အုန်းဝင်း

ဝီကီပီးဒီးယား မှ
​အုန်းဝင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူ
ဆက်ခံသူဦးခင်​မောင်ရီ

ဦးအုန်းဝင်း သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်​ထောင်စုဝန်ကြီး အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်သည်။

ပညာ​ရေး[ပြင်ဆင်ရန်]

ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သစ်​တောဘာသာရပ်ဖြင့် B.Scဘွဲ့ရရှိခဲ့သည်။ ဖိလစ်ပိုင်တက္ကသိုလ်မှ Ergonomics (ပတ်ဝန်းကျင်၊အခြေအနေ စသည်တို့ကြောင့် လုပ်သားတို့၏ ကုန်ထုတ်စွမ်းအားအတက်အကျရှိပုံကို လေ့လာသည့်ပညာ)ဖြင့် ဒီပလိုမာ၊ အ​မေရိကန်နိုင်ငံ၊ ​ကော်လိရာဒိုပြည်နယ်တက္ကသိုလ်မှ ​ရေအရင်းအမြစ် စီမံခန့်ခွဲမှုဖြင့် မာစတာဘွဲ့ ရရှိခဲ့သည်။[၁]

အလုပ်အကိုင်[ပြင်ဆင်ရန်]

ဦးအုန်းဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ် အစိုးရအသစ် ဖွဲ့စည်းချိန်တွင် စတင်တာဝန်ထမ်း​ဆောင်ခဲ့သည်။[၂]

ဝန်ကြီးအဖြစ် မလုပ်ကိုင်မီက ​ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်အဖြစ် UNDP အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGOများတွင် လုပ်ကိုင်ခဲ့သည်။

၂၀၁၁ခုနှစ်မတိုင်မီအထိ ရေဆင်းသစ်တောတက္ကသိုလ်၏ ဒုတိယပါ​မောက္ခချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုမတိုင်မီများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာနတွင် ညွှန်ကြား​ရေးမှူး၊ သစ်​တောသု​တေသန​ကျောင်းတွင် ညွှန်ကြား​ရေးမှူး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် သစ်​တောဦးစီးဌာနများတွင် ညွှန်ကြား​ရေးမှူး တာဝန်များ ​ဆောင်ရွက်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ H.E U Ohn Win (in en)။ CIFOR။
  2. Cabinet of Myanmar (in my)။ Myanmar President Office (25 May 2016)။ 3 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။