မစ်(ဂ်)-၂၉
MiG-29 | |
---|---|
| |
အမျိုးအစား | ဘက်စုံသုံး တိုက်လေယာဉ် |
ထုတ်လုပ်သူ | မီကိုရမ် |
ပထမဦးဆုံးခရီးစဉ် | အောက်တိုဘာလ ၆ရက် ၁၉၇၇ ခုနှစ် |
စတင်ပျံသန်းခြင်း | ၁၉၈၃ ဩဂုတ်လ |
အဓိကအသုံးပြုသူများ | ရုရှားလေတပ် အိန္ဒိယလေတပ် ယူကရိန်း လေတပ် ပိုလန်လေတပ် |
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် | ၁၆၀၀ စင်းကျော် |
ရုရှတို့၏ မစ် - ၂၉ (နေတိုးအခေါ် - Fulcrum) တိုက်လေယာဉ်သည် ယခင် ဆိုဗီယက် ပြည်ထောင်စု၏ စတုတ္ထမျိုးဆက် တိုက်လေယာဉ် ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များကတည်းက မီကိုယန်ဒီဇိုင်းအဖွဲ့က ဆူခွိုင်း-၂၇(Sukhoi Su-27)တိုက်လေယာဉ်နှင့်အတူ စမ်းသပ် ခဲ့သော်လည်း ၁၉၈၃ ရောက်မှ ဆိုဗီယက်လေတပ်တွင် စတင် အသုံးပြုခဲ့သည်.။ ယနေ့တိုင် ကမ္ဘာ့နိုင်ငံများစွာ၏ ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ရပ်တည်လျက် ရှိသည်။ အမေရိကန်တို့၏ တိုက်လေယာဉ်များဖြစ်သော မက်ဒေါနယ်ဒေါက်ကလပ်စ် အက်ဖ်-၁၅ လင်းယုန်၊ F-16 နှင့် F/A - 18 တို့ကို ယှဉ်ပြိုင် တိုက်ခိုက်ရန် ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ [၁] ]
၎င်း လေယာဉ်များကို စတင်တည်ဆောက်ချိန်ကတည်းက မည်သည့် ရန်သူ့တိုက်လေယာဉ်နှင့် ယဉ်ပြိုင်တိုက်ခိုက်နိုင်ရန်အတွက် ရည်ရွယ် တည်ဆောက်ထားပြီး တိုက်ပွဲ အခြေအနေအမျိုးမျိုးနှင့် အဆင်ပြေနိုင်ရန်နှင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးပျံအမျိုးမျိုနှင့် တိကျသေချာသော ပဲ့ထိန်းတပ်စက်နက်များ တပ်ဆင်နိုင်ရန် တီထွင်ဖန်တီးထားသည်။ MiG-29 ကို အဓိကအခြေအနေအမျိုးမျိုးအတွက် ထုတ်လုပ်ထားသည်။ ၎င်းတို့တွင် ဘက်စုံသုံး MiG-29 အမ် နှင့် လေယာဉ်တင် သင်္ဘောများတွင် အသုံးပြုရန်အတွက် Mikoyan MiG-29K စသည်ဖြင့် မျိုးကွဲများရှိပြီး နောက်ဆုံးပေါ်နည်းပညာများဖြင့် ပြုလုပ်ထားသည် Mikoyan MiG-35 အမျိုးအစားလည်းရှိသည်။ နောက်ဆုံး ထွက်ရှိသည့် အမျိုးအစားတွင် အင်ဂျင်ပိုင်းအား အဆင့်မြှင့်တင်ထားခြင်း၊ လေယာဉ်မောင်းတံအား လက်လွှတ်ရန်မလိုပဲ ထိန်းချုပ်ခလုပ်များပါရှိသည့် မောင်းတံများ တပ်ဆင်ထားခြင်းနှင့် အီလက်ထရောနစ် စနစ်သုံး ဒီဂျစ်တယ် စက်ခန်း၊ ခေတ်သစ် ရေဒါနှင့် IRST sensors များ၊ လောင်စာဆီ ပိုမိုသယ်ဆောင်နိုင်ခြင်းနှင့် အချို့ လေယာဉ်များတွင် ဝေဟင်ဆီဖြည့်စနစ်များ ပါဝင်သည်။
