မြင့်ထွေး
ဒေါက်တာမြင့်ထွေး | |
|---|---|
| ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၀ မတ်လ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| သမ္မတ | ဦးထင်ကျော် ဦးမြင့်ဆွေ(ယာယီ) ဦးဝင်းမြင့် |
| လက်ထောက် | ဒေါက်တာ မြလေးစိန် |
| ယခင်လူ |
|
| ဆက်ခံသူ | ဒေါက်တာ သက်ခိုင်ဝင်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၄ စက်တင်ဘာ၊ ၁၉၄၈ စစ်တွေမြို့၊ ရခိုင်ပြည်နယ် |
| ကွယ်လွန် | ဇန်နဝါရီ ၂၆၊ ၂၀၂၆ (အသက် ၇၇) ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | နန်းခမ်းမိုင် |
| သားသမီး | ၂ |
| မိခင်ကျောင်း | ရန်ကုန်ဆေးတက္ကသိုလ် ၁ ဖိလစ်ပိုင်တက္ကသိုလ် ဂျွန်ဟော့ကင်းတက္ကသိုလ် |
| အလုပ်အကိုင် | ပြည်ထောင်စုဝန်ကြီး |
| ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ဒေါက်တာမြင့်ထွေး (၂၄ စက်တင်ဘာ ၁၉၄၈ - ၂၆ ဇန်နဝါရီ ၂၀၂၆) သည် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အလုပ်အကိုင်
[ပြင်ဆင်ရန်]ရန်ကုန်ဆေးတက္ကသိုလ် ၁ မှ ဘွဲ့ရရှိကာ ၁၉၇၆ခုနှစ်မှ ၁၉၉၄ မတိုင်မီအထိ ကျန်းမာရေးဝန်ကြီးဌာနတွင် ၁၈ နှစ်အကြာ လုပ်ကိုင်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှရုံး၏ ဒေသဆိုင်ရာအကြံပေးအဖြစ် ၁၉၉၄ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ လုပ်ကိုင်ခဲ့သည်။[၁]
ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အသစ်တွင် ဒေါက်တာထွေးမြင့်သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးဖြစ်လာခဲ့သည်။သူသည် ဦးဝင်းမြင့်အစိုးရလက်ထက်တွင်လည်း ထိုရာထူးအတိုင်းပင်ဆက်လက် ပါဝင်ခဲ့သည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုတွင် သူသည် ရာထူးမှ နုတ်ထွက်ခဲ့သည်။[၂] [၃] စစ်ကောင်စီသည် ရာထူးအစားထိုးမှုအဖြစ် ဒေါက်တာသက်ခိုင်ဝင်းကို ခန့်အပ်ခဲ့သည်။
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင် သူသည် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တက်ကြွစွာ ဦးဆောင်ခဲ့သူအဖြစ် ထင်ရှားခဲ့သည်။[၄]
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါက်တာမြင့်ထွေးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "၂၀၂၀ ပြည့်နှစ်ထဲက ထင်ရှားသူမျာ"၊ ၂၉ ဒီဇင်ဘာ ၂၀၂၀။
- ↑ ကျန်းမာရေးဝန်ကြီး နုတ်ထွက်ကြောင်း ကြေညာချက် ဖေ့စ်ဘွတ်ကနေပြန်ဖြုတ်။ VOA (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၆ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေး နုတ်ထွက်သည့် သတင်းများထွက်။ The Irrawaddy (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၆ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြဆွေးနွေးပွဲသို့ တက်ရောက်။ Myanmar Digital News (၂၆ ဇန်နဝါရီ ၂၀၂၁)။ ၂၆ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ NLD လက်ထက် ကျန်းမာရေးဝန်ကြီးဟောင်း ကွယ်လွန်။ mizzima (၂၆ ဇန်နဝါရီ ၂၀၂၆)။ ၂၆ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။