ခင်မောင်ချို

ဝီကီပီးဒီးယား မှ
ဦးခင်မောင်ချို
ဦးခင်မောင်ချို (ညာ)
စက်မှု ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၂၆ ဇူလိုင် ၂၀၁၉[၁]
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူဦးမောင်မြင့်
ဆက်ခံသူဦးစိုးဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1950-11-03) ၃ နိုဝင်ဘာ၊ ၁၉၅၀ (အသက် ၇၃)
မိတ္ထီလာမြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နေထိုင်ရာနေပြည်တော်
မိခင်ကျောင်းရန်ကုန်နည်းပညာတက္ကသိုလ်
အလုပ်အကိုင်အင်ဂျင်နီယာ

ဦးခင်မောင်ချို (၃ နိုဝင်ဘာ ၁၉၅၀ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး စက်မှု ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဆိုပြုခဲ့သည်။ မတ်လ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခန့်အပ်ခဲ့ကာ ၂၀၁၉ခုနှစ်တွင် နုတ်ထွက်ခဲ့ရသူဖြစ်သည်။။[၂][၃][၄]

ဝန်ကြီးဘဝ[ပြင်ဆင်ရန်]

ဦးခင်မောင်ချို ဝန်ကြီးအဖြစ် တာဝန်ယူနေစဉ်အတွင်း စက်မှုဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းများသည် အရှုံးပေါ်နေသည်ဟု ဝေဖန်ခံခဲ့ရသည်။[၅]စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် လူနာတင်ယာဉ်များသည်လည်း ပြည်ပမှတင်သွင်းသည့် လူနာတင်ယာဉ်များထက် ပိုမို၍ ဈေးများနေကြောင်း ဝေဖန်ခံခဲ့ရသည်။[၆]စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူနာတင်ယာဉ်များသည် အနည်းဆုံး မြန်မာကျပ်ငွေ သိန်းပေါင်း(၇၈၀)မှ သိန်း(၁၀၀၀)ကျော်အထိ ကုန်ကျသည်။ ထိုကားများအနက်မှ ၅၅စီးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် ထုတ်လုပ်ခဲ့သည်။[၁] ထို့အပြင် ဘီပီအိုင်ဆေးဝါးစက်ရုံအတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရာတွင် ကျပ်သိန်းပေါင်း တစ်သောင်းကျော်အား တင်ဒါခေါ်ယူခဲ့ခြင်းမရှိပေ။[၅]

အနားပေးခံရခြင်း[ပြင်ဆင်ရန်]

သမ္မတ ဦးဝင်းမြင့် တက်လာပြီးနောက်တွင် ၎င်းထံသို့ ဦးခင်မောင်ချိုနှင့် ပက်သက်သော တိုင်ကြားစာများ ရောက်လာခဲ့သည်။ ဘီပီအိုင်ဆေးဝါးစက်ရုံနှင့် လူနာတင်ယာဉ်ထုတ်လုပ်ခြင်း ဆိုင်ရာများအတွက် တိုင်ကြားခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး (၃)ဦးပါသော ခုံအဖွဲ့စစ်ကာ စစ်ဆေးခဲ့သည်။ ထို့နောက် ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လွဲမှားဆောင်ရွက်သည်ဟု စစ်ဆေးချက်ထွက်လာကာ နုတ်ထွက်စာတင်ခဲ့ရသည်။[၅] ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ၎င်းအား နုတ်ထွက်ခွင့် ပြုခဲ့သည်။[၁]ထို့ကြောင့် ဦးခင်မောင်ချိုသည် ဦးဝင်းမြင့် အစိုးရအဖွဲ့အတွင်း နုတ်ထွက်ခဲ့ရသည့် ဒုတိယမြောက်ဝန်ကြီး ဖြစ်လာခဲ့သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]