ဆိုဗီယက် ပြည်ထောင်စုပြိုးကွဲပြီးနောက်ပိုင်းတွင် ခွဲထွက်သောနိုင်ငံများသည် မစ်-၂၉ ကို လက်ခံရယူခဲ့ကြပြီး တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ကြသည်။ ထိုလက်ခံရယူခဲ့သည့် နိုင်ငံများတွင် ရုရှားလေတပ်သည် အကြီးဆုံးဖြစ်သည်။ ရုရှားလေတပ်သည် ၎င်းတို့၏ မစ်-၂၉ အုပ်စုကို MiG-29SMT အဖြစ် အဆင့်မြှင့်တင်ခြင်းများပြုလုပ်လိုသော်လည်း တိုင်းပြည် ဘဏ္ဍာရေးအခက်အခဲများကြောင့် အကန်အသတ်ဖြင့်သာ ပြုလုပ်နိုင်ခဲ့သည်။ မစ်-၂၉ သည် ထိုအချိန်က နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချရသည့် လေယာဉ်အဖြစ်ကျော်ကြားရပြီး နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ရောင်းချခြင်း သို့မဟုတ် နောက်ပိုင်းတွင် အဆင့်မြှင့်တင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ထိုအထဲတွင် အိန္ဒိယနိုင်ငံသည် လေယာဉ် တင်ပို့ပေးခဲ့ရသည့် အကြီးမားဆုံးသောဈေးကွက် တစ်ခုဖြစ်သည်။ ၂၀၀၆ ခုနှစ်ကတည်းက United Aircraft Corporation ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်လာသည့် မီခိုးရမ် ကုမ္ပဏီက မစ်-၂၉ များကို ထုတ်လုပ်ရောင်းချခဲ့သည်။
တိုးတက်မှုများ
[ပြင်ဆင်ရန်]မူလအစ
[ပြင်ဆင်ရန်]၁၉၆၀ ခုနစ်နှောင်းပိုင်းတွင် အမေရိကန်လေတပ်သည် F-X ခေါ် ပရိုဂရမ်တစ်ခုကို စတင်ခဲ့ပြီး ယင်းအစီအစဉ်မှ မက်ဒေါ်နယ် ဒေါက်ကလက် ဖက်-၁၅ လင်းယုန်ကို ၁၉၆၉ ခုနှစ်နောက်ပိုင်း ထုတ်လုပ်နိုင်ရန် အမှာစာ ပေးပို့ခံရသည်အထိ ဦးဆောင်နိုင်ခဲ့သည်။ စစ်အေးတိုက်ပွဲ၏ အပြင်းထန်ဆုံး အချိန်လည်း ဖြစ်သည့်အလျောက် ဆိုဗီယက်ပြည်ထောင်စုသည် ယင်းတို့၏ လက်ရှိတိုက်လေယာဉ်များ ထက် အလွန်အဆင့်မြင့်လွန်းသည့် နည်းပညာများအသုံးပြုကာအသာစီးရနေသည့် အမေရိကန် တိုက်လေယာဉ်များအား ယှဉ်ပြိုင်နိုင်ရန်အတွက် ဆိုဗီယက်၏ တုံ့ပြန်မှုတစ်ခုလိုအပ်လာလေသည်။ ဤသို့ဖြင့် အဆင့်မြင့် တိုက်လေယာဉ်အသစ်တစ်စင်း တိုးတက်လာရေးသည် အဓိကဖြစ်လာခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဆိုဗီယက် ဗိုလ်ချုပ်ကြီးများသည် Perspektivnyy