အောင်ကို

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
သူရ

​အောင်ကို
Aung Ko (cropped).jpg
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူ
ဆက်ခံသူဦးကိုကို
ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကန်ပက်လက်မြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1948-01-04) ၄ ဇန်နဝါရီ၊ ၁၉၄၈ (အသက် ၇၃)
​ကျောက်ပန်း​တောင်းမြို့၊ မန္တ​လေးတိုင်း​ဒေသကြီး
လူမျိုးမြန်မာ
နိုင်ငံရေးပါတီ
ကြင်ဖော်(များ)​မြင့်မြင့်ရီ
သားသမီး
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၆၉-၁၉၉၇
ရာထူးBrigadier General Tatmadaw.gif ဗိုလ်မှူးချုပ်

ဦး​အောင်ကို (သူရဦး​အောင်ကို) သည် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၂၀၁၅ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုပါတီဝင်တစ်ဦးဖြစ်ခဲ့သူလည်းဖြစ်သည်။

လွှတ်​တော်ကိုယ်စားလှယ်[ပြင်ဆင်ရန်]

ဗိုလ်မှူးချုပ်​ဟောင်းတစ်ဦးဖြစ်သူ သူရဦး​အောင်ကိုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအုပ်ချုပ်​ရေး​ကော်မတီဝင်တစ်ဦးအဖြစ် ၁၉၉၇ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်။ဥ​ရောပသမဂ္ဂ၏ ပိတ်ဆို့အ​ရေးယူခံရသည့် မြန်မာအစိုးရအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကာ ၂၀၀၃ခုနှစ်က သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ရာမှ လူသိများလာသည်။[၁]၂၀၀၇ခုနှစ်တွင် ဩစ​တြေးလျ၏ ပိတ်ဆို့မှုခံခဲ့ရသည်။ [၂]

၂၀၁၀​ရွေး​​ကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွက် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်​ရေးပါတီမှ အ​ရွေးခံခဲ့ရသည်။​​နောက်ပိုင်းတွင် သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်​ရေးဗဟို​ကော်မတီဝင်များ ထုတ်ပယ်ခံရမှုတွင် ဦး​အောင်ကိုပါ ပါဝင်ခဲ့သည်။

ဝန်ကြီး[ပြင်ဆင်ရန်]

ဦးသန်းရွှေ၏ အစိုးရအဖွဲ့တွင် သူရဦးမြင့်​မောင် လက်​အောက်၌ သာသနာ​ရေးဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို​ကော်မတီဝင်အဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၂တွင် ပါတီအတွင်း​ရေးမှူးဖြစ်ခဲ့သည်။[၃]သူသည် ပြည်သူ့လွတ်​တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ရင်းနီး​သော မိတ်​ဆွေဖြစ်သည်။၂၀၁၅​ရွေး​ကောက်ပွဲမတိုင်မီ ဩဂုတ်လတွင် ပါတီဗဟို​ကော်မတီဝင်မှ ထုတ်ပယ်ခံကြရသည်။[၄]

၂၀၁၅​ရွေး​ကောက်ပွဲအပြီးတွင် ကြံ့ခိုင်​ရေးပါတီမှ နှုတ်ထွက်ခဲ့ပြီး အနိုင်ရပါတီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့သည်။[၅]ဝန်ကြီးဌာန၂ခု​ပေါင်းကာ အသစ်ဖွဲ့ထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တွင် ပြည်​ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။[၆]

ဦးအောင်ကိုသည် ၂၀၁၇ ခုနှစ်က ဘာသာရေးအဖွဲ့တစ်ခုဖြစ်သော စစ်တပ်ကိုထောက်ခံသည့် မဘသအဖွဲ့ကို ဖျက်သိမ်းရာတွင် အဓိကအခရာကျသူလည်းဖြစ်သည့်အပြင် ဝရမ်းပြေးဖြစ်သော ဦးဝီရသူသည် လွတ်မြောက်နေဆဲဖြစ်သည်မှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့ကို လူထုရွေးကောက်ခံအစိုးရက ဩဇာမသက်ရောက်သောကြောင့်ဖြစ်သည်ဟူသော စကားရပ်ကို ၂၀၂၀ ဇန်နဝါရီ၌ ဘာသာပေါင်းစုံတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်လည်းရှိခဲ့သည်။ ထိုစကားရပ်နှင့်ပတ်သက်၍ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဖေဖော်ဝါရီတွင် စစ်တပ်ကိုဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် အစိုးရအား ၎င်းကိုအရေးယူရန်တောင်းဆိုဖူးသည်လည်းရှိခဲ့၏ ။[၇]

တရားစွဲဆိုခံရခြင်း[ပြင်ဆင်ရန်]

သူရဦးအောင်ကိုအား စစ်ကောင်စီမှ ၂၀၁၅-၂၀၂၁ အန်အယ်လ်ဒီအစိုးလက်ထက်အတွင်း သာသနာရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူစဉ် သာသနာရေးဆိုင်ရာဆုတံဆိပ်များကို လူပုဂ္ဂိုလ်များအားချီးမြှင့်ရာ၌ လာဘ်စားခဲ့သည်ဟူသောအကြောင်းပြချက်ဖြင့် တရားစွဲဆိုခဲ့သည်။ တရားစွဲဆိုရခြင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးသည်ဟု ၎င်းတို့၏သတင်းစာများတွင်ဖော်ပြထားသည်။ ဖော်ပြချက်များတွင် မည်ရွေ့မည်မျှပမာဏ လာဘ်ယူခဲ့သည်ဟုလည်း ဖော်ပြထား၏ ။[၇]

ကိုးကား[ပြင်ဆင်ရန်]