မာတိကာသို့ ခုန်သွားရန်

အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

ဝီကီပီးဒီးယား မှ
အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
စကခ(၁၀)
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
ပင်မတပ်ဖွဲ့
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
အခန်းကဏ္ဍနယ်မြေလုံခြုံရေး၊ ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေး၊ စစ်ကစားခြင်း
တပ်
အရွယ်အစား
တပ်မ
အုပ်ချုပ်သူများ
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးဗိုလ်မှူးချုပ် ကျော်ကျော်ဦး
အဆောင်အယောင်များ
အလံတော်

အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၁၀)) သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုဖြစ်သည်။ "စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်" ဆိုသည်မှာ 'ခြေမြန်တပ်မဌာနချုပ်' အသွင်ယူထားသော တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။ တပ်မများ နှင့် စကခများသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏အင်အားအပေါ်မူတည်၍ လိုအပ်သလိုစစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။ပထမဆုံး စကခမှူးမှာ NLDအစိုးရလက်ထက် သာသနာရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးသူရအောင်ကိုဖြစ်ပါသည်။ လက်ရှိ အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် တင်ထွန်းအောင် (စတသ-၄၃) ဖြစ်ပြီး ယာယီစကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်ကျဆုံးပြီးနောက် သိန္နီမြို့အခြေစိုက် စကခ(၁၄)မှ ပြောင်း‌ရွှေ့လာသူသည်။ လက်ရှိစစ်ဦးစီးအရာရှိချုပ်(ကြည်း)ဒုဗိုလ်ချုပ်ကြီး သန်းထိုက်သည် စကခ(၁၀)မှ စကခမှူးတာဝန်ထမ်းဆောင်ကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်တာဝန်ယူခဲ့ရသူဖြစ်သည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်းကောင်း ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဗိုလ်ချုပ်အောင်ကျော်ဟိုးသည်လည်းကောင်း စကခ(၁၀)၏စကခမှူးတာဝန်ယူခဲ့ဖူးသူများဖြစ်ကြပါသည်။

သမိုင်း

[ပြင်ဆင်ရန်]

၂၀၂၅ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရခိုင်-ပဲခူးနယ်စပ် ပန်းတောင်းမြို့နယ် ညောင်ကျိုးဒေသတွင် အာရက္ခတပ်တော်(AA)၏ တိုက်ခိုက်မှုကြောင့် အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှူး ဗိုလ်မှူးကြီးဟန်လင်းအောင်နှင့် စစ်သား ၁၀ ဦးခန့် ကျဆုံးခဲ့သည်။ []

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် နည်းဗျူဟာအဖွဲ့ (၃)ဖွဲ့ နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။

အမှတ်(၁)နည်းဗျူဟာအဖွဲ့

[ပြင်ဆင်ရန်]

အမှတ်(၂)နည်းဗျူဟာအဖွဲ့

[ပြင်ဆင်ရန်]

အမှတ်(၃)နည်းဗျူဟာအဖွဲ့

[ပြင်ဆင်ရန်]

ခြေလျင်/ခြေမြန်တပ်ရင်းများ[][][][][][]

[ပြင်ဆင်ရန်]

အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. ခမရ(၃၆၁) - ကလေးမြို့
  2. ခမရ(၃၆၂) - ကလေးမြို့အင်ဒိုင်းလေး
  3. ခမရ (၃၆၃) - ကလေးမြို့အင်ဒိုင်းလေး
  4. ခမရ(၃၆၄) - မော်လိုက်မြို့နယ်
  5. ခမရ(၃၆၅) - မော်လိုက်မြို့နယ်
  6. ခမရ(၃၆၆) - မော်လိုက်မြို့နယ်
  7. ခမရ(၃၆၇) - ဖောင်းပြင်
  8. ခမရ(၃၆၈) - ဖောင်းပြင်
  9. ခမရ(၃၆၉) - ဟုမ္မလင်း
  10. ခမရ(၃၇၀) - ဟုမ္မလင်း


စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ[]

[ပြင်ဆင်ရန်]
  1. ဗိုလ်မှူးချုပ် သူရအောင်ကို
  2. ဗိုလ်မှူးချုပ် ကျော်ဆန်း
  3. ဗိုလ်မှူးချုပ် အုန်းသွင်
  4. ဗိုလ်မှူးချုပ် ဟန်တင့်
  5. ဗိုလ်မှူးချုပ် စိုးနိုင်
  6. ဗိုလ်မှူးချုပ် မြဝင်း
  7. ဗိုလ်မှူးချုပ် ညီထွန်း
  8. ဗိုလ်မှူးချုပ် စိုးဝင်း
  9. ဗိုလ်မှူးချုပ် ကိုကိုလတ်
  10. ဗိုလ်မှူးချုပ် ကျော်ဆန်းလင်း
  11. ဗိုလ်မှူးချုပ် နေမျိုးအောင်
  12. ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး
  13. ဗိုလ်မှူးချုပ် မျိုးအောင်
  14. ဗိုလ်မှူးချုပ် ကျော်ကျော်ဦး
  15. ဗိုလ်မှူးချုပ် ဝင်းဗိုလ်
  16. ဗိုလ်မှူးချုပ် သန်းထိုက်
  17. ဗိုလ်မှူးချုပ် စိုးလှိုင်
  18. ဗိုလ်မှူးချုပ် မြင့်ကျော်
  19. ဗိုလ်မှူးချုပ် အောင်ဌေး
  20. ဗိုလ်မှူးချုပ် ဟန်လင်းအောင်
  21. ဗိုလ်မှူးချုပ် တင်ထွန်းအောင်

8ကြည့်ရန်

[ပြင်ဆင်ရန်]


  1. ဧရာဝတီ (2026-01-06)။ အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး (in en-US)။ 2026-01-31 တွင် ပြန်စစ်ပြီး။
  2. https://myaelattathan.org/index.php/articles/%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80_%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE_%E1%80%9A%E1%80%AC%E1%80%9A%E1%80%AE%E1%80%85%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%81%E1%80%AF%E1%80%80%E1%80%AD%E1%80%AF%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8_%E1%81%81_%E1%80%A6%E1%80%B8%E1%80%A1%E1%80%95%E1%80%AB_%E1%81%81%E1%81%80_%E1%80%A6%E1%80%B8_%E1%80%9E%E1%80%B1%E1%80%86%E1%80%AF%E1%80%B6%E1%80%B8
  3. https://thanlwinkhet.net/?p=9036[လင့်ခ်သေ]
  4. မော်ကွန်းတင်ပြီးမိတ္တူ 26 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 April 2024 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ 26 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 April 2024 တွင် ပြန်စစ်ပြီး။
  6. မော်ကွန်းတင်ပြီးမိတ္တူ 26 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 April 2024 တွင် ပြန်စစ်ပြီး။
  7. https://burma.irrawaddy.com/news/2022/06/21/252692.html
  8. https://burma.irrawaddy.com/news/2022/06/21/252692.html