Frontovoy Istrebitel (PFI)(အဓိပ္ပာယ်-အဆင့်မြင့် ရှေ့တန်းတိုက်လေယာဉ်) လိုအပ်ချက်ကို တင်ပြလာကြသည်။ အချက်အလက်များမှာ အလွန်ကြီးကျယ်လွန်းပြီး အဝေးဆုံးရောက်ရှိနိုင်ရေး၊ ပြေးလမ်းတိုကွင်းများတွင် ဆင်းတက်ပြုလုပ်နိုင်စွမ်း(ကြမ်းတမ်းသော ပြေးလမ်းများတွင်ပင် ဆင်းတက်နိုင်ရေးအပါအဝင်)၊ အထူးပေါ့ပါးမြန်ဆန်ခြင်း၊ အသံထက် ၂ ဆမြန်သော အလျှင်နှင့် ကြီးမားလေးလံသော စစ်လက်နက်များ တပ်ဆင်နိုင်ရေးများပါဝင်သည်။ ရုရှားလေကြောင်းပညာတက္ကသိုလ်တစ်ခုဖြစ်သော TsAGI သည် ထိုသို့သောလေယာဉ်ဖြစ်ပေါ်လာရေးအတွက် ဆူခွိုင်း ဒီဇိုင်းဗျူရိုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မည်သို့ပင် ဖြစ်စေ၊ ၁၉၇၁ ခုနှစ်တွင် ဆိုဗီယက်လေ့လာသူများ ဆုံးဖြတ်ချက် ချလိုက်သည်ကား မတူထူးခြားသည် တိုက်လေယာဉ်များ လိုအပ်သည် ဆိုသည်သာဖြစ်သည်။ PFI (အဆင့်မြင့် ရှေ့တန်းတိုက်လေယာဉ်) အစီအစဉ်အား LPFI(အဆင့်မြင့် ဗျူဟာမြောက် အပေါ့စားတိုက်လေယာဉ်) စီမံကိန်းက ထောက်ခံပေးပြီးနောက် ဆိုဗီယက် တိုက်ခိုက်ရေးအဖြွ့သည် အဆင့်မြင့် ရှေ့တန်းတိုက်လေယာဉ် ၃၃ % နှင့် (အဆင့်မြင့် ဗျူဟာမြောက် အပေါ့စားတိုက်လေယာဉ် ၆၇ % ပါဝင်သည် အစီအစဉ်ကို အတည်ပြုခဲ့သည်။ PFIနှင့် LPFIတို့သည် အမေရိကန်လေတပ်၏ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် တီထွင်ဖန်တီးရေး အစီစဉ်များနှင့် General Dynamics F-16 Fighting Falcon and Northrop YF-17 အစီအစဉ်တို့အား န်ှိုင်းယှဉ်ခဲ့ကြသည်။ PFI PFI (အဆင့်မြင့် ရှေ့တန်းတိုက်လေယာဉ်) ဖြစ်မြောက်ရေးအတွက် ဆူခွိုင်း ကုမ္ပဏီအား တာဝန်ယူစေပြီး ရလဒ်အနေဖြင့် ဆူခွိုင်း Su-27 အားတီတွင်နိုင်ခဲ့သည်။ LPFI (အဆင့်မြင့် ဗျူဟာမြောက် အပေါ့စားတိုက်လေယာဉ်) ဖြစ်မြောက်ရေးအတွက် မီခိုရမ် ကုမ္ပဏီအား တာဝန်ယူစေခဲ့သည်။ ထို့နောက် Mikoyan Product 9 အား အသေးစိတ် ဒီဇိုင်း ရေးဆွဲစေပြီး မစ်-29အေ(Mig-29A) ကို ၁၉၇၄ ခုနှစ်တွင် စတင်ပြုလုပ်စေပြီး ပထမဆုံးသော အစမ်းပျံသန်းမှုကို ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလအတွင်းတွင် အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တိုမှတစ်ဆင့် ထုတ်လုပ်အရေးအကြိုလေယာဉ်အား အစက်ပြထောက်လှမ်းတွေ့ရှိခဲ့သည်။ ရမ်စကိုရီမြို့ (Ramenskoye) ၏ Zhukovsky လေယာဉ်အစမ်းလေ့ကျင်ရေးဗဟိုဌာနတွင် ရှာဖွေ ထောက်လှမ်းရမိသည့် ထိုအရာအား ရမ်-အယ် အဖြစ်အမည်ပေးခဲ့သည်။
