် စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန သူရဦးအေးမြင့် မတ် ၂၀၁၁ – ဩဂုတ် ၂၀၁၂
ဒေါက်တာကိုကိုဦး ၃၀ စက်တင်ဘာ ၂၀၁၂ – ၉ ဒီဇင်ဘာ ၂၀၁၅
ဒေါက်တာခင်စန်းရီ ဒီဇင်ဘာ ၂၀၁၅ – ၃၀ မတ် ၂၀၁၆
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဦးတင့်ဆန်း မတ် ၂၀၁၁ – ဩဂုတ် ၂၀၁၂
ဦးဌေးအောင် စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဦးတင်နိုင်သိန်း ၃၀ မတ် ၂၀၁၁ – ၂၇ ဩဂုတ် ၂၀၁၂
ဒေါက်တာကံဇော် စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
စက်မှု ဝန်ကြီးဌာန ဦးသိန်းဌေး
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး
၃၀ မတ် ၂၀၁၁ – ၅ စက်တင်ဘာ ၂၀၁၂[၇]
ဦးအေးမြင့် ဩဂုတ် ၂၀၁၂ – ဇူလိုင် ၂၀၁၃
ဦးမောင်မြင့် ဇူလိုင် ၂၀၁၃ – ၃၀ မတ် ၂၀၁၆
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဦးဇော်မင်း
အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီး
၃၀ မတ် ၂၀၁၁ – ၂၈ ဩဂုတ် ၂၀၁၂
ဦးခင်မောင်စိုး ဖေဖော်ဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၆
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဦးအောင်ကြည် ၂၄ အောက်တိုဘာ ၂၀၀၇ – ၂၇ ဩဂုတ် ၂၀၁၂
ဦးမောင်မြင့် စက်တင်ဘာ ၂၀၁၂ – ဇူလိုင် ၂၀၁၃
ဦးအေးမြင့် ဇူလိုင် ၂၀၁၃ – ၃၀ မတ် ၂၀၁၆
အားကစား ဝန်ကြီးဌာန ဦးတင့်ဆန်း ၇ စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
သမ္မတရုံး ဝန်ကြီးဌာန ( ၁ ) ဦးသိန်းညွန့် ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
သမ္မတရုံး ဝန်ကြီးဌာန ( ၂ ) ဦးစိုးမောင် ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
သမ္မတရုံး ဝန်ကြီးဌာန ( ၃ ) ဦးစိုးသိန်း ၂၇ ဩဂုတ် ၂၀၁၂[၃] – ၃၀ မတ် ၂၀၁၆
သမ္မတရုံး ဝန်ကြီးဌာန ( ၄ ) ဦးအောင်မင်း ၂၇ ဩဂုတ် ၂၀၁၂[၃] – ၃၀ မတ် ၂၀၁၆
သမ္မတရုံး ဝန်ကြီးဌာန ( ၅ ) ဦးလှထွန်း ၂၇ ဩဂုတ် ၂၀၁၂[၃] – ၃၀ မတ် ၂၀၁၆
သမ္မတရုံး ဝန်ကြီးဌာန ( ၆ ) ဦးတင်နိုင်သိန်း ၂၇ ဩဂုတ် ၂၀၁၂[၃] – ၁၂ ဩဂုတ် ၂၀၁၅[၆]

ဆက်စပ်ကြည့်ရှုရန်

ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်း

ကိုးကား

  1. ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော်သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေး (အမိန့်အမှတ် ၁၃/၂၀၁၅)။ နိုင်ငံတော် သမ္မတရုံး (၂၄ ဩဂုတ် ၂၀၁၅)။ ၂ ဧပြီ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း (in Burmese)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (27 August 2012)။ 23 July 2015 တွင် ပြန်စစ်ပြီး။
  4. Myanmar information and health ministers step down။ The Washington Post။ 2014-07-29 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 10 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 April 2016 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Top ministers resign။ Eleven (13 August 2015)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2015 တွင် ပြန်စစ်ပြီး။
  7. ဝန်ကြီးဌာနဖျက်သိမ်းခြင်း။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (5 September 2012)။ 23 July 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