လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
| Ministry of Electricity and Energy | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
|---|---|
| ဖွဲ့စည်းခြင်း | ၃၀ မတ် ၂၀၁၆ (ပထမ) ၁၀ ဧပြီ ၂၀၂၆ (ဒုတိယ) |
| ယခင်အဖွဲ့အစည်း | လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန စွမ်းအင်ဝန်ကြီးဌာန |
| ဖျက်သိမ်းခြင်း | ၂ မေ ၂၀၂၂ (ပထမ) |
| ဌာနချုပ် | ရုံးအမှတ် (၂၇)၊ နေပြည်တော် |
| ဝက်ဘ်ဆိုက် | moee.gov.mm |
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electricity and Energy) သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၂၆ ဧပြီလမှ ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်းသည့် ဝန်ကြီးဌာန ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၆ခုနှစ်တွင် အစိုးရအသစ် တက်လာချိန်၌ သမ္မတဦးထင်ကျော်က ဝန်ကြီးဌာန အရေအတွက်ကို လျှော့ချဖွဲ့စည်းခဲ့သည်။ ထို့နောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြောင်း၍ ဖွဲ့စည်းခဲ့သည်။
၂၀၂၂ ခုနှစ် မေလတွင် နစက၏ အိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် စွမ်းအင်ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၁]
သမ္မတဦးမင်းအောင်လှိုင်အစိုးရလက်ထက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် စွမ်းအင်ဝန်ကြီးဌာန နှစ်ခုကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။
အကြီးအကဲများ
[ပြင်ဆင်ရန်]ပြည်ထောင်စုအစိုးရသစ်စတင်ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသောဝန်ကြီးဌာန ၄ခု ကိုကိုင်တွယ်ခဲ့သည်။ ၎င်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး စတင်ပြီးနောက် ပညာရေးနှင့် လျှပ်/စွမ်း ကို လွှဲပြောင်းပေးခဲ့ရာ ဦးဖေဇင်ထွန်းမှာ ဝန်ကြီးဖြစ်လာသည်။ ဦးဖေဇင်ထွန်း အနားယူပြီးနောက် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်မှ ပူးတွဲတာဝန်ယူခဲ့သည်။၂၀၁၈ခုနှစ် ဇန်နဝါရီတွင် ဆောက်လုပ်ရေးကိုမကိုင်တွယ်တော့ဘဲ လျှပ်စစ်စွမ်းအင်ကိုသာ ကိုင်တွယ်ခဲ့သည်။[၂][၃]
ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ)
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | သမ္မတ |
|---|---|---|---|---|---|
| ၁ | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၁၆ | ၅ ဧပြီ ၂၀၁၆ | ၆ | ဦးထင်ကျော် |
| ၂ | ဦးဖေဇင်ထွန်း | ၇ ဧပြီ ၂၀၁၆ | ၁ ဩဂုတ် ၂၀၁၇ | ၄၈၁ | |
| ၃ | ဦးဝင်းခိုင် | ၂ ဩဂုတ် ၂၀၁၇ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၂၇၉ | |
| ၄ | ဦးအောင်သန်းဦး | ၈ ဖေဖော်ဝါရီ ၂၀၂၁ | ၂ မေ ၂၀၂၂[၄] | ၄၅၅ | ဦးမြင့်ဆွေ (ယာယီ) |
| ဦးမင်းအောင်လှိုင်အစိုးရ | |||||
| ၅ | ဦးကိုကိုလွင် | ၁၀ ဧပြီ ၂၀၂၆[၅] | ယနေ့အထိ | ၅ ရက် | ဦးမင်းအောင်လှိုင် |
ဒုတိယဝန်ကြီးများစာရင်း
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ဝန်ကြီး |
|---|---|---|---|---|---|
| ၁ | ဒေါက်တာထွန်းနိုင် | ၁၂ စက်တင်ဘာ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၆၀၃ |
|
| ၂ | ဦးခင်မောင်ဝင်း | ၂၀၁၉ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ဦးဝင်းခိုင် | |
| ၃ | ဦးသန့်စင် | ? | ၂ မေ ၂၀၂၂ | ဦးအောင်သန်းဦး | |
| ဦးမင်းအောင်လှိုင်အစိုးရ | |||||
| ဦးအေးကျော် | ၁၀ ဧပြီ ၂၀၂၆[၆] | ယနေ့အထိ | ၅ ရက် | ဦးကိုကိုလွင် | |
| ဦးကျော်နိုင်ဝင်း | ၁၀ ဧပြီ ၂၀၂၆[၇] | ယနေ့အထိ | ၅ ရက် | ဦးကိုကိုလွင် | |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]- ဝန်ကြီးရုံး
- လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာန
- ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေး ဦးစီးဌာန
- လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန
- ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန
- လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း
- လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း
- မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း
- မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း
- ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
- မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ "ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း"၊ နိုင်ငံတော်သမ္မတရုံး။[လင့်ခ်သေ]
- ↑ "ပြည်ထောင်စုအစိုးရအဖွဲ့"၊ နိုင်ငံတော်သမ္မတရုံး။ Archived from the original on 3 June 2021။
- ↑ "ပြည်ထောင်စုဝန်ကြီးတာဝန်မှ အနားယူခွင့်ပြုခြင်း"။
- ↑ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။