Mig-29 သည် ၁၉၈၀ ခုနှစ်အလယ်ပိုင်းအတွင်း ဆိုဗီယက်လေတပ်၏ ရှေ့တန်း တာဝန်ထမ်းဆောင်ရန်အတွက်ရွေးချယ်ခံရခြင်းဖြင့် TPFI နှင့် LPFI နှစ်ခုကြားရှိ အလုပ်တာဝန်ကို ခွဲဝေစေသည်။ အကွာအဝေးပိုမိုသွားနိုင်ပြီး ကြီးမားသည့် Su-27 များအား နေတိုးတို့၏ ဈေးကြီးလှသော ပစ်မှတ်များအား သိမ်းကျုံးဖြိုလဲရန် အလွန်လေးနက်၊ ဆန်းကျယ်ပြီး အန္တရာယ်များလှသော ဝေဟင်စီးချင်းထိုး တိုက်ခိုက်ရေးလုပ်ငန်းများတွင် အသုံးပြုနေချိန် သေးငယ်သော Mig-29 များကို ရှေ့တန်းလေကြောင်းအရေးသာမှု အတွက် Mig-23 နေရာများတွင် တိုက်ရိုက်အစားထိုးခဲ့သည်။ ဆိုဗီယက် စစ်ဗျူဟာရေးဆွဲသူများသည် ထိခိုက်ပျက်စီးမှုများ သို့မဟုတ် လျင်မြန်ပြီး အဆင့်မြင့်သံချပ်ကာယာဉ်များ နှင့် ထိတွေ့ရာတွင်လည်းကောင်း၊ ပျက်စီးနေသော သို့မဟုတ် မပြင်ဆင်ထားသော လေယာဉ်ကွင်းများတွင် ဆင်းတက်နိုင်ရန် ကြမ်းတမ်းသည့်မြေပြင်များတွင် ဆင်းသက်နိုင်သော ဂီယာများနှင့် အကာအကွယ်ပါဝင်သော လေဝင်ပေါက်များကိုထည့်သွင်းတည်ဆောက်ထားသည်။
ဈေးကွက်ဝင်လာခြင်းနှင့် အဆင့်မြှင့်တင်မှုများ
[ပြင်ဆင်ရန်]MiG-29A အကြိုထုတ်လုပ်ရေးအတွက် ဤရွေးချယ်ရေးကို အကျိုးကြောင်းသင့် လက်ခံရရှိပြီးဖြစ်သော်လည်း ထိုအချိန်က အနောက်နိုင်ငံများ မသိနိုင်သေးသောကြောင့် နေတိုးအစီရင်ခံစာများအရ ထိုတိုက်လေယာဉ်အသစ်အား "Fulcrum-A" ဟု အမည်သတ်မှတ်ခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုသည် ထိုလေယာဉ်အများစု၏ တရားဝင်အမည်ကို ထုတ်ပြန်ကြေညာခြင်းမရှိဘဲ အမည်ပြောင်များကိုသာ ပေးခဲ့သည်။ သို့သော် ထူးခြားသည်မှာ ဆိုဗီယက်ပိုင်းလော့အချို့သည် Mig-29 ၏ လေယာဉ်၏ ရည်ရွယ်ထားသည့်အချက်များဖြင့် ဖော်ြပထားသည့် နေတိုးအမည် "Fulcrum" ကို ရှိဖွေတွေ့ရှိသွားခဲ့ပြီး ထိုအမည်ကိုပင် ဆိုဗီယက်တပ်အတွင်း၌ တစ်ခါတစ်ရံအသုံးပြုကြသည်။
