အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန
| Ministry of Sports and Youth Affairs | |
![]() ဝန်ကြီးဌာန အမှတ်တံဆိပ် | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း |
|
| ယခင်အဖွဲ့အစည်း | အားကစားဝန်ကြီးဌာန |
| ဖျက်သိမ်းခြင်း | ၃၀ မတ် ၂၀၁၆ (ပ) ဧပြီ ၂၀၂၆ (ဒု) |
| အစားထိုးခြင်း | အားကစားရေးရာဝန်ကြီးဌာန (၂၀၂၆) လူငယ်ရေးရာဝန်ကြီးဌာန (၂၀၂၆) |
| အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
| ဌာနချုပ် | ရုံးအမှတ် (၃၁)၊ နေပြည်တော် |
| ဌာနခွဲများ | အားကစားနှင့်ကာယပညာဦးစီးဌာန လူငယ်ရေးရာဦးစီးဌာန |
| ဝက်ဘ်ဆိုက် | mosya.gov.mm |
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန(Ministry of Sports and Youth Affairs; MOSYA)သည် အားကစားရေးရာနှင့် လူငယ်ရေးရာနှင့် သက်ဆိုင်သော မြန်မာနိုင်ငံ၏ ဝန်ကြီးဌာနဖြစ်ခဲ့သည်။ ယခင်က အားကစား ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းထားခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပေါင်းကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၂၀၂၁ခုနှစ်တွင် ပြန်လည်ခွဲထုတ်ပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လက်အောက်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ၎င်းတို့၏ ဌာနခွဲများ တည်ရှိခဲ့သည်။ အခြားသော နှီးနွယ်အဖွဲ့အစည်းများနှင့် လက်အောက်ရှိ အဖွဲ့ချုပ်များမှာ အမျိုးသားအိုလံပစ်ကောင်စီ၊ အမျိုးသားအိုလံပစ်ကော်မတီ၊ အားကစားအဖွဲ့ချုပ်များ ဖြစ်ကြသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အားကစား ကွင်း/ရုံများနှင့် ပက်သက်၍လည်း တာဝန်ရှိသော ဝန်ကြီးဌာနဖြစ်ခဲ့သည်။
၂၀၂၆ ခုနှစ် ဧပြီလတွင် အသစ်တက်လာသော ပြည်ထောင်စုအစိုးရအဖွဲ့မှ ဝန်ကြီးဌာနများကို ပြင်ဆင်ဖွဲ့စည်းရာတွင် အဆိုပါဝန်ကြီးဌာနကို အားကစားရေးရာ ဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန နှစ်ခုအဖြစ် သီးခြားစီ ခွဲထုတ်၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀ရာစုအဝင်မှ ၁၉၄၁ခုနှစ်အထိ အားကစားအတွက် ရန်ကုန်တွင် ဗမာအားကစားသမားများအသင်းနှင့် မန္တလေးတွင် အထက်ဗမာပြည်အားကစားသမားများအသင်းဟူ၍ထားရှိသည်။ ၁၉၃၆ ဘာလင်အိုလံပစ်တွင် အလေးမအားကစားသမား ဦးဇော်ဝိတ်နှင့် နည်းပြဦးရှိန်းတို့ ဗြိတိသျှဘားမား အနေဖြင့်ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၆.၁၁.၁၉၄၆တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံဆာဟူးဘတ်ရန့်က နာယက၊ ဆာဂျေအေမောင်ကြီးနှင့် ဦးရာဇာတ်မှ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဗမာပြည်အိုလံပစ်အသင်းပေါ်ပေါက်လာသည်။ ၉.၇.၁၉၄၇တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် ဆက်သွယ်မိကာ ၁၉၄၈လန်ဒန်အိုလံပစ်တွင် မြန်မာနိုင်ငံအမည်ဖြင့်ပထမဆုံး တရားဝင်ယှဉ်ပြိုင်ခဲ့သည်။
၉.၁၀.၁၉၅၀တွင် ကျန်းမာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အဖွဲ့ဝင်၁၅ဦးပါသော အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီပေါ်လာသည်။ ၁၉၅၂မှစ၍ပြည်နယ်နှင့်တိုင်းဘောလုံးပွဲများ၊ ၁၉၅၇ အရှေ့တောင်အာရှလက်ဝှေ့ပွဲများ၊ ကျွန်းဆွယ်အားကစားပွဲများကျင်းပခဲ့သည်။
