မာတိကာသို့ ခုန်သွားရန်

တပ်မတော်နေ့

ဝီကီပီးဒီးယား မှ
တပ်မတော်နေ့
(၇၆)နှစ်​မြောက် တပ်မ​တော်​နေ့ ကျင်းပ​နေစဉ်
တရားဝင်အမည်တပ်မတော်နေ့
အခြားအမည်များတော်လှန်ရေးနေ့
လိုက်နာကျင့်သုံးသူများမြန်မာနိုင်ငံ
အမျိုးအစားအများပြည်သူ တရားဝင်ရုံးပိတ်ရက်
ကျင်းပမှုများစစ်ရေးပြအခမ်းအနား
ရက်စွဲမတ်လ ၂၇ ရက်
ပြန်လည်ကျင်းပမှုအကြိမ်ရေနှစ်စဉ်
ပထမ အကြိမ်၂၇ မတ်လ ၁၉၄၆
(တော်လှန်ရေးနေ့အဖြစ် ကျင်းပ)
နောက်ဆုံး အကြိမ်၂၇ မတ်လ ၂၀၂၅
(နှစ် (၈၀) ပြည့် တပ်မတော်နေ့)

တပ်မတော်နေ့ (ယခင်အမည် တော်လှန်ရေးနေ့) သည် နှစ်စဉ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ အားလပ်ရက်တစ်ရက် ဖြစ်သည်။ တပ်မတော်၏ ကနဦးဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန်အား တစ်ပြည်လုံးအတိုင်းအတာနှင့် ပါဝင်ဆင်နွဲခဲ့ကြသော တော်လှန်ရေးသမားများအား ဂုဏ်ပြုသောအားဖြင့် ဖက်ဆစ်တော်လှန်ရေး အတိအလင်းစတင်ရန်သတ်မှတ်ရက်စွဲ ၁၉၄၅ ခု မတ်လ ၂၇ အား ရည်မှန်းကာ တော်လှန်ရေးနေ့ကို သတ်မှတ်ကျင်းပလာခဲ့သည်။

၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိမ်းအမှတ် လက်ဆောင်တံဆိပ်
(၇၆)နှစ်မြောက် တပ်မတော်နေ့
(၇၆)နှစ်မြောက် တပ်မတော်နေ့

၁၉၄၅၊ မတ်လ ၃ ရက်နေ့တွင် ဖွဲ့စည်းသော ဖက်စစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကြီး (ဖတပလ)တွင် တပ်မတော်သားကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့အရေးတော်ပုံပါတီကိုယ်စားလှယ် ၃ ဦး၊ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် ၃ ဦးတို့ ပါဝင်သည်။ ထို့ကြောင့် ဖက်ဆစ်ကို တော်လှန်ရာတွင် တပ်မတော်တစ်ခုတည်း မဟုတ်ချေ။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့ရောက်တိုင်း ဂုဏ်ပြုကျင်းပလာမြဲဖြစ်သော တော်လှန်ရေးနေ့ကို ၁၉၅၅ ခုနှစ်အရောက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့ဟု ပြောင်းလဲသတ်မှတ်ကျင်းပခဲ့သည်။[][]

တပ်မ​တော်​နေ့ စစ်​ရေးပြအခမ်းအနားတွင်​တွေ့ရ​သော တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဖက်ဆစ်ကိုတော်လှန်ရာတွင် စစ်တပ်တစ်ခုတည်းတိုက်ထုတ်ခဲ့ခြင်းမဟုတ်ဘဲ ရဟန်းရှင်လူပြည်သူအပေါင်းမှ စုပေါင်း တိုက်ထုတ်သည့် သမိုင်းကို မှေးမှိန်စေရန်နှင့် စစ်တပ်၏ အခန်းကဏ္ဍကို ပိုမိုအလေးသာစေရန် ယခင် သတ်မှတ်ထားသော "တော်လှန်ရေးနေ့" မှ တပ်မတော်နေ့ဟု စစ်အစိုးရက ပြောင်းလဲ သတ်မှတ်ခဲ့သည်ဟု ဆိုကြသည်။[][]

ရတုနှစ်ပတ်လည် တပ်မတော်နေ့များ

[ပြင်ဆင်ရန်]
  • (၂၅) နှစ်မြောက် ငွေရတု : ၂၇ – ၃ – ၁၉၇၀ ။
  • နှစ် (၅၀) ပြည့် ရွှေရတု : ၂၇ – ၃ – ၁၉၉၅ ။
  • (၇၅) နှစ်မြောက် စိန်ရတု : ၂၇ – ၃ – ၂၀၂၀ ။

နောက်ထပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာ (in my)။ 26 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ဇန်နဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. On This Day | ဖက်ဆစ်တော်လှန်ရေးနေ့ (27 မတ် 2019)။ ၂၆ ဇန်နဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  3. ဉာဏ်ဝင်းအောင် (၂၇ မတ်လ ၂၀၁၈)။ တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လား (in my)။ ဗွီအိုအေ မြန်မာဌာန ၂၆ ဇန်နဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. သားညွန့်ဦး တော်လှန်ရေးနေ့သမိုင်းမှန် မျိုးဆက်သစ်စစ်အရာရှိတွေ အကြား အသိအမြင်နည်း (in my)။ ဗွီအိုအေ မြန်မာဌာန ၂၆ ဇန်နဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။