ဖေမြင့်

ဝီကီပီးဒီးယား မှ

ဦးဖေမြင့်
ပြန်ကြားရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူဦးရဲထွဋ်
ဆက်ခံသူဦးချစ်နိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1949-12-15) ၁၅ ဒီဇင်ဘာ၊ ၁၉၄၉ (အသက် ၇၄)
သံတွဲရခိုင်ပြည်နယ်
လူမျိုးမြန်မာ
ကြင်ဖော်(များ)ခိုင်နွယ်ဦး
သားသမီး
နေထိုင်ရာနေပြည်တော်
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်
အလုပ်အကိုင်နိုင်ငံရေးသမား၊ စာရေးဆရာ၊ ဆရာဝန်။
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဦးဖေမြင့် (၁၅ ဒီဇင်ဘာ ၁၉၄၉ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် သမ္မတဦးထင်ကျော်က အဆိုပြုခဲ့ပြီး မတ်လ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။[၁][၂][၃][၄][၅]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ဦးဖေမြင့်အား ရခိုင်ပြည်နယ်သံတွဲမြို့တွင် အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်း တို့မှ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရအထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရသည်။[၆] ဆေးကျောင်းသားဘ၀မှ စတင်၍ စာပေရေးသားခဲ့သည်။ ၁၉၇၇-ခုနှစ်မှ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်းနောက်တွင် စာပေလုပ်ငန်း တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင် ခဲ့သည်။

၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ[ပြင်ဆင်ရန်]

ဦးဖေမြင့်သည် ၂၀၂၁ စစ်အာဏာသိမ်းခြင်းအစောပိုင်းကာလများတွင် အဖမ်းခံရသည်။ ပုဒ်မတပ် အရေးယူခံရခြင်း မရှိဘဲ နေပြည်တော် ရှိ စစ်ဌာနချုပ်တစ်ခုတွင် အကျယ်ချုပ်အဖြစ် တစ်နှစ်ခွဲခန့် နေခဲ့ရသည်။၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် အကျယ်ချုပ်မှ ပြန်လွတ်လာသည်။ဦးဖေမြင့်အား နေအိမ်အကျယ်ချုပ်မှ ပြန်မလွှတ်မှီ ၁ရက်အလိုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သီရိပျံချီဘွဲ့ ပေးအပ်ခဲ့သည်။[၇]

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

တက္ကသိုလ်ကျောင်းသားဘဝကစ၍စာများ စတင်ရေးသားသည်။ အစပိုင်းတွင် ဘာသာပြန်ဝတ္ထုများ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စ၍ ပင်ကိုရေးဝတ္ထုတိုများ ရေးသားသည်။ ၁၉၈၉ ခုနှစ်စ၍ အတ္ထုပ္ပတ္တိနှင့် အသုံးချစိတ်ပညာဆိုင်ရာစာပေများ ရေးသားပြုစုခဲ့သည်။

“စာပေဂျာနယ်” ကို စတင်စီစဉ်သူတစ်ဦးဖြစ်၍ ဂျာနယ် အမှတ် – ၁၂ အထိ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ဇန်နဝါရီမှ ၁၉၉၁ အကုန်ပိုင်းအထိ “သင့်ဘဝ မဂ္ဂဇင်း” အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလက စတင်၍ “ဒီလှိုင်းမဂ္ဂဇင်း” ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိမချမ်းသာသေးတာလဲ စသည့် စာအုပ်များသည် ဆရာဖေမြင့်၏ အောင်မြင်ကျော်ကြားသော စာအုပ်များ ဖြစ်ကြသည်။ ဆရာဖေမြင့်သည် လူသုံးကုန်ပစ္စည်းရောင်းသူများနှင့် အခြားဝတ္ထုတိုများစာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့သည်။

ကလောင်ခွဲ ဇော်ငြိမ်းဖြင့် အမေရိကန်စာရေးဆရာ လူးဝီလာမား၏ ကောင်းဘွိုင်ဝတ္ထုများကို ဘာသာပြန်ဆိုခဲ့ဖူးသည်။

ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

30em

မိသားစု[ပြင်ဆင်ရန်]

ဇနီး ဒေါ်ခိုင်နွယ်ဦး၊ သား မောင်ဖေဇော်ဦး၊ သမီး မချိုစုစုခိုင် တို့နှင့်အတူ အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် အဝေရာလမ်းတွင် နေထိုင်လျက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The Myanmar Times။ Daw Aung San Suu Kyi to join government as NLD reveals cabinet
  2. Ei Ei Toe Lwin။ With all eyes on Daw Suu, NLD set to reveal cabinet
  3. Myanmar president to include Aung San Suu Kyi in his Cabinet။ 22 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 October 2018 တွင် ပြန်စစ်ပြီး။
  4. India lends a helping hand to Myanmar in government formationhindustantimes.com
  5. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့ (April 2003)။ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း။ ပညာရွှေတောင် စာအုပ်တိုက်။
  6. The Myanmar Times။ Looking back: education in the 1960s
  7. NLD ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် အကျယ်ချုပ်က ပြန်လွတ်မြောက်RFA (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)