၂၇.၅.၁၉၆၄တွင် အားကစားနှင့်ကာယပညာကော်မတီပေါ်ပေါက်လာသည်။ ၁၉၇၂တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့ကာ ၁.၇.၁၉၉၃တွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းခဲ့သည်။
၁၈.၁၂.၁၉၉၆တွင် အားကစားဝန်ကြီးဌာန ဖွဲ့စည်းကာ အားကစားနှင့်ကာယပညာဦးစီးဌာနကို ၎င်းတို့အောက်သို့ပြောင်းကာဖွဲ့စည်းခဲ့သည်။[၂]
၂၀၁၆ခုနှစ် မတ်လတွင် အစိုးရအသစ် တက်လာခဲ့ပြီးနောက် အားကစားဝန်ကြီးဌာနကို ဖျက်သိမ်းကာ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော် ဝေဖန်မှုများကြောင့် မေလတွင် ဝန်ကြီးဌာနအမည်အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။[၃][၄] အားကစားနှင့်ပက်သက်၍ ညွှန်ကြားရေးမှူးချုပ်ကသာ ဦးဆောင်ခဲ့ရာမှ[၅] ၂၀၁၈ခုနှစ်တွင် ကြက်တောင်အားကစားသမားဟောင်း ဒေါက်တာမြလေးစိန်အား ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကိုယ်စား ပိုမိုထိရောက်စွာ ကိုင်တွယ်ခဲ့သည်။
၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့စည်းခြင်းနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအား ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အားကစားအပိုင်းသာမက လူငယ်ရေးရာများကိုပါ ကိုင်တွယ်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ [၆][၇]
၂၀၂၂ခုနှစ် မတ်လ (၇) ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများကို လွှဲပြောင်းလက်ခံပြီး လူငယ်ရေးရာဦးစီးဌာနကို အသစ်ထပ်မံဖွဲ့စည်းခဲ့ရာ ဦးစီးဌာန (၂) ခုအထိ ရှိလာခဲ့သည်။
အကြီးအကဲများ
[ပြင်ဆင်ရန်]ဝန်ကြီးများစာရင်း (၁၉၉၆ - ၂၀၁၁)
[ပြင်ဆင်ရန်]| စဉ် | ပုံ | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | နိုင်ငံတော်အကြီးအကဲ |
|---|---|---|---|---|---|---|
| ၁ | ဗိုလ်မှူးချုပ် စိန်ဝင်း | ၁၈ ဖေဖော်ဝါရီ ၁၉၉၆ | ၂၈ အောက်တိုဘာ ၁၉၉၉ | ၁၃၄၈ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ | |
| ၂ | ဗိုလ်မှူးချုပ် သူရအေးမြင့် | ၂၉ အောက်တိုဘာ ၁၉၉၉ | ၃၀ မတ် ၂၀၁၁ | ၄၁၇၀ |
ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ)
[ပြင်ဆင်ရန်]| စဉ် | ပုံ | အမည် | ဝန်ကြီးဌာနအမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ဝန်ကြီးချုပ် | သမ္မတ | |
|---|---|---|---|---|---|---|---|---|---|
| ၃ | ဦးတင့်ဆန်း | အားကစား ဝန်ကြီးဌာန | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၁၈၂၇ | ရာထူးမရှိ။ | ဦးသိန်းစိန် | ||
| ၄ | ဒေါက်တာ မြင့်ထွေး | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၉ | ||||
| ၅ | ဒေါက်တာ သက်ခိုင်ဝင်း | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁ ဩဂုတ် ၂၀၂၁ | ၁၈၁ | မင်းအောင်လှိုင် | ဦးမြင့်ဆွေ (ယာယီ) |
||
| ၆ | ဦးမင်းသိန်းဇံ | အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန | ၁ ဩဂုတ် ၂၀၂၁[၈] | ၃၁ ဇန်နဝါရီ ၂၀၂၅ | ၁၂၇၉ | မင်းအောင်လှိုင် (ယာယီ) | |||
| ၇။ | Jeng Phang နော်တောင် | အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန | ၃၁ ဇန်နဝါရီ ၂၀၂၅ | ၃၁ ဇူလိုင် ၂၀၂၅ | ၁၈၁ | မင်းအောင်လှိုင် (ယာယီ) | |||
| ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် | ညိုစော | မင်းအောင်လှိုင် (ယာယီ) | [၉] | ||||
| ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး အဖြစ် ပူးတွဲထမ်းဆောင်။ | |||||||||
ဒုတိယဝန်ကြီးများစာရင်း
[ပြင်ဆင်ရန်]| စဉ် | အမည် | ဝန်ကြီးဌာနအမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ဝန်ကြီး | |
|---|---|---|---|---|---|---|---|
| ၁ | ဦးအေးမြင့်ကြူ | အားကစား ဝန်ကြီးဌာန | ၃၀ မတ် ၂၀၁၁ | ၆ စက်တင်ဘာ ၂၀၁၂ | ၅၂၆ | ဦးတင့်ဆန်း | |
| ၂ | ဦးသောင်းထိုက် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၀၀ | |||
| ၃ | ဦးဇော်ဝင်း | ၂၉ ဇူလိုင် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၉၇၅ | |||
| ၄ | ဒေါက်တာမြလေးစိန် | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန | ၂ ဇူလိုင် ၂၀၁၈ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၉၄၅ | ဒေါက်တာမြင့်ထွေး | |
| ၅ | ဦးမျိုးလှိုင် | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန | ၇ ဖေဖော်ဝါရီ ၂၀၂၁ | ၁ ဩဂုတ် ၂၀၂၁ | ၁၈၁ | ဒေါက်တာသက်ခိုင်ဝင်း | |
| အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန | ၄ ဩဂုတ် ၂၀၂၁ | ၃၁ ဇန်နဝါရီ ၂၀၂၄ | ၉၁၀ | ဦးမင်းသိန်းဇံ | |||
| ၆ | ဒေါက်တာစိုးဝင်း | ၁၉ ဩဂုတ် ၂၀၂၂ | ၂၁ ဇူလိုင် ၂၀၂၃ | ၃၃၈ | ဦးမင်းသိန်းဇံ | ||
| ၇ | ဦးဇင်မင်းထက် | ၂၁ ဇူလိုင် ၂၀၂၃ | ၁၀ ဧပြီ ၂၀၂၆ | ၉၉၂ | ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင် | ||
| ၈ | ဦးထိန်လင်း | ၃၁ ဇန်နဝါရီ ၂၀၂၄ | ၈၀၀ | ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင် | [၁၀] |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]- ပြည်ထောင်စုဝန်ကြီးရုံး
- အားကစားနှင့်ကာယပညာဦးစီးဌာန
- လူငယ်ရေးရာ ဦးစီးဌာန
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်သမ္မတရုံး။ "ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၁/၂၀၂၆)"၊ ၁၀ ဧပြီ ၂၀၂၆။
- ↑ မြန်မာ့အားကစားသမိုင်း။ 12 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ဝန်ကြီးဌာန ၂၁ နဲ့ အစိုးရသစ်ဖွဲ့မယ်။ 27 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 January 2022 တွင် ပြန်စစ်ပြီး။
- ↑ Two ministries renamed။ နိုင်ငံတော် သမ္မတရုံး။ 29 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ဝေသူဝေ ကြွေသူကြွေခဲ့သည့် ၂၀၁၇ မြန်မာ့အားကစား။ 28 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 January 2022 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်း၊ တနင်္သာရီနှင့် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများအား တာဝန်မှ အနားယူခွင့်ပြုခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာနအချို့ကို ပြင်ဆင်ဖွဲ့စည်း။
- ↑ မြန်မာ့အားကစားသမိုင်းနှင့် ဝန်ကြီးဌာန သမိုင်းအကျဉ်း။
- ↑ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း"။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ Myawaddy Webportal။ 12 August 2025 တွင် ပြန်စစ်ပြီး။
