မြင့်လှိုင်

ဝီကီပီးဒီးယား မှ

မြင့်လှိုင်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယခင်လူဦးဌေးဦး
ဆက်ခံသူဒေါက်တာအောင်သူ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူနိုင်ငံလင်း (NLD)
မဲဆန္ဒနယ်ဒက္ခိဏသီရိမြို့နယ်
အနိုင်ရမဲ အရေအတွက်၁၃,၃၉၈ (၉၀.၁၄%)[၁]
အရာရှိချုပ်
လေကြောင်းရန် ကာကွယ်ရေး
တာဝန်သက်တမ်း
မေ ၂၀၀၆ – သြဂုတ် ၂၀၁၀
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-08-13) ၁၃ ဩဂုတ်၊ ၁၉၅၃ (အသက် ၇၀)
မိုးကုတ်မြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ခင်သန့်စင်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၇၀ -၂၀၁၀
ရာထူးဒုတိယ ဗိုလ်ချုပ်ကြီး

ဦးမြင့်လှိုင် သည် မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၂] သူသည် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အနားယူခဲ့သူ ဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[၂] ရှမ်းပြည်နယ် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

သူသည် ငယ်စဉ်က ပညာရေးကို ဇာတိမွေးရပ်မြေ မှာပင် ဆည်းပူးခဲ့သည်။ဆယ်တန်းအောင်ပြီးနောက် စစ်တက္ကသိုလ် အပတ်စဉ် (၁၇) သို့ တက်ရောက်သည်။ ဝန်ကြီးဟောင်း ဦးခင်ရီ ၊ လေတပ်ဦးစီးချုပ် ဟောင်း ဦးမြတ်ဟိန်း တို့နှင့် အပတ်စဉ် တူသည်။[၃] ယခင် တပ်မတော်အစိုးရ ဒုတိယအကြီးအကဲ ဦးမောင်အေး ၏ ကိုယ်ရေးအရာရှိ အဖြစ် ထမ်းဆောင်ဖူးသည်။သူသည် တပ်မတော် တွင် ၂၀၁၀ ပြည့်နှစ် ရှေ့ပိုင်းကာလများအတွင်း အသက်အငယ်ဆုံး တိုင်းမှူး၊အသက်အငယ်ဆုံး ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် စာရင်းဝင်သည်။ [၄]

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

သူသည် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ၏ အရာရှိချုပ် အဖြစ် မှ ၂၀၁၀ ခုနှစ် သြဂုတ် လတွင် အငြိမ်းစားယူပြီး[၅] အထွေထွေရွေးကောက်ပွဲ ၂၀၁၀ ဝင်ပြိုင်သည် ။နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မှ နေ၍ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ဦးသိန်းစိန်အစိုးရအဖွဲ့ တွင် လယ်ဆည်ဝန်ကြီး ဖြစ်လာသည်။[၆] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ [၇]နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ [၈]တို့တွင် အဆိုပါ မဲဆန္ဒနယ်မှ နေ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ပြိုင်သော်လည်း ရှုံး နိမ့်သည်။သူသည် ၂၀၁၅ ခုနှစ် နောက်ပိုင်း မိခင်ပါတီ တွင်ပင် သဘောထားတင်းမာသော နိုင်ငံရေးသမားအဖြစ် ဖြတ်သန်းခဲ့သည်။[၉] ပါတီ၏ နေပြည်တော်တာဝန်ခံ ၊တောင်သူလယ်သမားရေးရာဌာနကြီးမှူး အဖြစ်လည်း တာဝန်ပေးခံရကာ ၂၀၂၄ ခုနှစ် မတ်လ  တွင် ပါတီနိုင်ငံရေး မှ နှုတ်ထွက်ခဲ့သည်။

ထိန်းသိမ်းခံရခြင်း[ပြင်ဆင်ရန်]

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက် တွင် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းသည်။[၁၀] [၁၁] သူသည် ဝန်ကြီးရာထူး ရထားချိန် ရန်ကုန်မြို့ဒဂုံမြို့သစ်အရှေ့ပိုင်း ရှိ လယ်မြေဧက ၁၇၀၀ ကျော်အား သူနှင့် သမက်ဖြစ်သူတို့၏ အမည်များဖြင့် လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့သည်။[၁၂]

ထင်ရှားဖြစ်ရပ်နှင့်ဝေဖန်ခံရမှုများ[ပြင်ဆင်ရန်]

၎င်း လယ်ဆည်ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၂ ခုနှစ် မတ်လ အတွင်းက ပြည်တွင်းထုတ်ဂျာနယ်တစ်စောင် တွင် လွှတ်တော်ကိုယ်စားလှယ်များအား ဦးနှောက်မရှိ၊ စာမတတ် အစရှိသော အင်တာဗျူး ဖြေကြားခဲ့မှု [၁၃] [၁၄] နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပါတ်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ခရီးစဉ်အတွင်း တောင်သူလယ်သမားများအား အကြွေးကျေအောင် ထမင်းတစ်နပ်လျှော့စားကြဖို့ တိုက်တွန်းစကား ဆိုခဲ့မှုများကြောင့် လူအများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရသည်။ [၁၅] [၁၆]

