ရဲထွဋ် (ပြန်ကြားရေး)
Ye Htut | |
---|---|
![]() | |
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၁၄ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | အောင်ကြည် |
ဆက်ခံသူ | ဖေမြင့် |
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ | |
တာဝန်သက်တမ်း ၈ ဇန်နဝါရီ ၂၀၁၃[၁] – ၃၀ မတ် ၂၀၁၆ | |
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်သက်တမ်း ၃၁ ဩဂုတ် ၂၀၁၂[၂] – ၁ ဩဂုတ် ၂၀၁၄ ဦးပိုက်ထွေးနှင့်အတူ | |
ယခင်လူ | စိုးဝင်း[၃] |
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်[၃] | |
တာဝန်သက်တမ်း ၃၁ မတ် ၂၀၁၁ – ၃၁ ဩဂုတ် ၂၀၁၂ | |
ဆက်ခံသူ | တင့်ဆွေ[၄] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၉ (အသက် ၆၃–၆၄)[၁] |
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ခင်စန္ဒာထွန်း[၅] |
နေထိုင်ရာ | နေပြည်တော် |
အလုပ်အကိုင် | စစ်တပ်အရာရှိ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဝက်ဘ်ဆိုဒ် | facebook.com/ye.htut.988 |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | မြန်မာ့တပ်မတော် |
အမှုထမ်းကာလ | ၁၉၇၇-၂၀၀၅[၁] |
ရာထူး | ဒုတိယ ဗိုလ်မှူးကြီး |
ဦးရဲထွဋ် သည် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဖြစ်သည်။ သူသည် ယခင်က မြန်မာတပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က ၂၀၁၃ မှ ၂၀၁၆ အထိသမ္မတ၏ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ထမ်းဆောင်ခဲသည်။ နောက်ပိုင်းတွင်ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၂၀၁၆ ခုနှစ်တွင် အနားယူခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိစင်ကာပူရှိ ISEAS-Yusof Ishak Institute တွင် အကြီးတန်းသုတေသန လုပ်ဖော်ကိုင်ဖက်အဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။
စစ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း[ပြင်ဆင်ရန်]
ဦးရဲထွဋ်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းဖြစ်သည်။ ကျောင်းဆင်းပြီးနောက် သူသည်မြန်မာ-ထိုင်းနယ်စပ်တလျှောက်တွင် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
အရပ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း[ပြင်ဆင်ရန်]
သူဟာ ဒုတိယဗိုလ်မှူးကြီးအဖြစ် ၂၀၀၅ တွင် အငြိမ်းစားယူပြီး ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ်အဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရသည်။
ယခင်ဝန်ကြီး ဦးကျော်ဆန်းနှင့် ဒုတိယဝန်ကြီးများအား အခြားဝန်ကြီးဌာနများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း ခံရသောအခါ သူသည် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၄ ဩဂုတ်လ ၃၀ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ဝန်ကြီး ဖြစ်လာခဲ့သည်။
အငြင်းပွားမှု[ပြင်ဆင်ရန်]
၂၀၁၂ ခုနှစ်တွင် Eleven Media Group က ကလောင်နာမည် ဒေါက်တာဆိပ်ဖွားဟု စွပ်စွဲခဲ့သည်။ ၂၀၁၄ ဇွန်လတွင် ဇနီးဖြစ်သူသည် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့ဘွတ်မှ ဖိုတိုရှော့ အထူးပြုလုပ်ထားသည့် လူမျိုးရေ ဘာသာရေး ထိခိုက်စေမည့် ပုံတစ်ပုံကို ဝေမျှခြင်းပြုလုပ်ခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ၁.၂ U Ye Htut: From military to ministry။ Mmtimes.com (2014-07-07)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-07-19 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ 5 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2021 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Aung Zaw။ "Will Aung Kyi Defend Press Freedom?"၊ 3 September 2012။ 29 September 2013 တွင် ပြန်စစ်ပြီး။
- ↑ Kyaw Hsu Mon။ "Senior bureaucrats on the move in another reshuffle"၊ 24 September 2012။ 29 September 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2016။
- ↑ Zarni Mann။ "Minister’s Wife Shares Fake Facebook Photo of Suu Kyi in Islamic Headscarf"၊ 6 June 2014။ 7 June 2014 တွင် ပြန်စစ်ပြီး။