မာတိကာသို့ ခုန်သွားရန်

အုန်းမြင့်

ဝီကီပီးဒီးယား မှ
ဦး

အုန်းမြင့်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၂၇ ဩဂုတ် ၂၀၁၂  ၃၀ မတ် ၂၀၁၆
ယခင်လူဦးတင်နိုင်သိန်း
ဆက်ခံသူ​ဒေါက်တာ အောင်သူ
သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၂၇ ဩဂုတ် ၂၀၁၂
ယခင်လူဦးတင်ထွဋ်
ဆက်ခံသူဦးကျော်ဆန်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
ဧပြီ ၂၀၁၀  မတ် ၂၀၁၁
ယခင်လူအခြေခံဥပဒေ စတင်
မဲဆန္ဒနယ်ဖားကန့်မြို့နယ်ကချင်ပြည်နယ်
အနိုင်ရမဲ အရေအတွက်၂၉,၄၂၆ (၅၁.၅၈%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ဒေါ်နုနုဆွေ
သားသမီးကျော်သူရ၊ ကျော်သီဟ
မိခင်ကျောင်းစစ်တက္ကသိုလ် (အပတ်စဉ် ၁၇)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ- ၂၀၁၀
ရာထူးဒုတိယ ဗိုလ်ချုပ်ကြီး
ပြန်တမ်းဝင်အမှတ်ကြည်း-၁၃၉၀၃

ဦးအုန်းမြင့် သည် မြန်မာနိုင်ငံ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဝန်ကြီး အဖြစ် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[] ၂၀၁၁ မတ်လမှ ၂၀၁၂ ဩဂုတ်လအထိ သမဝါယမ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[][]

၂၀၁၀ မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ပါဝင်ခဲ့သည့်အတွက် ဦးအုန်းမြင့်သည် ဥရောပသမဂ္ဂ၏ ပိတ်ပင်ခံထားရသူများစာရင်းတွင် ပါဝင်ခဲ့သည်။[] သူသည် ဒေါ်နုနုဆွေနှင့် လက်ထပ်ခဲ့သည်။[]

၂၀၁၀ ခုနှစ်တွင် တပ်မတော်မှ အနားယူခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[] ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲအရေအတွက် ၂၉,၄၂၆ ဖြင့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြိုင်ဖက်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာကို အနိုင်ရရှိခဲ့သည်။[]

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဦးအုန်းမြင့်သည် တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် အမှတ်(၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။[] သူသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။[]

အငြင်းပွားစရာများ

[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မကွေးတိုင်းဒေသကြီး၊ သစ်ရာကောက်ကျေးရွာတွင် ရွာသူရွာသားများကို စကားပြောဆိုနေသည့် ဦးအုန်းမြင့်၏ ဗီဒီယို ထွက်ပေါ်လာခဲ့သည်။[] ထိုဗီဒီယိုတွင် ဦးအုန်းမြင့်သည် ရိုင်းပြစော်ကားသည့် အသုံးအနှုန်းများဖြင့် ပြောဆိုခဲ့သည်။[][] အစိုးရကို ထော်လော်ကန့်လန့်လုပ်ပါက တောခိုရန်၊ အစိုးရကို ဆန့်ကျင်လျှင် အချုပ်ထဲထည့်ပစ်မည်၊ အစိုးရကို စေတနာပျက်အောင်လုပ်လျှင် ငွေကြေးထောက်ပံ့မှု လုံးဝပေးမည်မဟုတ်၊ မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်၊ နယ်တကာလှည့်၍ ပါးရိုက်ရဲသူ စသဖြင့် ပြောဆိုခဲ့သည်။[][၁၀]

ထိုသို့ ပြောဆိုခဲ့မှုများအား ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖြေရှင်းဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီးအဆို တင်သွင်းဆွေးနွေးစဉ် ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဦးအောင်ကြည်က ဦးအုန်းမြင့်၏ ပြောဆိုချက်များကို ကာကွယ်ဖြေကြားခဲ့သည်။[][၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 Cabinet Alternative Asean Network on Burma (21 November 2013)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2014 တွင် ပြန်စစ်ပြီး။
  2. "Myanmar reshuffles cabinet ministers, deputy ministers"၊ Eleven Media၊ The Nation၊ 28 August 2012 21 February 2014 တွင် ပြန်စစ်ပြီး Archived from the original on 13 April 2016။
  3. BURMA: COMPARISON OF NEW GOVERNMENT OFFICIALS WITH THE COUNCIL OF THE EUROPEAN UNION LIST OF SANCTIONED REGIME MEMBERS Global Justice Center (2011)။ 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2014 တွင် ပြန်စစ်ပြီး။
  4. State Peace and Development Council (SPDC) Official Journal of the European Union (29 April 2006)။ 21 February 2014 တွင် ပြန်စစ်ပြီး။
  5. Yan Pai။ "More Senior Officers Reportedly Resign to Join USDP"၊ The Irrawaddy၊ 25 August 2010 21 February 2014 တွင် ပြန်စစ်ပြီး[လင့်ခ်သေ]
  6. People's Assembly Constituencies Alternative Asean Network on Burma 16 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2014 တွင် ပြန်စစ်ပြီး။
  7. 1 2 3 Thin Thiri။ "Myanmar Government Slammed for Defending ‘Rude’ Minister"၊ Radio Free Asia၊ 6 February 2014 21 February 2014 တွင် ပြန်စစ်ပြီး
  8. Kyaw Htun Naing။ "Myanmar Minister Draws Fire for Using Harsh Words on Villagers"၊ Radio Free Asia၊ 3 February 2014 21 February 2014 တွင် ပြန်စစ်ပြီး
  9. "Magwe demands ‘Slapper’ Ohn Myint step down"၊ Democratic Voice of Burma၊ 11 February 2014 21 February 2014 တွင် ပြန်စစ်ပြီး Archived from the original on 1 August 2014။
  10. 1 2 Hein Ko Soe။ "Thein Sein rebukes minister for vulgar remarks"၊ Mizzima၊ 4 February 2014 21 February 2014 တွင် ပြန်စစ်ပြီး Archived from the original on 20 February 2014။