အေးမြင့် (ဝန်ကြီး)
သူရ အေးမြင့် | |
|---|---|
| အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး | |
| တာဝန်သက်တမ်း ၂၅ ဇူလိုင် ၂၀၁၃ – ၃၀ မတ် ၂၀၁၆ | |
| သမ္မတ | သိန်းစိန် |
| ယခင်လူ | သန်းဌေး |
| ဆက်ခံသူ | ဝန်ကြီးဌာနဖျက်သိမ်း |
| စက်မှု ဝန်ကြီးဌာန ဝန်ကြီး | |
| တာဝန်သက်တမ်း ၂၇ ဩဂုတ် ၂၀၁၂ – ၂၅ ဇူလိုင် ၂၀၁၃ | |
| သမ္မတ | သိန်းစိန် |
| ယခင်လူ | ဦးစိုးသိန်း |
| ဆက်ခံသူ | ဦးမောင်မြင့် |
| သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၂၇ ဩဂုတ် ၂၀၁၂ | |
| သမ္မတ | သိန်းစိန် |
| လက်ထောက် | ဒေါက်တာ ကိုကိုဦး |
| ယခင်လူ | ကိုယ်တိုင် |
| ဆက်ခံသူ | ဒေါက်တာ ကိုကိုဦး |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁ | |
| ယခင်လူ | အခြေခံဥပဒေစတင် |
| မဲဆန္ဒနယ် | မော်လမြိုင်မြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၄၇,၁၄၁ |
| ကိုယ်ရေး အချက်အလက်များ | |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
| ကြင်ဖော် | ဒေါ်အေးအေး |
| သားသမီး | နေလင်း |
| အစိုးရအဖွဲ့ | ဦးသိန်းစိန်အစိုးရ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
| ရာထူး | ဗိုလ်ချုပ် |
သူရဦးအေးမြင့် သည် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဦးအေးမြင့်သည် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ မော်လမြိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။[၁] သူသည် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် ဩဂုတ်လအထိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဩဂုတ်လမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၂]
သူရဦးအေးမြင့်သည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး[၂] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် အားကစား ဝန်ကြီးဌာန ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။[၂]
၂၀၁၅ ဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သူ သူရဦးအေးမြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မဲဆန္ဒနယ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ဘာသာရေးအရ ထင်ယောင်ထင်မှားဖြစ်စေမည့် စာရွက်နှင့် အခွေများကို ဖြန့်ဝေခဲ့သည်။ အဆိုပါ စာရွက်ဖြန့်ဝေမှုနှင့် ပတ်သက်၍ ဝက်လက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့ အကြောင်းကြားခဲ့ပြီး ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီဝင်များက ထိုအခွေများကို နေ့စဉ်ဖွင့်ပေးခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။[၃]
ကိုယ်ပိုင်ဘဝ
[ပြင်ဆင်ရန်]သူသည် ဒေါ်အေးအေးနှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Moulmein။ Alternative Asean Network on Burma။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2015 တွင် ပြန်စစ်ပြီး။
- 1 2 3 Cabinet။ Alternative Asean Network on Burma (25 November 2014)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2015 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝက်လက်မြို့နယ် မဲဆန္ဒနယ်အတွင်း ကျေးရွာများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ဘာသာရေးအရ ထင်ယောင်ထင်မှား ဖြစ်စေသည့် စာရွက်နှင့် အခွေများ ဖြန့်ဝေဟု သိရ (in my)။ 2026-04-14 တွင် ပြန်စစ်ပြီး။
- ↑ Council Regulation (EC) No 817/2006 of 29 May 2006 renewing the restrictive measures in respect of Burma/Myanmar and repealing Regulation (EC) No 798/2004။ Official Journal of the European Union။ European Union (29 May 2006)။ 23 July 2015 တွင် ပြန်စစ်ပြီး။