ကံဇော်၊ ဒေါက်တာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
H.E.
ကံဇော်
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
ဆက်ခံသူဝန်ကြီးဌာန ပြောင်းလဲဖွဲ့စည်း
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး
တာဝန်သက်တမ်း
မတ် ၂၀၁၁ – စက်တင်ဘာ ၂၀၁၂
ဆက်ခံသူဆက်အောင်၊ ခင်စန်းရီ၊ လဲ့လဲ့သိန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၄-၁၀-၁၁) အောက်တိုဘာ ၁၁၊ ၁၉၅၄ (အသက် ၆၅)
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်၊ International Institute of Social Studies
အလုပ်အကိုင်စီးပွားရေးပညာရှင်

ဒေါက်တာ ကံဇော် (၁၁ အောက်တိုဘာ ၁၉၅၄ မွေးဖွား[၁]) သည် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၂] ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၃]

သူသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့ပြီး[၁] ၁၉၈၄ ခုနှစ်တွင် International Institute of Social Studies မှ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။[၄] သူသည် စာပေဆိုင်ရာ ဒေါက်တာဘွဲ့ရရှိထားသူလည်း ဖြစ်သည်။[၁]

ဒေါက်တာကံဇော်သည် ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ပါမောက္ခ၊ ဌာနမှူးနှင့် ပါမောက္ခချုပ်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Speakers' Profiles - Dr. Kan ZawHong Kong Summit။ 17 February 2014 တွင် ပြန်စစ်ပြီး။
  2. Win Ko Ko Latt။ "Hluttaw approves cabinet reshuffle"၊ Myanmar Times။ 17 February 2014 တွင် ပြန်စစ်ပြီး 
  3. CabinetAlternative Asean Network on Burma (21 November 2013)။ 17 February 2014 တွင် ပြန်စစ်ပြီး။
  4. "Alumnus Kan Zaw (Myanmar) visits ISS"၊ International Institute of Social Studies in The Hague၊ 5 March 2013။ 17 February 2014 တွင် ပြန်စစ်ပြီး