မာတိကာသို့ ခုန်သွားရန်

ကျော်ဝင်း (ဝန်ကြီး)

ဝီကီပီးဒီးယား မှ
ဦးကျော်ဝင်း
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆  ၂၅​ ​မေ ၂၀၁၈
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ယခင်လူဒေါက်တာကံဇော် (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
ဦးဝင်းရှိန် (ဘဏ္ဍာရေး ဝန်ကြီးဌာန)
ဆက်ခံသူဦးစိုးဝင်း
ပြည်သူ့လွှတ်တော် အမတ်
တာဝန်သက်တမ်း
၃၁ မတ် ၂၀၁၆  ၃၀ မတ် ၂၀၁၆
ယခင်လူဦးသိန်းထိုက် (USDP)
ဆက်ခံသူဦးမြစိန် (NLD)
မဲဆန္ဒနယ်ဒဂုံဆိပ်ကမ်းမြို့နယ်
အနိုင်ရမဲ အရေအတွက်၂၇၃၇၈ မဲ (၇၃ ဒသမ ၀၂ ရာခိုင်နှုန်း)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1948-02-23) ဖေဖော်ဝါရီ ၂၃၊ ၁၉၄၈ (အသက် ၇၇)
လပွတ္တာ
နိုင်ငံရေးပါတီNLD
ကြင်ဖော်ခင်စောယု
သားသမီး
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်

ဦးကျော်ဝင်း (၂၃ ဖေဖော်ဝါရီ ၁၉၄၈ မွေးဖွား) သည် ဒဂုံဆိပ်ကမ်းမြို့နယ် မှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင်အနိုင်ရပြီး အစိုးရအသစ်တက်လာချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး အဖြစ် ၂၀၁၆ခုနှစ် မှ ၂၀၁၈ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်သည်။၂၀၂၁ စစ်အာဏာသိမ်းမှုနောက် ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက် တွင် ဝန်ကြီးဟောင်းတစ်ဦးအနေဖြင့် ဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်သည်။[]

ငယ်ဘဝ နှင့် ပညာရေး

[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်၊ဖေဖော်ဝါရီ ၂၃ ရက် တွင် ဖခင်ဖြစ်သူ ဦးပွကြီး၊မိခင်ဖြစ်သူ ဒေါ်အေးညွန့် တို့မှ ဧရာဝတီတိုင်း၊လပွတ္တာမြို့ တွင် မွေးဖွားခဲ့သည်။

အခြေခံပညာတန်းများကို အမှတ်(၁)အထက်တန်းကျောင်း၊ ပုသိမ်မြို့တွင် သင်ကြားခဲ့သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ B.Econ ဘွဲ့ရရှိခဲ့သည်။[]

ဦးကျော်ဝင်းသည် ၁၉၇၂ ခုနှစ် မှ ၁၉၉၂ ခုနှစ် အထိ စီမံကိန်းမှူး အဖြစ်လည်းကောင်း၊ ၁၉၉၂ ခုနှစ် မှ ၁၉၉၇ ခုနှစ် အခွန်ဦးစီးမှူး အဖြစ်လည်းကောင်း အစိုးရဝန်ထမ်း အဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ခဲ့သည်။

၁၉၉၇ ခုနှစ်နောက်ပိုင်းတွင် စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဝေဖန်ခံရခြင်း

[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲ အပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် အစိုးရဖွဲ့စည်းရာတွင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးလောင်း အဖြစ် ဦးကျော်ဝင်း ကို သတ်မှတ်ကာ ၎င်း၏ ကိုယ်ရေးအကျဥ်းကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြခဲ့သည်။ထိုအခါတွင် ဦးကျော်ဝင်း၏ ပါရဂူဘွဲ့ သည် ပါကစ္စတန်နိုင်ငံ မှ Brooklyn Park အမည်ရှိ ဘွဲ့လက်မှတ်ရောင်းချသည့် ကျောင်းအတုမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ သည်။ []ဝေဖန်မှုများစွာလည်း ကြုံခဲ့ရသည်။

ဦးကျော်ဝင်း သည် ၎င်းမှာ ဘွဲ့လက်မှတ် အတု လုပ်ခြင်း မဟုတ်ခဲ့သည့်အကြောင်း၊ ပါရဂူဘွဲ့ကို အချိန်ကုန် ငွေကုန်ခံပြီး ကိုယ်တိုင် အမှန်တကယ် ကြိုးစား ရယူခဲ့ခြင်း ဖြစ်သည့်အကြောင်း၊ နောက်ပိုင်းတွင် ကျောင်းအတုမှန်းသိခဲ့ရသည့်အတွက် ဒေါက်တာဘွဲ့ အား အသုံးမပြုတော့ကြောင်း အစရှိသည့် ရှင်းလင်းမှုများကို ပြုလုပ်ခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘက်ကလည်း ဝေဖန်ခံနေရသည့် ဦးကျော်ဝင်း ၏ ဒေါက်တာဘွဲ့ လက်မှတ်အတုကိစ္စ အား အရေးမကြီးဟု တုန့်ပြန်ခဲ့ပြီး ဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ []

စစ်​ဆေးခံရခြင်း

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် မေ ၇ ရက်မှစ၍ ဝန်ကြီး ဦး​​ကျော်ဝင်းသည် တိုင်ကြားထားမှုများ​ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင် ၏ ​စစ်​ဆေးခြင်းခံခဲ့ရသည်။၂၀၁၈ ခုနှစ် မေ ၂၃ ရက် တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က ၎င်းအား စစ်ဆေးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့​နောက် ၎င်းသည် နုတ်ထွက်စာတင်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ​မေ ၂၅ရက်​နေ့တွင် နိုင်ငံ​တော်သမ္မတရုံးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။[]

၂၀၁၈ခုနှစ်၊ဇွန် ၉ ရက် တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သည် ဦးကျော်ဝင်းအား အဂတိ လိုက်စားကြောင်းမတွေ့ရှိခဲ့၍ အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရကြောင်း ကြေညာခဲ့သည်။ []

၂၀၁၈ ခုနှစ် မေ ၇ ရက်နေ့ မှ မေ ၂၂ ရက်အထိ စစ်ဆေးခဲ့မှုတွင် တိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အဆင့်မြင့် အရာရှိကြီးများ နှင့် လုပ်ငန်းရှင်ကြီးများ ပါဝင်သည့် စုစုပေါင်း ၂၂ဦး ကို ခေါ်ယူ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။[]

ဤသို့ဖြင့် နောက်ပိုင်းကာလများတွင် ဦးကျော်ဝင်းသည် လူမြင်ကွင်းရှေ့မထွက်တော့ဘဲ ပျောက်ကွယ်နေခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်စဉ်များ

[ပြင်ဆင်ရန်]

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင် တာနဲလ်နှင့် ပတ်သက်ပြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဟောင်း ဦးကျော်ဝင်းကိုပါ  စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းနောက် စစ်ကောင်စီသည် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးဝင်း၊ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ အမှုဖွင့်  တရားစွဲဆို ခဲ့သည်။[]

ဦးကျော်ဝင်းသည်  အကျဉ်းထောင်ထဲ အမှုရင်ဆိုင်နေရဆဲ ကာလမှာပင် ကျန်းမာရေးကြောင့် နေပြည်တော်ကုတင်၁၀၀၀ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသည်။[]

ထို့နောက် ၂၀၂၂ စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက ၎င်းနှင့်အတူ  ဒေါ်အောင်ဆန်းစုကြည်၊စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် ၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့်  ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အား နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့သည်။[၁၀] [၁၁]

၂၀၂၃ ဧပြီ ၁၇ရက် အရောက်တွင် သူသည် လွတ်ငြိမ်းဖြင့် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်သည်။[၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. အန်အယ်လ်ဒီ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လည်လွတ်မြောက် DVB Burmese (၁၇ဧပြီ၂၀၂၃)။ ၁၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဦးကျော်ဝင်း၏ကိုယ်ရေးအကျဥ်း DVB (၂၂ မတ် ၂၀၁၆)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. http://www.7daydaily.com/story/127299 27 May 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  4. ဝန်ကြီးလျာထားသူရဲ့ ပါရဂူဘွဲ့ အတုဖြစ်နေ BBC (၂၃ မတ် ၂၀၁၆)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ဝန်ကြီး ဦးကျော်ဝင်းကို ထွက်ခွင့်ပြု BBC (၂၅ မေ ၂၀၁၈)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရ ဧရာဝတီ (၉ ဇွန် ၂၀၁၈)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. အတိုင်ခံရတဲ့ ဝန်ကြီးဟောင်းဦးကျော်ဝင်း အဂတိလိုက်စားကြောင်းမတွေ့ BBC Burmese (၉ ဇွန် ၂၀၁၈)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်ခေါ်သက်သေ ရဲအရာရှိနှစ်ဦးကို စစ်ဆေး Eleven Media (၂၃ ဇွန် ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို တရားရုံးက အာမခံပေး RFA (၂၇ ဇန်နဝါရီ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နဲ့ အစိုးရ လျှို့ဝှက်ချက်အက် BBC Burmese (၂၃ ဇွန် ၂၀၂၁)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်လ်အပါအဝင် ၅ ဦးကို ထောင်ဒဏ် ၃နှစ်စီချမှတ် DVB (၂၉ စက်တင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ထောင်ကပြန်လွတ် New Day Myanmar (၁၇ဧပြီ၂၀၂၃)။ 17 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။