မာတိကာသို့ ခုန်သွားရန်

သန့်စင်မောင်

ဝီကီပီးဒီးယား မှ

သန့်စင်မောင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆  ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူ
ဆက်ခံသူဗိုလ်ချုပ်ကြီး တင်အောင်စန်း
ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ​ဖေ​ဖော်ဝါရီ ၂၀၁၆  ၃၀ မတ် ၂၀၁၆
ဆက်ခံသူဦးညွန့်​အောင်
မဲဆန္ဒနယ်မုံရွာမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-11-15) ၁၅ နိုဝင်ဘာ၊ ၁၉၅၃ (အသက် ၇၂)
မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်း​ဒေသကြီး
လူမျိုးမြန်မာ
ကြင်ဖော်ခင်သန်း​အေး
သားသမီး
နေထိုင်ရာလှိုင်မြို့နယ်၊ ရန်ကုန်မြို့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်

ဦးသန့်စင်​မောင်သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပြည်​ထောင်စုဝန်ကြီး အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်သည်။၂၀၁၅​ရွေး​ကောက်ပွဲတွင် မုံရွာမြို့နယ်အတွက် ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ်အဖြစ် ​ရွေးချယ်ခံခဲ့ရပြီး မတ်လ၂၂ရက်​နေ့တွင် သမ္မတသစ်ဦးထင်​ကျော်က ဝန်ကြီးအဖြစ် အဆိုပြုခဲ့သည်။[][][]

အ​စောပိုင်းဘဝနှင့် ပညာ​ရေး

[ပြင်ဆင်ရန်]

၁၉၅၃ခုနှစ် နိုဝင်ဘာ၁၅ရက်​နေ့တွင် မုံရွာမြို့နယ်အတွင်း၌ ဖွားမြင်ခဲ့သည်။ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့် M.Sc. ဘွဲ့ရရှိခဲ့သည်။[]

အစိုးရအလုပ်

[ပြင်ဆင်ရန်]

ပုသိမ်​ကောလိပ်နှင့် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့တွင် နည်းပြအဖြစ် စတင် ဝင်​ရောက်ခဲ့သည်။ ထို့​နောက် မြန်မာ့မီးရထားသို့ လက်​ထောက်မန်​နေဂျာအဖြစ် ​​ပြောင်းခဲ့ပြီး အ​ထွေ​ထွေမန်​နေဂျာဘဝဖြင့် အငြိမ်းစားယူခဲ့သည်။[] ၂၀၁၅​ရွေး​ကောက်ပွဲတွင် မုံရွာမြို့နယ်ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ်အဖြစ်​ရွေး​ကောက်ခံရသည်။ သမ္မတအသစ်ဦးထင်​ကျော်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ် အဆိုပြုခဲ့ပြီး မတ်လ၂၄ရက်​နေ့တွင် ပြည်​ထောင်စုလွှတ်​တော်ကအတည်ပြုကာ မတ်လ၃၀ရက်​နေ့တွင် စတင်တာဝန်ထမ်း​ဆောင်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. The Myanmar Times။ Daw Aung San Suu Kyi to join government as NLD reveals cabinet
  2. Ei Ei Toe Lwin။ With all eyes on Daw Suu, NLD set to reveal cabinet
  3. 1 2 3 ပြည်ထောင်စုဝန်ကြီးသစ်များ၏ ကိုယ်ရေးအကျဉ်းများ (in Burmese)။ 7Day News (22 March 2016)။ 24 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။