ဝင်းမြတ်အေး

ဝီကီပီးဒီးယား မှ
(ဝင်းမြတ်အေး၊ ဦး မှ ပြန်ညွှန်းထားသည်)
ဒေါက်တာ

ဝင်းမြတ်အေး
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး
(အမျိုးသားညီညွတ်ရေးအစိုးရ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဒေါ်မြတ်မြတ်အုန်းခင်
ဆက်ခံသူဒေါက်တာသက်သက်ခိုင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆ – ၃၀ မတ် ၂၀၁၆
မဲဆန္ဒနယ်ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် ၄
ဆေးတက္ကသိုလ် (မကွေး) ပါမောက္ခချုပ်
တာဝန်သက်တမ်း
၁၃ ဇန်နဝါရီ ၂၀၁၁ – ၃၀ မေ ၂၀၁၄
ဆက်ခံသူဒေါက်တာအေးထွန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-06-01) ဇွန် ၁၊ ၁၉၅၄ (အသက် ၆၉)
ပြွန်တန်ဆာမြို့ပဲခူးတိုင်းမြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါက်တာမြသီတာ
သားသမီး
နေထိုင်ရာတောင်ဥက္ကလာပမြို့နယ်ရန်ကုန်မြို့
မိခင်ကျောင်းဆေးတက္ကသိုလ်(၁) ရန်ကုန်
အလုပ်အကိုင်နိုင်ငံရေးသမား၊ ကလေးအထူးကုဆရာဝန်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဒေါက်တာ ဦးဝင်းမြတ်အေး (၁ ဇွန် ၁၉၅၄ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် ၄ ကိုယ်စားပြု အမျိုးသားလွှတ်တော် အမတ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် ကလေးအထူးကုဆရာဝန်တစ်ဦး ဖြစ်ပြီး ဆေးတက္ကသိုလ် (မကွေး)ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ မတ်လ ၂၂ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁][၂][၃][၄]

ဒေါက်တာဝင်းမြတ်အေးသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဦးဝင်းမြတ်အေးကို ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပဲခူးတိုင်းပြွန်တန်ဆာမြို့တွင် မွေးဖွားသည်။ ၁၉၈၀ မတ်လတွင် ဆေးပညာဘွဲ့၊ ၁၉၉၄ ဖေဖော်ဝါရီတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးကျန်းမာပညာ) နှင့်[၅] ၂၀၀၆ အောက်တိုဘာလတွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) များကို ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ရရှိခဲ့သည်။[၅]

နိုင်ငံဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

ဦးဝင်းမြတ်အေးသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ လက်ထောက်ဆရာဝန် ရာထူးဖြင့် ရန်ကုန်ကလေးဆေးရုံကြီး တွင် လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဝေဘာဂီဆေးရုံကြီးတွင် အထူးကုဆရာဝန် (ကလေးကျန်းမာ) တာဝန်များကို ထမ်းဆောင်ခဲ့သည်။[၆] ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကထိက၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တွဲဖက်ပါမောက္ခတာဝန်များကို ဆေးတက္ကသိုလ် (မကွေး)တွင် လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တွဲဖက်ပါမောက္ခ၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပါမောက္ခအဖြစ် ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၃ တွင် ဦးဝင်းမြတ်အေးသည် ဆေးတက္ကသိုလ် (မကွေး)၏ ပါမောက္ခချုပ်အဖြစ် ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်နေ့ အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၆]

နိုင်ငံရေးလုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် ၄ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။[၇]

မိသားစု[ပြင်ဆင်ရန်]

သူသည် သားဖွားမီးယပ်ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်မြသီတာနှင့် လက်ထပ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The Myanmar Times။ Daw Aung San Suu Kyi to join government as NLD reveals cabinet
  2. Ei Ei Toe Lwin။ With all eyes on Daw Suu, NLD set to reveal cabinet
  3. ဒေါက်တာဦးဝင်းမြတ်အေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီmVoter2015။ 22 March 2016 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. 42nd MYANMAR HEALTH RESEARCH CONGRESS (PDF)။ Department of Medical Research (Lower Myanmar)။ January 2014။ 14 April 2016 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး22 March 2016 တွင် ပြန်စစ်ပြီး
  5. ၅.၀ ၅.၁ Prof. Dr. Win Myat Aye။ 7 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2016 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ပြည်ထောင်စုဝန်ကြီးသစ်များ၏ ကိုယ်ရေးအကျဉ်းများ၇ ရက် နေ့စဉ်သတင်းစာ (22 March 2016)။ 24 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2016 တွင် ပြန်စစ်ပြီး။
  7. Names of Amyotha Hluttaw representatives announced (in Burmese)။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (11 November 2015)။ 22 March 2016 တွင် ပြန်စစ်ပြီး။