ပျံသန်းရေးကိရိယာ အနည်းငယ် နှင့် နျူကလီးယားလက်နက်များ တင်ဆောင်နိုင်ခြင်းမရှိသည့် MiG-29B 9-12A နှင့် MiG-29B 9-12B အဖြစ် အဆင့်လျှော့ထားသည့် မစ်-၂၉များကို ကျယ်ပြန့်စွာ ထုတ်လုပ်ခဲ့ပြီး ဝါဆော စာချုပ်ဝင်နိုင်ငံများနှင့် စာချုပ်တွင် မပါဝင်သည့် နိုင်ငံများသို့ ခွဲခြား၍ ရောင်းချခဲ့သည်။ စုစုပေါင်းအနေဖြင့် လေယာဉ်အစင်းရေ ၈၄၀ ခန့် ထုတ်လုပ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် မီခိုရမ်ကုပ္မဏီသည် တာဝေးသို့ ပိုမိုရောက်ရှိနိုင်သည့် R-27E and R-77 ဝေဟင်မှ ဝေဟင်ပစ် ဒုံးပျံများ တင်ဆောင်နိုင်သည့် Mig-29S ကို အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့သည်။ ထို့ပြင်လေယာဉ်ကိုယ်ထည်အပေါ်ပိုင်းတွင် အခုံးပြုလုပ်ပြီး တန်ပြန်နှောက်ယှက်ရေးကိရိယာများနှင့် ဆီအပိုများ ဝင်ဆံ့နိုင်ရန်ပြုလုပ်ခဲ့သည်။ လေယာဉ်ကိုယ်ထည်အား တောင့်တင်းခိုင်မာစေခဲ့ပြီး လက်နက်တင်ဆောင်နိုင်မှုကို ပေါင် ၄၀၀၀မှ ပေါင် ၈၀၀၀ အထိ တိုးမြင့်နိုင်ခဲ့သည်။ ထိုအင်္ဂါရပ်များကို လေယာဉ်အသစ်များတွင် ထည့်သွင်းတည်ဆောက်ခဲ့ပြီး Mig-29S အဟောင်းများကိုလည်း အဆင့်မြှင့်တင်ခဲ့သည်။ .[၂][၃]
လောင်စာစနစ်
[ပြင်ဆင်ရန်]မူလ MiG-29B ဂျက်တိုက်လေယာဉ်၏ အတွင်းပိုင်း၌ လောင်စာသိုလှောင်ထားနိုင်မှုမှာ ၄၃၆၅ လီတာသာဖြစ်ပြီး ကိုယ်ထည်အတွင်းရှိ လောင်စာကန်လေးခုနှင့် တောင်ပံတစ်ဖက်ချပ်ရှိ လောင်စာကန်နှစ်ခုတို့တွင် ဖြစ်သည်။ ထို့အတွက်ကြောင့် ခရီးရှည်ပျံသန်းမှုများအတွက် နောက်ထပ်အပိုလောင်စာကန်တစ်ခုကို လေယာဉ်၏ကိုယ်ထည်အတွင်းပိုင်းမှာထားရှိပြီး လီတာ ၁၅၀၀ ဆံသည်။ နောက်ပိုင်းအမျိုးအစားများတွင် လီတာ ၁၁၅၀ ဆံ့သောလောင်စာကန်နှစ်ခုကို တောင်ပံများတွင် ထပ်မံ၍တပ်ဆင်ခဲ့သည်။
အင်ဂျင်ပါဝါ
[ပြင်ဆင်ရန်]MiG-29 တွင် Klimov RD-33 တာဘိုပန်ကာအင်ဂျင်နှစ်လုံးတပ်ဆင်ထားပြီး အင်ဂျင်နှစ်ခုကြားတွင် နေရာကျယ်ဝန်းစွာထားရှိခြင်းကြောင့် အလေးချိန်ဝန်ပိမှုကို လျော့စေပြီး လေယာဉ်ကို လိုသလိုကွေ့ဝိုက်လှည့်ပတ်ပျံသန်းမှုပြုရာတွင် ပိုမိုထိရောက်မှုဖြစ်စေသည်။ ထို့အပြင် အင်ဂျင်များအတွင်းဝင်သောလေကို လိုသလိုထိန်းချုပ်နိုင်ရန် ဒလက်များဖြင့်စီမံထားပြီး အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းနိုင်ပေသည်။ သမားရိုးကျမဟုတ်သောပြေးလမ်းများမှ ပျံတက်၊ ဆင်းသက်ခြင်းများပြုလုပ်နိုင်ရန် ရည်ရွယ်ထားသဖြင့် ပင်မလေဝင်ပေါက်ကို လုံးဝပိတ်ထားပြီး လေယာဉ်ကိုယ်ထည်ပေါ်ရှိ အပိုလေဝင်ပေါက်ကို အသုံးပြုပြီး ပျံတက်ခြင်း၊ ဆင်းသက်ခြင်း နှင့် အနိမ့်ပျံသန်းခြင်းများပြုလုပ်နိုင်ပြီး မြေပြင်မှအမှိုက်သရိုက်အကျိုးအပဲ့များနှင့် အခြားအကျိုးအပျက်များကို ပင်မလေဝင်ပေါက်မှ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးထားသည်။
ဒီဇိုင်း
[ပြင်ဆင်ရန်]Overview
[ပြင်ဆင်ရန်]လက်နက်များ
[ပြင်ဆင်ရန်]
အိန္ဒိယ
[ပြင်ဆင်ရန်]အိန္ဒိယ သည် ပထမဆုံး မစ်-၂၉ မှာယူသည့် ဖောက်သည်ဖြစ်သည်။ အိန္ဒိယလေတပ် (IAF) သည် ၁၉၈၀၊ လေယာဉ်စတင်ထုတ်လုပ်ချိန်မှစပြီး မစ်-၂၉ အစင်းရေ ၅၀ ကို မှာယူခဲ့သည်။
ယူဂိုစလားဗီးယား
[ပြင်ဆင်ရန်]ယူဂိုစလားဗီးယားသည် မစ်-၂၉ စတင်အသုံးပြုသော ဆိုဗီယက်ပြင်ပရှိ ဥရောပနိုင်ငံဖြစ်သည်။ ယူဂိုစလားဗီးယားနိုင်ငံသည် ၁၉၈၇ တွင် ဆိုဗီယက်ပြည်ထောင်စုမှ MiG-29B တိုက်လေယာဉ် ၁၄ စီးနှင့် MiG-29UBနှစ်စီးကိုလက်ခံရရှိခဲ့သည်။ ဆားဘီးယားနိုင်ငံ၊ ဘယ်လ်ဂရိတ်မြို့မြောက်ဘက်ရှိဘာတန်နီကာလေတပ်စခန်းရှိ အမှတ် ၁၂၇ လေတပ်တွင် MiG-29 များစတင်တာဝန်ထမ်းဆောင်ခဲ့သည်။ [၄]
ယူဂိုစလဗ် မစ်-၂၉ လေယာဉ်များသည် ယခင်က တိုက်ပွဲဝင်မှုအနည်းငယ်သာရှိခဲ့သော်လည်း ယူဂိုစလားဗီးယားပြည်တွင်းစစ်ဖြစ်ပွားလာချိန်တွင် မြေပြင်ပစ်မှတ်များအတွက် အဓိကတိုက်လေယာဉ်အဖြစ်အသုံးပြုခဲ့သည်။ ၁၉၉၁တွင် ခရိုအေးရှားနိုင်ငံ၊ အိုစီဂျက်မြို့အနီး စီဖင်လေယာဉ်ကွင်းတွင် ခရိုအေးရှားတို့အသုံးပြုသော Antonov An-2 လေယာဉ်အများအပြားသည် မြေပြင်ပေါ်မှာပင် မစ်-၂၉ တိုက်လေယာဉ်များ၏ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။ မစ်-၂၉ လေယာဉ်များမှာမူ တစ်စီးမှဆုံးရှုံးခြင်းမရှိခဲ့ပေ။ [၅] မစ်-၂၉ လေယာဉ်များသည် ဖယ်ဒရယ်ယူဂိုစလားဗီးယားသမ္မတနိုင်ငံခေတ်အထိဆက်လက်တာဝန်ထမ်းဆောင်ခဲ့ကြသည်။ တိုင်းပြည်အပေါ် ကုလသမဂ္ဂ၏လက်နက်ပိတ်ဆို့မှုကြောင့် မစ်-၂၉ လေယာဉ်များ၏အခြေအနေပိုဆိုးလာသည်။ ၁၉၉၉တွင် မဟာမိတ်တပ်များစစ်ဆင်ရေးမစတင်မီ ယူဂိုစလဗ် မစ်-၂၉ များသည် ၁၂ နှစ်သက်တမ်းရှိပြီး အပိုပစ္စည်းများပြတ်တောက်ပြီး ထိန်းသိမ်းပြုပြင်မှုမပြုလုပ်နိုင်ပေ။ ၁၉၉၉ မတ်လတွင် ယူဂိုစလဗ်လေတပ်တွင် မစ်-၂၉ တိုက်လေယာဉ် ၁၁ စီးရှိသည်။ [ကိုးကားချက်လိုသည်]
