မောင်မြင့်
ဗိုလ်မှူးချုပ် (ငြိမ်း) ဝဏ္ဏကျော်ထင်၊ ဦး မောင်မြင့် | |
|---|---|
တတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ရက်တွင် တွေ့ရစဥ်(၂၀၂၆) | |
| ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| သမ္မတ | မင်းအောင်လှိုင် |
| လက်ထောက် | - |
| ယခင်လူ |
|
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၁၆ မတ် ၂၀၂၆ – ၁၀ ဧပြီ ၂၀၂၆ | |
| ယခင်လူ | ဇေယျာသော် (NLD) (၂၀၁၅ အထွထွေရွေးကောက်ပွဲ) |
| မဲဆန္ဒနယ် | ဇမ္ဗူသီရိမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၂၈,၈၆၇ မဲ (၅၇.၉၉%) |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| ယခင်လူ | ခင်မွှေးလွင် (NLD) |
| ဆက်ခံသူ | ဝေလင်းထွန်း (USDP) |
| မဲဆန္ဒနယ် | မင်းကင်းမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၃၃၀၂၁ မဲ (၅၁.၈၃%) |
| စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၂၅ ဇူလိုင် ၂၀၁၃ – ၃၀ မတ် ၂၀၁၆ | |
| သမ္မတ | သိန်းစိန် |
| ယခင်လူ | အေးမြင့် |
| ဆက်ခံသူ | ခင်မောင်ချို |
| အလုပ်သမားဝန်ကြီး | |
| တာဝန်သက်တမ်း ၇ စက်တင်ဘာ ၂၀၁၂ – ဇူလိုင် ၂၀၁၃ | |
| သမ္မတ | သိန်းစိန် |
| ယခင်လူ | အောင်ကြည် |
| ဆက်ခံသူ | အေးမြင့် |
| ဒုတိယ နိုင်ငံခြားရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – စက်တင်ဘာ ၂၀၁၂ | |
| ခေါင်းဆောင် | ဝဏ္ဏမောင်လွင် |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – စက်တင်ဘာ ၂၀၁၂ | |
| ယခင်လူ | ဖွဲ့စည်းပုံစတင် |
| ဆက်ခံသူ | ခင်မွှေးလွင် (NLD) (၂၀၁၂ ကြားဖြတ်]]) |
| မဲဆန္ဒနယ် | မင်းကင်းမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၄၂၇၁၇ မဲ (၇၇.၆၀%) |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၁ မေ၊ ၁၉၅၈ မင်းကင်းမြို့၊ စစ်ကိုင်းတိုင်း |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
| ကြင်ဖော် | ဒေါက်တာ ခင်မြဝင်း |
| သားသမီး | ၃ဦး |
| မိခင်ကျောင်း | စစ်တက္ကသိုလ် အပတ်စဉ် (၁၉) နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (မဟာဘွဲ့) |
| အလုပ်အကိုင် | နိုင်ငံရေးသမား |
| အစိုးရအဖွဲ့ | သိန်းစိန်အစိုးရ မင်းအောင်လှိုင်အစိုးရ |
| စစ်မှုထမ်းခြင်း | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | ဗိုလ်မှူးချုပ် |
ဦးမောင်မြင့် (၂၁ မေ ၁၉၅၈ ဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး၊ဟိုတယ်၊ခရီးသွားလာရေး နှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၁]
ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုရာထူး ရရှိခဲ့ခြင်း ဖြစ်သည်။[၂] ၎င်းသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် စက်မှုဝန်ကြီး၊ အလုပ်သမားဝန်ကြီးနှင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၎င်း၏ဇာတိဖြစ်သော မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ရက်တွင် နိုင်ငံခြားရေး ဒု ဝန်ကြီးအဖြစ် ခန့်အပ်ခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မင်းကင်းမဲဆန္ဒနယ်မှပင် ထပ်မံရွေးကောက်ခံခဲ့ရပြန်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးမောင်မြင့်အား ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အဖ ဦးဘကြည်၊ အမိ ဒေါ်သန်းမြတို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် မင်းကင်းမြို့တွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို အ-ထ-က(မင်းကင်း)တွင် သင်ကြား ခဲ့သည်။ ထို့နောက်တွင် မန္တလေး ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ စစ်တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တို့တွင် တက်ရောက် ပညာသင်ယူခဲ့သည်။ ဦးမောင်မြင့်၏ ဇနီးမှာ ဒေါက်တာ ဒေါ်ခင်မြဝင်းဖြစ်သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]ဦးမောင်မြင့်ထမ်းဆောင်ခဲ့သော တာဝန်များမှာ ပဲခူးတိုင်းဒေသကြီးအခြေစိုက် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်တွင် တပ်မမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ မင်းကင်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီ၂၀၀၄ မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ကာ ဦးသိန်းစိန်အစိုးရ တက်လာချိန်တွင်လည်း ၂၀၁၁ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။[၃]
၂၀၁၂ခုနှစ် မှ ၂၀၁၃ခုနှစ် အထိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၆ အထိ စက်မှု ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၄] ၂၀၁၅အထွေထွေရွေးကောက်ပွဲ တွင်လည်း မင်းကင်းမဲဆန္ဒနယ်တွင် ၅၁.၈၃ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် ဆက်လက်အနိုင်ရခဲ့သည်။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရှုံးနိမ့်ခဲ့သည်။
၂၀၂၅- ၂၀၂၆ အထွေထွေရွေးကောက်ပွဲ တွင် နေပြည်တော်၊ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်သည်။အနိုင်ရခဲ့သည်။
ရရှိခဲ့သော ဆုတံဆိပ်နှင့်ဘွဲ့များ
[ပြင်ဆင်ရန်]- ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်
- နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်
- မိုင်းရမ်း-မဲသဝေါ တိုက်ပွဲတံဆိပ်
- ရန်ငြိမ်းအေးတံဆိပ်
- စစ်မှုထမ်းကောင်းတံဆိပ်
- တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ်(ဒုတိယအဆင့်)
- စစ်ပွဲတံဆိပ်(၈၈/၉၀)
- နိုင်ငံအကျိုးဆောင်တံဆိပ်
- ဝဏ္ဏကျော်ထင်ဘွဲ့
- နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့
ကိုးကား
[ပြင်ဆင်ရန်]- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ ဦးမောင်မြင့် (မင်းကင်း မဲဆန္ဒနယ်)။ 2020-02-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-02-22 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲကွင်းဆီ တစ်ကျော့ပြန်။ 18 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2021 တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးအသစ်များ ကျမ်းသစ္စာကျိန်။ ဧရာဝတီသတင်းဌာန (၇ စက်တင်ဘာ ၂၀၁၂)။ ၂၁ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။