ဝင်းခိုင်

ဝီကီပီးဒီးယား မှ
ဦးဝင်းခိုင်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၂ ဩဂုတ် ၂၀၁၇ – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
သမ္မတ
လက်ထောက်ဒေါက်တာထွန်းနိုင်
ယခင်လူဦးဖေဇင်ထွန်း
ဆက်ခံသူဦး​အောင်သန်းဦး
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁၅ ဇန်နဝါရီ ၂၀၁၈
ယခင်လူဦးကျော်လွင်
ဆက်ခံသူဦးဟန်ဇော်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၀-၁၂-၁၃) ဒီဇင်ဘာ ၁၃၊ ၁၉၅၀ (အသက် ၇၃)
ရန်ကုန်မြို့
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်လှလှမူ
သားသမီးကြည်မွန်ခိုင်၊ ပွင့်ထူးခိုင်
မိဘဦးအေးမောင်၊ ဒေါ်သင်သင်
ပညာရေးB.E(Mechanical)
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ

ဦးဝင်းခိုင် သည် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးဝင်းခိုင်သည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ အစိုးရအဖွဲ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်ခန့်အပ်ခြင်း ခံရသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ၎င်း၏ သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခဲ့သဖြင့် ဦးဝင်းခိုင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူခဲ့သည်။[၁] ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။[၂]

အစောပိုင်းဘဝနှင့် မိသားစု[ပြင်ဆင်ရန်]

ဦးဝင်းခိုင်ကို ဖခင်ဦးအေးမောင်နှင့် မိခင် ဒေါ်သင်သင်တို့က ၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဦးဝင်းခိုင်သည် ဒေါ်လှလှမူနှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦး ရှိသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ထက်နိုင်ဇော် (၂ ဩဂုတ် ၂၀၁၇)။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဖေဇင်ထွန်း နုတ်ထွက်မှု မရှင်းလင်းဧရာဝတီသတင်းဌာန။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း။ နိုင်ငံတော်သမ္မတရုံး (၁၅ ဇန်နဝါရီ ၂၀၁၈)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. လွှတ်တော်က အတည်ပြုလိုက်သော ပြည်ထောင်စုဝန်ကြီး ၁၈ ဦး၏ ကိုယ်ရေးအကျဉ်းမဇ္ဈိမ နေ့စဉ်သတင်းစာ (၂၄ မတ် ၂၀၁၆)။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။