မာတိကာသို့ ခုန်သွားရန်

မြတ်ဟိန်း

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်ကြီး(ငြိမ်း)၊ ဦး

မြတ်ဟိန်း
မြတ်ဟိန်း (၂၀၂၆)
အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်
ယခင်လူကော်မရှင်စတင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ မတ် ၂၀၂၆
ယခင်လူသန့်ဇင်ထွန်း (NLD)
မဲဆန္ဒနယ်ဒက္ခိဏသီရိမဲဆန္ဒနယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၃ ဩဂုတ် ၂၀၁၆
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး
တာဝန်သက်တမ်း
၁၃ ဖေဖော်ဝါရီ ၂၀၁၃  ၁၂ ဩဂုတ် ၂၀၁၅[]
ယခင်လူသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး အဖြစ်)
ဆက်ခံသူဇေယျာအောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၅-0၄-၂၇) ဧပြီ ၂၇၊ ၁၉၅၅ (အသက် ၇၁)
ပဲခူးတိုင်းမြန်မာနိုင်ငံ
လူမျိုးမြန်မာ
ကြင်ဖော်ထွေးထွေးညွန့်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (လေ)
အမှုထမ်းကာလ၁၉၇၆ - ၂၀၁၃
ရာထူး ဗိုလ်ချုပ်ကြီး
တပ်ကက(လေ)

ဦးမြတ်ဟိန်း (၂၇ ဧပြီ ၁၉၅၅ မွေးဖွား) သည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး၊နေပြည်တော် ဒက္ခိဏသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

ယင်းမတိုင်မီက တပ်မတော် (လေ)ကာကွယ်ရေးဦးစီးချုပ် အဖြစ် လည်းကောင်း၊ ဦးသိန်းစိန်အစိုးရအဖွဲ့ဆက်သွယ်ရေး၊သတင်းအချက်အလက်ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[]

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

အဖဦးခင်ဇော်၊အမိဒေါ်နုနုခင် တို့က ပဲခူးမြို့တွင် မွေးဖွားခဲ့သည်။အလက(၁) ပဲခူး၊အထက(၃)ပဲခူး တို့တွင် ပညာသင်ကြားခဲ့ပြီး၊တက္ကသိုလ်ဝင်တန်းကို ထိုမှပင် အောင်မြင်ခဲ့သည်။

ယင်းနောက် ရန်ကုန်ဝိဇ္ဇာတက္ကသိုလ် သို့ တက်ရောက်သည်။တက်ရောက်နေရင်း စစ်တက္ကသိုလ် ဝင်ခွင့်ဖြေဆိုရာ အောင်မြင်ခဲ့၍ စစ်တက္ကသိုလ် အမှတ်စဉ်(၁၇) သို့ ပြောင်းရွှေ့တက်ရောက်ခဲ့သည်။

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

၁၉၇၆ ခုနှစ်မှစ၍ တပ်မတော်တွင် ဒုဗိုလ်အဆင့်ဖြင့် စစ်မှုထမ်းခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ် (လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် ဗိုလ်မှူးချုပ်အဖြစ် တိုးမြှင့်ခြင်း ခံရသည်။[] ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ယူခဲ့သည်။ ယင်းနောက် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသည်။ ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူစဉ် ကာလအတွင်း တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် အနီးကပ်ဆက်ဆံရေးကို ထိန်းထားနိုင်ခဲ့သည်။[][]

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

၂၀၁၃ ခုနစ်၊ဖေဖော်ဝါရီ ၁၃ ရက် တွင် တပ်မတော်မှ အနားယူခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝန်ကြီး ဖြစ်လာခဲ့သည်။[]

ပါတီလှုပ်ရှားမှု

[ပြင်ဆင်ရန်]

ဦးမြတ်ဟိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ခိုင်ဖြိုးပါတီကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြန်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့သည်။

သူသည် ၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး၊ ပြည်သူ့လွှတ်တော် ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံရသည်။

၂၀၂၆ ဧပြီ ၁၀ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သော အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တွင် ကော်မရှင်ဥက္ကဋ္ဌ အဖြစ် ဦးမင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။ []

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဦးမြတ်ဟိန်းသည် ဒေါ်ထွေးထွေးညွန့်နှင့် လက်ထပ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Top ministers resign Eleven (13 August 2015)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2015 တွင် ပြန်စစ်ပြီး။
  2. Myanmar Information Committee, Yangon 23 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2016 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ 10 September 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2016 တွင် ပြန်စစ်ပြီး။
  4. Ambassador Li Jinjun holds dinner in honor of the C-in-C (Air)and party to visit China soon 23 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2016 တွင် ပြန်စစ်ပြီး။
  5. Top-level defence visits between India, Myanmar - The Times of India 23 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2016 တွင် ပြန်စစ်ပြီး။
  6. Latt၊ Win Ko Ko။ "Air Force boss to take over telecoms"၊ 11 Feb 2013 13 February 2013 တွင် ပြန်စစ်ပြီး Archived from the original on 28 February 2013။
  7. အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဖွဲ့စည်းခြင်း (in en)။ 2026-04-19 တွင် ပြန်စစ်ပြီး။
စစ်ဖက်ဆိုင်ရာ ရုံးများ
ယခင်က
ဗိုလ်ချုပ်ကြီး မြင့်ဆွေ
ကာကွယ်ရေးဦးစီးချုပ်(လေ)
၂၀၀၃ - ၂၀၁၃
ဆက်ခံသူ
ဗိုလ်ချုပ်ကြီး ခင်မောင်မြင့်