ဆန်းဆင့်၊ ဦး
ဆန်းဆင့် | |
---|---|
သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၃ – ၁၉ ဇွန် ၂၀၁၄ | |
ယခင်လူ | မြင့်မောင် |
ဆက်ခံသူ | စိုးဝင်း |
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၁ ဇန်နဝါရီ ၂၀၁၃ | |
ယခင်လူ | မရှိ |
ဆက်ခံသူ | တင်စိုး |
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၁ ဇန်နဝါရီ ၂၀၁၃ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
မဲဆန္ဒနယ် | ရေကြည်မြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၁ မြန်မာနိုင်ငံ |
(အသက် ၇၃)
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်ခင်မလေး |
သားသမီး | ဥက္ကာဆန်းဆင့် |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | - ၂၀၁၀ |
ရာထူး | ဗိုလ်ချုပ် |
ဦးဆန်းဆင့် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားဖြစ်ပြီး အစိုးရဝန်ကြီးဟောင်းနှင့် တပ်မတော် အရာရှိဟောင်း တစ်ဦး ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့သည်။[၁] ထိုအချိန်က သူသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ရေကြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအနက် တစ်ဦး ဖြစ်သည်။[၁][၂]
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်မီ ဦးဆန်းဆင့်သည် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ဒုတိုင်းမှူးနှင့် စစ်ရာထူးခန့်ချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။[၃][၄]
အကျင့်ပျက်ခြစားမှုများ
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဦးဆန်းဆင့်သည် ရန်ကုန်မြို့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ပိုင်ဆိုင်မှု အငြင်းပွားခြင်းအတွက် ပေါ့လျော့စွာ ကိုင်တွယ်ခြင်းကြောင့် သာသနာရေး ဝန်ကြီးအဖြစ်မှ ဖယ်ရှားခြင်း ခံခဲ့ရသည်။[၅][၆][၇] ထိုနေ့မှာပင် ဦးဆန်းဆင့်အား နိုင်ငံပိုင်ငွေ အလွဲသုံးစားပြုမှုဖြင့် တရားစွဲဆိုခံရသည်။[၈][၉] ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး စိုးဝင်းအား ဝန်ကြီးအဖြစ် အစားထိုးခန့်ထားခြင်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။[၁၀]
၂၀၁၄ ဇူလိုင်လတွင် ဒိက္ခိဏသီရိခရိုင်တရားရုံးမှ ဦးဆန်းဆင့်၏ အာမခံလျှောက်ထားမှုအား ပယ်ချခဲ့သည်။[၁၁] ၂၀၁၄ ဇူလိုင် ၂၂ တွင် ဦးဆန်းဆင့်အား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထပ်မံ တရားစွဲဆိုခံရသည်။[၈] ၂၀၁၄ အောက်တိုဘာ ၁၇ တွင် ဦးဆန်းဆင့်အား ဒဏ်ငွေ ၁၀၀,၀၀၀ နှင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။[၁၂] ၂၀၁၅ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ဦးဆန်းဆင့်၏ အယူခံဝင်ခြင်းအား လက်ခံကြောင်း ကြေညာခဲ့သည်။[၁၃]
၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံဖောက်ဖျက်မှုများဖြင့် တောင်ငူထောင်တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရပြီး ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။[၁၄]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဦးဆန်းဆင့်အား ၁၉၅၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။[၁၅] သူသည် ဒေါ်ခင်မလေးနှင့် လက်ထပ်ခဲ့သည်။ သားဖြစ်သူ ဥက္ကာဆန်းဆင့်မှာ[၁၅] သံတော်ဆင့် သတင်းစာကို ပိုင်ဆိုင်သူဖြစ်သည်ဟု ဆိုသည်။[၁၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ဝင်းကိုကိုလတ်။ "Hluttaw makes reluctant U San Sint a minister"၊ မြန်မာတိုင်း(မ်)၊ ၄ ဖေဖော်ဝါရီ ၂၀၁၃။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ Hobson’s Choice : Burma’s 2010 Elections (PDF)။ 2011။ p. 99။ ISBN 9789744966728။
- ↑ "More Detail on Military Reshuffle Emerges"၊ The Irrawaddy၊ ၃၀ ဩဂုတ် ၂၀၁၀။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 7 July 2015။
- ↑ မောင်မောင်ဦး။ "Soldiers Seize Impounded Cars"၊ The Irrawaddy၊ ၉ မေ ၂၀၀၁။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 7 July 2015။
- ↑ Supreme Court agrees to hear U San Sint appeal။ မြန်မာတိုင်း(မ်)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2016 တွင် ပြန်စစ်ပြီး။
- ↑ ချယ်ရီသိန်း; ဆုလှိုင်ထွန်း။ "Religious affairs minister was expecting to get axed"၊ မြန်မာတိုင်း(မ်)၊ ၂၀ ဇွန် ၂၀၁၄။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ "Minister sacked because he 'refused to follow orders'"၊ The Nation၊ ၂၅ ဇူလိုင် ၂၀၁၄။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ ၈.၀ ၈.၁ ပြည့်သက်ဖြိုး။ "U San Sint slapped with additional sedition charge"၊ မြန်မာတိုင်း(မ်)၊ ၂၅ ဇူလိုင် ၂၀၁၄။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ ဆုလှိုင်ထွန်း။ "U San Sint makes emotional plea for freedom at court hearing"၊ မြန်မာတိုင်း(မ်)၊ ၇ ဇူလိုင် ၂၀၁၄။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 14 April 2016။
- ↑ အိအိတိုးလွင်။ "MPs agree on religious affairs minister replacement"၊ မြန်မာတိုင်း(မ်)၊ ၂၇ ဇူလိုင် ၂၀၁၄။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2014။
- ↑ ပြည့်သက်ဖြိုး။ "U San Sint's bail application rejected"၊ မြန်မာတိုင်း(မ်)၊ ၃၁ ဇူလိုင် ၂၀၁၄။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 14 March 2016။
- ↑ ပြည့်သက်ဖြိုး; ရဲမွန်။ "MPs draft petition after former minister jailed for 13 years"၊ မြန်မာတိုင်း(မ်)၊ ၁၇ အောက်တိုဘာ ၂၀၁၄။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ အောင်ကျော်မင်း။ "Supreme Court agrees to hear U San Sint appeal"၊ မြန်မာတိုင်း(မ်)၊ ၈ ဧပြီ ၂၀၁၅။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ ဇော်ဝင်းချစ် (တောင်ငူ)။ "သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် တောင်ငူအကျဉ်းထောင်မှ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်"၊ Eleven Media Group၊ ၂၄ မေ ၂၀၁၇။ ၂၄ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး။ Archived from the original on 25 May 2017။
- ↑ ၁၅.၀ ၁၅.၁ COUNCIL COMMON POSITION renewing restrictive measures against Burma/Myanmar။ European Union (25 April 2006)။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ရဲမွန် (၂၅ ဇူလိုင် ၂၀၁၄)။ Magwe court accepts appeal from reporters။ မြန်မာတိုင်း(မ်)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။