မာတိကာသို့ ခုန်သွားရန်

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန
Ministry of Rail Transportation
 မြန်မာအစိုးရအဖွဲ့အစည်း
ရထားပို့ဆောင်ရေးဝန်ကြီးဌာန တံဆိပ်
ဝန်ကြီးဌာန အကျဉ်းချုပ်
ဌာနချုပ်နေပြည်တော်
ဝက်ဘ်ဆိုက်railways.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထားရှိပါသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန နှစ်ဌာနခွဲ၍ ဖွဲ့စည်းခဲ့သည်။ ၁၉၆၁ခုနှစ်တွင် အထက်ပါဝန်ကြီးဌာန နှစ်ဌာနကို ပေါင်းစည်း၍ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဌာနများကိုလည်း တိုးချဲ့၍ အောက်ပါဌာနများဖြင့် ဖွဲ့စည်းခဲ့သည်။ []

၁၉၇၂ ခုနှစ်တွင် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများကို ကော်ပိုရေးရှင်း အမည်များဖြင့် ပြောင်းလဲ၍လည်းကောင်း၊ ဝန်ကြီးဌာနကိုလည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဟူ၍လည်းကောင်း ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း (၁၇)ဌာနဖြင့် ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၉၂ အရ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအား အောက်ပါ ဝန်ကြီးဌာန (၃)ခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

လက်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနလက်အောက်တွင် အောက်ပါဌာန (၅)ဌာန ပါဝင် ဖွဲ့စည်းထားသည်။[]

ရည်မှန်းချက်

[ပြင်ဆင်ရန်]
  • ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နေရာတွင် ဖြစ်ပေါ်လာမည့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များကို အထိရောက်ဆုံးနှင့် စွမ်းဆောင်ရည်ရှိရှိ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ မိမိလက်ဝယ်ရှိ စွမ်းအားစုများကို အထိရောက်ဆုံး သုံးစွဲနိုင်ရေး။
  • ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး။
  • မော်တော်ယာဉ်များဖြင့် စီးပွားရေးအလို့ငှာ ဆောင်ရွက်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျဖြစ်ပေါ်စေရေး။
  • ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အစဉ်အမြဲ တိုးတက်နေစေရန် လေ့ကျင့်ပေးရေး။
  • ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် အဆင့်ဆင့်လုပ်ငန်းစဉ်များ ချမှတ်ဆောက်ရွက်နိုင်ရေး။
  • အများပိုင်၊ ပုဂ္ဂလိကပိုင်နှင့် ဖက်စပ်လုပ်ငန်းစနစ်အား အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော အခြေအနေများနှင့်အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ရေး။

[]

အကိုးအကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ သမိုင်းအကျဉ်း။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။
  2. ရည်မှန်းချက်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ်

[ပြင်ဆင်ရန်]