ဆားဘီးယားနှင့်မွန်တီနီဂရိုးလေတပ်သည် ကျန်ရှိသော မစ်-၂၉ လေယာဉ်ငါးစီးကို စစ်ပြီးခေတ်တွင် အနည်းငယ်ဆက်လက်ပျံသန်းခဲ့သည်။ ၂၀၀၄ နွေဦးတွင် ထိန်းသိမ်းပြုပြင်နိုင်ခြင်းမရှိတော့သောကြောင့် မစ်-၂၉ လေယာဉ်များအသုံးပြုမှုရပ်ဆိုင်းခဲ့သည်။ [၅] ၂၀၀၇ တွင် မစ်-၂၉ လေယာဉ်ငါးစီးလုံးအား ရုရှားသို့ပို့ပြီးပြုပြင်အဆင့်မြှင့်ခဲ့သည်။ ၂၀၀၈ တွင် မစ်-၂၉ တစ်စီးပျက်ကျပြီး လေယာဉ်မှူးနှင့်မြေပြင်ပေါ်ရှိစစ်သားတစ်ဦးသေဆုံးခဲ့သည်။ [ကိုးကားချက်လိုသည်]
ဂျာမနီ
[ပြင်ဆင်ရန်]The ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီဟုလည်းလူသိများသည်) သညည် မစ်--၂၉ လေယာဉ် ၂၄ စီး ဝယ်ယူခဲ့သည်။
Poland
[ပြင်ဆင်ရန်]
အမေရိကန်ပြည်ထောင်စု
[ပြင်ဆင်ရန်]ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- MiG-29/-29UB/-29SE Archived 7 August 2014 at the Wayback Machine., MiG-29SD Archived 29 December 2008 at the Wayback Machine., MiG-29SMT, upgraded MiG-29UB Archived 29 December 2008 at the Wayback Machine., and MiG-29K/KUB Archived 17 March 2013 at the Wayback Machine. pages on the official Russian Air Corporation MiG site
- German Luftwaffe's former MiG-29 Staffel 1./JG 73"Steinhoff" in Laage
- MiG-29 "Fulcrum" page on GlobalSecurity.org
- MiG-29 page on milavia.net
- Manual: (2001) GAF T.O. 1F-MIG29-1 Flight Manual MiG-29
- Cuban MiG-29
- US purchases MiG-29 fighters from Moldova
- Photos Mig-29 Fulcrum-A "9–12"
အသုံးပြုလျက်ရှိသော နိုင်ငံများ
[ပြင်ဆင်ရန်]- အာမေးနီးယား
- အယ်လ်ဘေးနီးယား
- အဇာဘိုင်ဂျန်
- ဘင်္ဂလားဒေ့ရှ်
- ဘူဂေးရီးယား
- ကျူးဘား
- ဟန်ဂေရီ
- အိန္ဒိယ
- အီရန်
- ကာဇက်စတန်
- မလေးရှား
- မော်လ်ဒိုဗာ
- မြန်မာ
- မြောက်ကိုရီးယား
- ပီရူး
- ပိုလန်
- ရုရှား
- ဆားဘီးယား
- သီရိလင်္ကာ
- ဆလိုဗေးနီးယား
- ဆူဒန်
- ဆီးရီးယား
- ယူကရိန်း
- ယီမင်