မာတိကာသို့ ခုန်သွားရန်

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်
ယခင် အမည်
တပ်မတော်သူနာပြုတက္ကသိုလ်
ဆောင်ပုဒ်ကျွမ်းကျင် ကူညီ ဆေးစစ်သည်
အင်္ဂလိပ် ဆောင်ပုဒ်
Skillful and Supportive Medical Corps
အမျိုးအစားစစ်ဘက်ဆိုင်ရာ
တည်ထောင်ဖေဖော်ဝါရီ ၂၄၊ ၂၀၀၀; ၂၆ နှစ် အကြာက (၂၀၀၀-၀၂-24) []
နှီးနွယ်အဖွဲ့အစည်းကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး
ပါမောက္ခချုပ်ဗိုလ်မှူးကြီး ဒေါ်မေခင်သိန်း
ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ် ဝင်းဗိုလ်
တည်နေရာ, ,
Map

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တစ်ခုဖြစ်သည်။ သူနာပြုဆိုင်ရာ ရိုးရိုးဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့၊ ဆေးဝါးနှင့် ဆေးဘက်ပညာဆိုင်ရာ ရိုးရိုးဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ အပ်နှင်းသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၀၀ ပြည့်နှစ်၊ဖေဖော်ဝါရီ ၂၄ ရက် တွင် မြန်မာ့တပ်မတော်မှ တပ်မတော်သူနာပြုတက္ကသိုလ်အဖြစ် သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် သူနာပြုတက္ကသိုလ်(မန္တလေး) တို့၏ အကူအညီဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ထိုတက္ကသိုလ်ကို မူလတွင် တပ်မတော်ဆေးတက္ကသိုလ်ဝင်း အတွင်း၌ တွဲဖက်ဖွင့်လှစ်ခဲ့သေးသည်။နောက်ပိုင်းမှ ခွဲထုတ်လိုက်ခြင်းဖြစ်သည်။ ထိုစဉ်က တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်လှမြင့်ကပင် ကျောင်းအုပ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဆေးဝါးကျွမ်းကျင် နှင့် ဆေးဘက်ပညာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ပြီး တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် အဖြစ် အမည်ပြောင်းလဲခဲ့သည်။[]

နောက်ခံအကြောင်းအရင်းများ

[ပြင်ဆင်ရန်]

လွတ်လပ်ရေးရရှိပြီးနောက် တပ်မတော်သည် တိုင်းစစ်ဌာနချုပ်များ ပြန်လည်ဖွဲ့စည်းကြစဉ် ဆေးတပ်ဖွဲ့များအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းကြရာ၌ ၁၉၅၀ ပြည့်နှစ်တွင် စစ်မြေပြင် သူနာပြုနှင့် သယ်ယူပို့ဆောင်ရေးတပ် ကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့သည်။ 

၁၉၅၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့၌ ထိုတပ်အား မင်္ဂလာဒုံ၌ စတင် ဖွင့်လှစ်ခဲ့ရာတွင် ပထမဦးဆုံးတပ်မှူးအဖြစ် အမျိုးသမီးအရာရှိ ဗိုလ်ကြီး ဒေါ်မြမြ က ဦးဆောင်ခဲ့သည်။[]တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဖွင့်လှစ်နိုင်ခြင်းမရှိသေးချိန်တွင် တပ်ဖွဲ့အတွက် လိုအပ်သည့် ပညာသင်ယူမှုများအား ဩစတြေးလျနိုင်ငံသို့ သူနာပြုအရာရှိ ခြောက်ဦး၊ စင်ကာပူနိုင်ငံသို့ သူနာပြုအရာရှိ တစ်ဦး၊ အင်္ဂလန်နိုင်ငံသို့ သူနာပြုအရာရှိ လေးဦး တို့ဖြင့် ပြည်ပပညာတော်သင်စေလွှတ်ခြင်းများ၊ ပြည်တွင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနဆိုင်ရာ လက်အောက်ခံ နယ်ဘက်ဆေးရုံကြီးများသို့ တပ်မှ သူနာပြု အရာရှိနှင့် အရာခံ (အမျိုးသမီး)တပ်ဖွဲ့ဝင်များအား စေလွှတ်သင်ကြားစေခြင်းဖြင့် သင်ယူခဲ့ကြသည်။ထိုသို့ ဖြတ်သန်းရင်း ၂၁ ရာစုရောက်ရှိမှသာ တပ်မတော် သူနာပြုတက္ကသိုလ်ဟူ၍ သီးသီးသန့်သန့် ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။

