မာတိကာသို့ ခုန်သွားရန်

သက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ
သက်နိုင်ဝင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး
နယ်စပ်ရေးရာ ဝန်ကြီး
တာဝန်သက်တမ်း
ဖေဖော်ဝါရီ ၂၀၁၃  ၁၃ ဩဂုတ် ၂၀၁၅[]
ယခင်လူသိန်းဌေး
ဆက်ခံသူကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၅-0၇-၂၂) ဇူလိုင် ၂၂၊ ၁၉၅၅ (အသက် ၇၀)
မအူပင်မြို့ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးမော်လမြိုင် တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း သည် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၃ ဖေဖော်ဝါရီလမှ ၂၀၁၅ ဩဂုတ် ၁၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်မှ သိပ္ပံဘွဲ့(ဓာတုဗေဒ) ရရှိခဲ့ပြီး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၅၆) (OTS အိုတီအက် အပတ်စဉ် ၅၆ )မှ သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။[] အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်များကိုထမ်းဆောင်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Top ministers resign Eleven (13 August 2015)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2015 တွင် ပြန်စစ်ပြီး။
  2. ဝန်ကြီးသစ် ၂ ဦးခန့်ဖို့ သမ္မတ အဆိုပြု - BBC Burmese - မြန်မာ့ရေးရာ