ကျော်ဆန်း
ဦးကျော်ဆန်း | |
---|---|
သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၂၇ ဩဂုတ် ၂၀၁၂[၁] – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | ဦးအုန်းမြင့် |
ဆက်ခံသူ | ဝန်ကြီးဌာန ဖျက်သိမ်း |
ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၂၇ ဩဂုတ် ၂၀၁၂ | |
ယခင်လူ | ဦးခင်အောင်မြင့် |
ဆက်ခံသူ | ဦးအေးမြင့်ကြူ |
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၁၃ စက်တင်ဘာ ၂၀၀၂ – ၂၇ ဩဂုတ် ၂၀၁၂ | |
ယခင်လူ | ဦးကြည်အောင် |
ဆက်ခံသူ | ဦးအောင်ကြည် |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | ဒေါ်ခင်စန်းလှိုင် (NLD) |
မဲဆန္ဒနယ် | ပုလဲမြို့နယ် |
အနိုင်ရမဲ အရေအတွက် | ၆၈,၀၇၁ (၉၄%)[၂] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မုံရွာမြို့၊ မြန်မာနိုင်ငံ | ၂၀ မေ၊ ၁၉၄၈
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်ကြည်ကြည်ဝင်း |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဗိုလ်မှူးချုပ် |
ဦးကျော်ဆန်း (၂၀ မေ ၁၉၄၈ မွေးဖွား) သည် ဗိုလ်မှူးချုပ်ဟောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် သမဝါယမ ဝန်ကြီးဌာန တို့တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၃]
ဦးကျော်ဆန်းကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ၁၉၄၈ ခုနှစ် မေလ ၂၀ ရက်နေ့၌ မွေးဖွားခဲ့သည်။ ပုလဲမြို့နယ် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိခဲ့သည်။
အရာရှိဘဝ
[ပြင်ဆင်ရန်]၂၀၀၁ ခုနှစ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ ၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် ပြန်ကြားရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံခဲ့ရသည်။[၃]
၂၀၁၀ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရကာ ပြန်ကြားရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ http://203.81.81.136/briefing-room/daily-news/news1250[လင့်ခ်သေ]
- ↑ Sagaing Division။ Alternative Asean Network on Burma။ 22 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2012 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Khin Oo Thar။ "Attacking With Tears"၊ The Irrawaddy၊ 17 August 2011။ 24 August 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 18 August 2011။