ဖေဇင်ထွန်း

ဝီကီပီးဒီးယား မှ
ဖေဇင်ထွန်း
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၇ ဧပြီ ၂၀၁၆ – ၁ ဩဂုတ် ၂၀၁၇
သမ္မတဦးထင်ကျော်
ယခင်လူဒေါ်အောင်ဆန်းစုကြည်
ဆက်ခံသူဦးဝင်းခိုင်[၁]
စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
သမ္မတဦးသိန်းစိန်

ဦးဖေဇင်ထွန်း သည် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သည်။ ယခင်က စွမ်းအင် ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည်။[၁]

အလုပ်အကိုင်[ပြင်ဆင်ရန်]

ဦးဖေဇင်ထွန်းသည် ယခင်က စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံ​ရေးဦးစီးဌာနမှ ညွှန်ညားရေးမှူးချုပ် တစ်ဦးဖြစ်ကာ အမှုထမ်းအ​ခေါ်အ​ဝေါ် ပြင်ဆင်သည့်အချိန် ၂၀၁၅ခုနှစ် မတ်လ (၁၉)ရက်​နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဖြစ်လာခဲ့သည်။[၂]

၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကိုပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။[၃] ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးသမ္မတရုံးပညာရေး၊ လျှပ်စစ်နှင့် စွမ်းအင် တို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ကိုင်တွယ်ခဲ့သည်။[၄] သို့သော် ရက်အနည်းငယ်အကြာတွင် ပညာရေးဝန်ကြီးဌာနအား ဒေါက်တာမျိုးသိမ်းကြီး အားလည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား ဦးဖေဇင်ထွန်းအားလည်းကောင်း လွှဲပေးခဲ့သည်။ ထို့ကြောင့် ၂၀၁၆ခုနှစ် ဧပြီလတွင် ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။[၅]

ပြည်ထောင်စုဝန်ကြီး ဖြစ်လာပြီးနောက် စွမ်းအင်ပိုင်းတွင်သာ ရုံးထိုင်ပြီး လျှပ်စစ်ပိုင်းကို လျစ်လျူရှုထားကြောင်း ဝေဖန်ခံခဲ့ရသည်။ ထို့အပြင် ရုံးပိုင်းတွင်သာ အထိုင်များပြီး ကွင်းဆင်းစစ်ဆေးခြင်း နည်းပါးသည်ဟုလည်း ဝေဖန်ခံခဲ့ရသည်။ ကျန်းမာရေးပြဿနာများလည်း ရှိခဲ့သည်။[၆] ထို့ကြောင့် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Minister for Construction takes charge of energy, electricity portfolios
  2. မြန်မာနိုင်ငံပြန်တမ်း (၃၀ ဧပြီ ၂၀၁၅)
  3. Energy and Electricity merge complete။ 26 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2021 တွင် ပြန်စစ်ပြီး။
  4. Meet Burma’s Next Cabinet
  5. Who's who: Myanmar's new cabinet။ 1 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Minister’s Abrupt Resignation Raises Questions
  7. In the NLD’s Cabinets, a High Rate of Turnover