ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် | |
|---|---|
| နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| သမ္မတ | ဦးထင်ကျော် |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ချောက်မြို့၊ မကွေးတိုင်း၊ မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
| ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁]၂၀၂၁ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်ကာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။[၂]၂၀၂၁ခုနှစ် အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် တပ်မတော်မှ ပြင်ဆင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတွင် အဖွဲ့ဝင် တစ်ဦးလည်း ပါဝင်လျှက်ရှိသည်။[၃]
ငယ်ဘဝ နှင့် ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]မကွေးတိုင်းဒေသကြီး ချောက်မြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ်(၂၃) ဗိုလ်သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၌ စစ်ဦးစီးမှူး(ပထမတန်း)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၏ ဒု-ဒကစမှူး၊ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် စစ်ဥပဒေချုပ် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရသစ် ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆို။ ဒီမိုကရက်တစ် မြန်မာ့အသံ (၃၀ မတ် ၂၀၁၆)။ 1 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ရဲအောင်တို့ကို စစ်တပ်က အငြိမ်းစားပေး။ 25 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
- ↑ "ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း"။