ပညာရေးဝန်ကြီးဌာန
| ပညာရေးဝန်ကြီးဌာန | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၁၉၅၀ |
| ဌာနချုပ် | ရုံးအမှတ် (၁၃)၊ နေပြည်တော်၊ မြန်မာ |
| ဆောင်ပုဒ် | ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ |
| ဝန်ကြီးများ | ဒေါက်တာ ချောချောစိန်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဒုတိယဝန်ကြီး |
ပညာရေးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Education) သည် မြန်မာနိုင်ငံ၏ အစိုးရဝန်ကြီးဌာနတစ်ခုဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်က စတင်ပေါ်ပေါက်လာသည်။ လက်ရှိပြည်ထောင်စုဝန်ကြီးမှာ ဒေါက်တာ ချောချောစိန် ဖြစ်သည်။
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၁][၂][၃]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာ့ပညာရေးသမိုင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ ပညာရေးသည် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ရပ်ရွာဒေသအလိုက် တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများတွင် တက်ရောက်သင်ယူခွင့် ရရှိခဲ့ကြသည်။ ဗြိတိသျှ အစိုးရက ၁၈၆၆ ခုနှစ် မှစ၍ မြန်မာနိုင်ငံ အောက်ပိုင်းတွင် ပညာရေးဌာနကို တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးသင်ကြားမှုပုံစံမှ အတန်းသင် ပညာရေး သင်ကြားမှု ပုံစံသို့ စတင် ပြောင်းလဲခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ် အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၈၇၆ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (နောမန်ကျောင်း)ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးဌာနမှ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ် ပေးခဲ့သည်။ ၁၉၃၁ခုနှစ်တွင် ဆရာဖြစ်သင် ကောလိပ်ကို ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်း ကောလိပ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော် ဆရာအတတ်သင် သိပ္ပံကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ ခုနှစ် မှစ၍ ၄ နှစ်စီမံကိန်းများ ချမှတ် အကောင်အထည် ဖော်ခဲ့သည်။ လူထုပညာရေး စီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံ တတ်မြောက်ရေးအတွက် "အ"သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့် ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် မတိုင်မီဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှုရေးသိပ္ပံ၊ သစ်တော စသည့် မဟာဌာနများကို တက္ကသိုလ်များတွင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ် သင်ကြားခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ အချို့သော မဟာဌာနများကို သီးခြားတက္ကသိုလ်များ အဖြစ် ဖွင့်လှစ်ခဲ့သည်။
၁၉၇၁ ခုနှစ်မှစ၍ ပညာရေး ၄ နှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာ ကဏ္ဍတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက် ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ ပညာရေး သုတေသန လုပ်ငန်းများ၊ ပညာရေး စစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီး စာတတ်မြောက်ရေး "အ"သုံးလုံး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။
၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာရေးနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာရေးနှစ် အထိ အမျိုးသား ပညာရည် မြင့်မားရေး အထူးလေးနှစ် စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။ အမျိုးသား ပညာရည် မြင့်မားရေး အနှစ်(၃၀) နှစ်ရှည် စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ခဲ့ကာ နှစ်တို(၅)နှစ် စီမံကိန်းကာလ(၆)ခု ပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိသည်။ ယခုဆိုလျှင် ၂၀၁၆ခုနှစ်မှစတင်ကာ kg+12ဟူသော သင်ရိုးညွှန်းတမ်းသစ်ကိုပြင်ဆင်ရေးဆွဲလျက်ရှိသည်။ ၎င်းသည် ကလေးဗဟိုပြု ccaအပေါ်တွင်အခြေခံထားသည်။ ယခုအချိန်တွင် kg မှစပြီး G12 အထိ အတန်းများအားသင်ကြားပို့ချနေပြီဖြစ်သည်။[၄]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]၂၀၁၆ခုနှစ်တွင် အစိုးရအသစ်တက်လာချိန်၌ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနကို ဖျက်သိမ်းကာ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)အဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ကာ ယင်းဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများကို ပညာရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းကာဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်မှ ပြန်ခွဲထုတ်၍ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဖြစ် သီးခြားပြန်လည် ဖွဲ့စည်းခဲ့သည်။[၅]
ဦးစီးဌာန
[ပြင်ဆင်ရန်]- ပြည်ထောင်စုဝန်ကြီးရုံး
- အဆင့်မြင့်ပညာဦးစီးဌာန
- ဆရာအတတ်ပညာဦးစီးဌာန
- ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန
- အခြေခံပညာဦးစီးဌာန
- မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
- မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန
- ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန
- လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန
- Nay Pyi Taw State Academy
ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| အမည် | တာဝန်သက်တမ်း | အစိုးရ | ဒုတိယဝန်ကြီးများ | |
|---|---|---|---|---|
| ၁။ | ဒေါက်တာ မြအေး | သိန်းစိန်အစိုးရ | ||
| ၂။ | ဒေါက်တာ ခင်စန်းရီ | |||
| ၃။ | ဒေါ်အောင်ဆန်းဆုကြည် | ၃၀-၃-၂၀၁၆ - ၆-၄-၂၀၁၆ | ထင်ကျော်အစိုးရ | |
| ၄။ | ဒေါက်တာ မျိုးသိမ်းကြီး | ၆-၄-၂၀၁၆ - ၁-၂-၂၀၂၁ | ထင်ကျော်အစိုးရ | |
| ၅။ | ဒေါက်တာ ညွန့်ဖေ | ၁၆-၂-၂၀၂၁ - ၃၁-၇-၂၀၂၅ | မင်းအောင်လှိုင်အစိုးရ | ဒေါက်တာဇော်မြင့်
ဦးဇော်ဝင်း |
| ၆။ | ဒေါက်တာ ချောချောစိန် | ၃၁-၇-၂၀၂၅ - ယနေ့အထိ | ညိုစောအစိုးရ | ဒေါက်တာဇော်မြင့်
ဦးနေမျိုးလှိုင် |
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်သက်တမ်း | ပြည်ထောင်စုဝန်ကြီး | အစိုးရ | ရင်းမြစ် | ||
|---|---|---|---|---|---|---|---|
| ဒေါက်တာဇော်မြင့် | ၂၃ ဖေဖော်ဝါရီ ၂၀၂၁ | ဒေါက်တာချောချောစိန် | |||||
| ဦးနေမျိုးလှိုင် | ၂၃ ဖေဖော်ဝါရီ ၂၀၂၁ | ဒေါက်တာချောချောစိန် | |||||
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://burmese.voanews.com/a/crph-acting-union-minister/5798240.html?nocache=1
- ↑ http://burmese.dvb.no/archives/448312
- ↑ https://burmese.voanews.com/a/crph-acting-union-minister/5798240.html?nocache=1
- ↑ "ပညာရေးဝန်ကြီးဌာန"၊ Myanmar National Portal။ Archived from the original on 11 August 2019။
- ↑ ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း။