မာတိကာသို့ ခုန်သွားရန်

သန်းဌေး

ဝီကီပီးဒီးယား မှ

သန်းဌေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၃ ဩဂုတ် ၂၀၁၆ – ၁၂ စက်တင်ဘာ ၂၀၂၂
ဒုတိယ ဥက္ကဋ္ဌဦးမြတ်ဟိန်း (၂၀၁၆ - ၂၀၂၂)
ဦးခင်ရီ (၂၀၁၆ - ၂၀၂၂)
ယခင်လူဦးသိန်းစိန်
ဆက်ခံသူဦးခင်ရီ
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၂၅ ဇူလိုင် ၂၀၁၃ – ၁၂ ဩဂုတ် ၂၀၁၅[၁]
ယခင်လူဇေယျာအောင်
ဆက်ခံသူဉာဏ်ထွန်းအောင်
စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၅ ဇူလိုင် ၂၀၁၃
ယခင်လူလွန်းသီ
ဆက်ခံသူဇေယျာအောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူကျော်မြင့် (NLD)
မဲဆန္ဒနယ်မြန်အောင်မြို့နယ်
အနိုင်ရမဲ အရေအတွက်၈၁,၉၉၆ (၇၆.၉၉%)[၂]
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-11-12) ၁၂ နိုဝင်ဘာ၊ ၁၉၅၄ (အသက် ၇၂)
မြန်အောင်မြို့၊ မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ဒေါ်စိုးဝတ်ရည်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၂၀၁၀
ရာထူး ဗိုလ်မှူးချုပ်

ဦးသန်းဌေး သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ​ဟောင်းတစ်ဦးဖြစ်သည်။ သူသည် ဦးသိန်းစိန်အစိုးရလက်ထက်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနတို့တွင် ပြည်​ထောင်စုဝန်ကြီးတာဝန် ထမ်း​ဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနတွင်လည်း ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အနားယူခဲ့သည်။[၃]

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလတွင် အဓိကအတိုက်အခံပါတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး အငြင်းပွားဖွယ်ကိစ္စများဖြင့် အနိုင်ရခဲ့သည်။[၄]

နိုင်ငံရေး လှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

ဦးသန်းဌေးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မြန်အောင်မြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ဦးသန်းဌေး သည် ၂၀၁၆တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲ၌ နေပြည်တော် ​ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ယင်းရွေးကောက်ပွဲတွင် ဦးသန်းဌေးသည် ဇေယျာသီရိမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရသည်။[၅] ယင်းမဲဆန္ဒနယ်သည် အထွေထွေရွေးကောက်ပွဲ ၂၀၁၀ နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တို့တွင် သူရရွှေမန်း[၆] ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်း [၇]တို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာအနိုင်ရခဲ့သည့် မဲဆန္ဒနယ်တစ်ခုလည်းဖြစ်ခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ မတိုင်ခင်နှင့် ပြီးဆုံးပြီးသည့် အချိန်တွင်ပြုလုပ်သော  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲများသို့  ဦးသန်းဌေးသည်  အခြားသောနိုင်ငံရေးပါတီများနှင့်အတူ တက်ရောက်သည်။[၈] [၉] [၁၀]ယင်းအပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားမျှတမှုမရှိဟု ဝေဖန်သည်။[၁၁] အခြားပါတီများနှင့်အတူ ကန့်ကွက်ကြောင်းစာထုတ်သည်။[၁၂]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နောက်ပိုင်းကာလများတွင် ဦးသန်းဌေးသည်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်း မကျေနပ်မှုများနှင့် ရင်ဆိုင်ရသည်။[၁၃] တစ်ဖက်တွင်လည်း  ခါးနာရောဂါကြောင့်  ခွဲစိတ်ကုသမှုကို ခံယူရ၍ ပါတီဥက္ကဋ္ဌတာဝန်ကို ဦးခင်ရီထံ လွှဲပေးသည်။[၁၄]

၂၀၂၂ အောက်တိုဘာ ၄ရက်တွင် ပြုလုပ်သည့်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ်ညီလာခံတွင် ပါတီ ဥက္ကဋ္ဌတာဝန်မှ တရားဝင် နုတ်ထွက်သွားသည်။[၁၅]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Top ministers resign။ Eleven (13 August 2015)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2015 တွင် ပြန်စစ်ပြီး။
  2. ↑ Irrawaddy Division။ Alternative Asean Network on Burma။ 22 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2012 တွင် ပြန်စစ်ပြီး။
  3. ↑ Kudo, Toshihiro (26 July 2011). "New Government in Myanmar: Profiles of Ministers". Institute of Developing Economies - Japan External Trade Organization.
  4. ↑ [အနိုင်ရ ကြံခိုင်ရေးကိုယ်စားလှယ် ၁၄ ဦးကို NLD ကန့်ကွက်လွှာတင်သွင်း အနိုင်ရ ကြံခိုင်ရေးကိုယ်စားလှယ် ၁၄ ဦးကို NLD ကန့်ကွက်လွှာတင်သွင်း]။
  5. ↑ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ အနိုင်ရ။ Myanmar Now (၉ နိုဝင်ဘာ ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ↑ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ။ Myanmar Now (၇ နိုဝင်ဘာ ၂၀၁၀)။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ↑ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ (၂၀၁၅ အထွေထွေရွေးကောက်ပွဲ)။ UEC Myanmar။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ↑ ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော နိုင်ငံရေးပါတီ ၃၄ ခုနှင့် တပ်ချုပ် တွေ့ဆုံ။ Myanmar Now (၁၄ ဩဂုတ် ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ↑ တပ်ချုပ်နှင့် ၃၄ ပါတီ တွေ့ဆုံမှုအပေါ် သူတို့အမြင်။ Myanmar Now (၁၇ ဩဂုတ် ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ↑ တပ်ချုပ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုအပေါ် အကဲခတ်တွေအမြင်။ VOA (၁၆ ဩဂုတ် ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ↑ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲကို အသိမှတ်မပြုဘူးလို့ပြော။ BBC Burmese (၁၁ နိုဝင်ဘာ ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ↑ ရွေးကောက်ပွဲ ကန့်ကွက်လွှာ၂၀၀ နီးပါး ကြံ့ခိုင်ရေးပါတီက UEC သို့ တင်ထား။ ဧရာဝတီ (၂၈ ဒီဇင်ဘာ ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. ↑ ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဦးခင်ရီဥက္ကဋ္ဌသစ် ဖြစ်လာဖွယ်ရှိ။ Myanmar Now (၂၂ ဩဂုတ် ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. ↑ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ကျန်းမာရေးကြောင့် ပါတီတာဝန်များ ဆောင်ရွက်ရန် ပါတီခေတ္တဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ(၂)ဦးခင်ရီအား လွှဲပြောင်းပေးအပ်။ Eleven (၂၂ စက်တင်ဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. ↑ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြန်အရွေးချယ်မခံဘူးလို့ ပြော။ RFA Burmese (၄ အောက်တိုဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။