စိုးမောင်
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) သရေစည်သူ၊ ဦး စိုးမောင် | |
|---|---|
| သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
| ခန့်အပ်သူ | ဦးသိန်းစိန် |
| ဆက်ခံသူ | ဒေါ်အောင်ဆန်းစုကြည် |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁ | |
| ယခင်လူ | အခြေခံဥပဒေ စတင် |
| ဆက်ခံသူ | ဦးတင်ဌေးအောင် |
| မဲဆန္ဒနယ် | ရေစကြိုမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၁၀၁,၁၄၆ (၇၆.၇၂%)[၁] |
| စစ်ဥပဒေချုပ် | |
| တာဝန်သက်တမ်း ? – ၂၀၁၁ | |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် |
| အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၁၇ မေ ၂၀၁၉ – ၉ စက်တင်ဘာ ၂၀၂၅ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၀ ဒီဇင်ဘာ၊ ၁၉၅၂ ရေစကြိုမြို့၊ မကွေးတိုင်း၊ မြန်မာနိုင်ငံ |
| လူမျိုး | |
| နိုင်ငံရေးပါတီ |
|
| ကြင်ဖော် | ဒေါ်နန်းဖြူဖြူအေး |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| အလုပ်အကိုင် |
|
| ဆုတံဆိပ်များ | သရေစည်သူ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ? - ၂၀၁၁ |
| ရာထူး | |
| တပ် | |
ဦးစိုးမောင် (၂၀ ဒီဇင်ဘာ ၁၉၅၂ ခုဖွား) သည် မြန်မာ့နိုင်ငံရေးသမား၊ ပြည်ထောင်စုဝန်ကြီးဟောင်းနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးဖြစ်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတရုံး၏ ဝန်ကြီး ခြောက်ဦးအနက် တစ်ဦးဖြစ်ကာ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး[၂] နိုင်ငံတော်မှ ချီးမြှင့်သည့် သရေစည်သူ သင်္ဂဟဘွဲ့ရရှိထားသူလည်းဖြစ်သည်[၃]။ အငြိမ်းစားမယူခင်အချိန်ထိ တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စစ်ဥပဒေချုပ် ရာထူးတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်တွင်လည်း စစ်ဥပဒေချုပ် အနေဖြင့် ပါဝင်ခဲ့သည်။ [၄] သူသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ကျောင်းဆင်းတစ်ဦး ဖြစ်သည်။[၅]
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]ဦးစိုးမောင်သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး သမ္မတရုံးဝန်ကြီး ဖြစ်လာခဲ့သည်။[၆] ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၌လည်း ဗဟိုဦးဆောင် ကော်မတီဝင် တဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။ [၄]
သို့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရေစကြိုမြို့နယ်တွင် ဆက်လက်ယှဉ်ပြိုင်သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းကို မဲရလဒ် သုံးသောင်းကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။[၇]
ပါတီတည်ထောင်ခြင်း
[ပြင်ဆင်ရန်]ဦးစိုးမောင်သည် ၂ဝ၂ဝ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို ထူထောင်ခဲ့ပြီး ၎င်းပါတီ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ [၇] ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက် တွင် ၎င်းဦးဆောင်သည့် ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ ပါတီရုံးခန်းများသတ်မှတ်အရေအတွက်မပြည့်မီသည့် အချက်ဖြင့် ပါတီဖျက်သိမ်းခံခဲ့ရသည်။[၈]
အခြားလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]သူသည် အမျိုးသားရေးလှုပ်ရှားမှုဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရဋ္ဌပါလအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "MAGWE DIVISION"၊ Alternative Asean Network on Burma။ 15 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 26 January 2017။
- ↑ Cabinet။ Alternative Asean Network on Burma (2 December 2011)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2012 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန (10-05-2020)။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို ဟောပြောတင်ပြ။ 22-07-2025 တွင် ပြန်စစ်ပြီး။
- 1 2 ဗိုလ်ချုပ်ဟောင်းများ၏ DNP ပါတီ ပါတီမှတ်ပုံတင်ဥပဒေ မလိုက်နာဟု UEC ကြေညာ။ The Irrawaddy။ ၂၀၂၅-၇-၂၀ တွင် ပြန်စစ်ပြီး။
- ↑ Aung Shin။ "In Magwe Region, the friendly election"၊ Myanmar Times၊ 15 November 2010။ 15 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 16 July 2011။
- 1 2 စစ်ဥပဒေချုပ်ဟောင်းဦးစိုးမောင်၏ပါတီက စရိတ်ကျခံနိုင်သူသာ ရွေးချယ်ထားဟုဆို။ Myanmar Now။ 23 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-20 တွင် ပြန်စစ်ပြီး။
- 1 2 သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၂၀ ခန့် ယှဉ်ပြိုင်မည်။ Eleven Media။ 2025-7-20 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း။ MOI Myanmar (၉ စက်တင်ဘာ ၂၀၂၅)။ ၁၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။