ထို့အပြင် သူသည် နိုင်ငံရေးသမားဘဝ ၂၀၂၃ ဖေဖော်ဝါရီ ၂၁ ရက် တွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များအား ဝါးရင်းတုတ်လက်နက်တပ်ဆင်ပွဲကို ပြုလုပ်ခဲ့မှုဖြင့် ပါတီ၏ ပြစ်တင်မှုကို ခံရပြီး[၁၇] [၁၈] တာဝန်မှ နှုတ်ထွက်ခဲ့ရသည်။ [၁၉]

ကိုးကား[ပြင်ဆင်ရန်]

  1. "MANDALAY DIVISION"၊ Alternative Asean Network on Burma။ 15 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 22 March 2012။ 
  2. ၂.၀ ၂.၁ Kudo, Toshihiro (26 July 2011). "New Government in Myanmar: Profiles of Ministers". Institute of Developing Economies - Japan External Trade Organization. 
  3. ဦးမြင့်လှိုင် ကြံ့ခိုင်ရေးပါတီကနေ အနားယူဖို့စာတင်ထားBBC Burmese (၁၅ မတ် ၂၀၂၃)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. “အရည်အချင်းရှိတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် ကြိုးစားပေးမယ်”The Irrawaddy (၃၀ အောက်တိုဘာ ၂၀၂၀)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ရွေးကောက်ပွဲအကြို ဒုဗိုလ်ချုပ်ကြီး ၁ဝ ဦး အငြိမ်းစား ယူမည်BNI (၂၀ ဩဂုတ် ၂၀၂၀)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. အစိုးရသစ် လူဟောင်းများ အဓိကပါဝင်VOA Burmese (၉ ဖေဖော်ဝါရီ ၂၀၁၁)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ဝန်ကြီး ဦးမြင့်လှိုင် နေပြည်တော်တွင် မဲဆွယ်စည်းရုံး (ဓာတ်ပုံ)DVB (၂၃ စက်တင်ဘာ ၂၀၁၅)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ပြည်ခိုင်ဖြိုးရုံးချုပ်ရှိရာ နေပြည်တော် ဒက္ခိဏသီရိတွင် NLD ကို ထပ်မံအရေးနိမ့်Myanmar Now (၉ နိုဝင်ဘာ ၂၀၂၀)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်က အစိုးရကို ပုတ်ခတ်သည့်စာများ ဖြန့်ဝေMyanmar Now (၂၄ ဇူလိုင် ၂၀၂၀)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. ထမင်းတနပ်လျှော့စားခိုင်းသည့် ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင် ဖမ်းဆီးခံရDVB (၁၀ ဧပြီ ၂၀၂၄)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. ကျားဖြန့်မီးပွား ကြံ့ခိုင်ရေးပါတီထံ ကူးစက်Myanmar Now (၁၀ ဧပြီ ၂၀၂၄)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. ထောင် ၁၅ နှစ်ချနိုင်သည့် အမှုဖြင့် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို စစ်ကောင်စီအမှုဖွင့်Myanmar Now (၁၂ ဧပြီ ၂၀၂၄)။ ၁၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော်အမတ်များ အရေးယူမည်The Irrawaddy (၂၆ မတ် ၂၀၁၂)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  14. လယ်/ဆည်ဝန်ကြီး လွှတ်တော်ကိုတောင်းပန်ရန် အမတ်များတောင်းဆိုVOA Burmese (၂၃ မတ် ၂၀၁၂)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. ထမင်းတနပ်လျော့စားလို့ လယ်သမားတွေ အကြွေးဆပ်နိုင်မလားBBC Burmese (၆ ဖေဖော်ဝါရီ ၂၀၁၃)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  16. လယ်သမားတွေ အကြွေးကျေအောင် ထမင်းလျှော့စားဖို့ ဝန်ကြီး ဦးမြင့်လှိုင် တိုက်တွန်းVOA Burmese (၃၁ ဇန်နဝါရီ၊ ၂၀၁၃)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  17. နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေကို လက်နက်ပေးအပ်ပွဲဆိုပြီး ဝါးချွန်တွေထုတ်ပေးBBC Burmese (၂၈ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  18. ပါတီဝင်များကို ဝါးရင်းတုတ်များ ကြံ့ဖွံ့ တပ်ဆင်The Irrawaddy (၁ မတ် ၂၀၂၃)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  19. လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဖမ်းဆီးခံရRFA Burmese (၁၀ ဧပြီ ၂၀၂၄)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။