ကာလတစ်လျှောက် စစ်မြေပြင် သူနာပြုနှင့် သယ်ယူပို့ဆောင်ရေးတပ် သည် ရှေ့တန်းစစ်မြေပြင်အထိ ဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် တပ်တစ်ခုအဖြစ် ထင်ရှားသည်။

ထင်ရှားချက်များအနေဖြင့် ၁၉၅၃ ခုနှစ် ဒီဇင်ဘာလတွင် အမှတ်(၇)စစ်မြေပြင်သူနာပြုတပ်မှ သူနာပြုတပ်ခွဲမှူး ဗိုလ်ကြီး စောတင်မလာသည် လွိုင်လင်မြို့နှင့် ဟိုပုံးမြို့ကြားတွင် ရန်သူများ၏ တိုက်ခိုက်မှုကိုခံရပြီး၊ဒဏ်ရာပြင်းထန်မှုကြောင့် တပ်မတော်မှ အငြိမ်းစားယူခဲ့ရသည်။

ထို့အပြင် သူနာပြုတပ်ဖွဲ့ဝင် ဗိုလ်မှူးဒေါ်ခင်အုန်းမြ သည် ၁၉၆၃ ခုနှစ်၌ ဖလောရင့်စ် နိုက်တင်ဂေး ဆုရခဲ့သည်။

ကျောင်းအုပ်ကြီးများ

[ပြင်ဆင်ရန်]
ကျောင်းအုပ်ကြီးများကာလမှတ်ချက်
ဗိုလ်မှူးချုပ် လှမြင့် (ကြည်း-၃၄၆၄)၂၄.၂.၂၀၀၀ မှ ၉.၄.၂၀၀၁ ထိ
ဗိုလ်မှူးချုပ် အောင်ခင်စိုး (ကြည်း-၁၄၂၈၂)(စတသ-၁၉)၂၃.၉.၂၀၀၃ မှ ၃.၁၀.၂၀၀၅ ထိ
ဗိုလ်မှူးချုပ် သိုးထိန်း (ကြည်း-၁၆၅၀၀)(စတသ-၂၂)၂၆.၈.၂၀၀၆ မှ ၂၄.၆.၂၀၀၈ ထိ
ဗိုလ်မှူးချုပ် လှမြင့်ရွှေ (ကြည်း-၁၆၅၇၁)(စတသ-၂၂)၂၅.၆.၂၀၀၈ မှ ၂၅.၈.၂၀၁၀ ထိ
ဗိုလ်မှူးချုပ် ကျော်ဇံမြင့် (ကြည်း-၁၇၄၈၉)(စတသ-၂၄)၁၁.၁၀.၂၀၁၀ မှ ၂၅.၁.၂၀၁၁ ထိ
ဗိုလ်မှူးချုပ် မင်းဇော် (ကြည်း-၁၇၄၅၉)(စတသ-၂၄)၁၀.၅.၂၀၁၁ မှ ၁၃.၁.၂၀၁၂ ထိ
ဗိုလ်မှူးချုပ်ဇော်မြင့် (ကြည်း-၁၈၂၅၈)(စတသ-၂၅)၉.၃.၂၀၁၂ မှ ၃.၉.၂၀၁၂ ထိ
ဗိုလ်မှူးချုပ် ညွန့်ဆွေ (ကြည်း-၁၈၂၉၅)(စတသ-၂၅)၆.၉.၂၀၁၂ မှ ၂၀.၁.၂၀၁၄ ထိ
ဗိုလ်မှူးချုပ် ဖုန်းမြတ် (ကြည်း-၂၀၃၂၄)(ဗသက-၇၃) ၂၁.၁.၂၀၁၄ မှ ၁၂.၈.၂၀၁၅ ထိ
ဗိုလ်မှူးချုပ် ဝင်းလွင် (ကြည်း-၂၁၉၁၃)(စတသ-၃၁) ၁၂.၈.၂၀၁၅ မှ ၁.၁၁.၂၀၁၇ ထိ
ဗိုလ်မှူးချုပ် စိုးမင်းဦး (ကြည်း-၂၁၉၀၇)(စတသ-၃၁) ၂.၁၁.၂၀၁၇ မှ ၁.၄.၂၀၁၉ ထိ
ဗိုလ်မှူးချုပ် ထိန်လင်း (ကြည်း-၂၅၀၆၉)(စတသ-၃၅) ၂.၄.၂၀၁၉ မှ ၂၁.၁၂.၂၀၂၀ ထိ
ဗိုလ်မှူးချုပ် ဝင်းဗိုလ် (ကြည်း-၂၇၀၁၀)(ဗသက-၉၄) ၂၁.၁၂.၂၀၂၀ မှ ယနေ့အထိ

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]