စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး
ပုံပန်းသွင်ပြင်
ဤဆောင်းပါးတွင် နိဒါန်းစာပိုဒ် မပါရှိပါ။ |
| ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး | |
|---|---|
| ကကနက် | |
စစ်လက်နက်ပစ္စည်းတပ်ဖွဲ့တံဆိပ် | |
| လှုပ်ရှားချိန် | ၁ ဒီဇင်ဘာ ၁၉၄၇ — လက်ရှိ |
| နိုင်ငံ | |
| ပင်မတပ်ဖွဲ့ အမျိုးအစား | |
| တပ် အမျိုးအစား | ညွှန်ကြားရေးမှူးရုံး |
| ဆောင်ပုဒ် | Ordnance for Combat, Provision for Victory |
| နှစ်ပတ်လည်များ | ၁ ဒီဇင်ဘာ ၁၉၄၇ |
| အုပ်ချုပ်သူများ | |
| ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
| ညွှန်ကြားရေးမှူး | ဗိုလ်ချုပ် ဝင်းမြတ် |
စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး (ကကနက်) မှာ ဗိုလ်ချုပ် ဝင်းမြတ် ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့၏ No.(226), Advance Ordnance Depot မှ ၂ နှစ်စာ စစ်လက်န က်ပစ္စည်းများအား မြန်မာ့တပ်မတော်အတွက် လွှဲပြောင်းပေးခဲ့ရာ ယင်း လွှဲပြောင်းပေးခဲ့သည့် ၁-၁၂- ၁၉၄၇ ရက်တွင် ဗမာ့တပ်မတော်စစ်လက်နက်ပစ္စည်းတပ် Burma Army Ordnance Depot အား စတင်တည်ထောင်ခဲ့ပြီး အဆိုပါနေ့ရက်အား စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြသည်။ စတင်ဖွဲ့စည်းစဉ် Burma Army Ordnance Depot နှင့် Maymyo Ordnance Area Dump ဟူ၍ ၂ တပ်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၁၉၄၈ ခုနှစ်မှ ယနေ့ထိ စစ်လက်နက်ပစ္စည်းတပ်များ၊ ခဲယမ်းမီး ကျောက်တပ်များနှင့် ယာဉ်သိုလှောင်ရေးတပ်များ တိုးချဲ့ခဲ့ပြီး စစ်လက်နက်ပစ္စည်းများ ထိန်းသိမ်း၊ ထောက်ပံ့ပေးလျက်ရှိသည်။[၁]
လက်အောက်ခံ တပ်များ
[ပြင်ဆင်ရန်]လက်အောက်ခံတပ်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
- ပင်မစစ်လက်နက်ပစ္စည်းတပ် (နတ်မောက်)
- ပင်မစစ်လက်နက်ပစ္စည်းတပ် (မန္တလေး)
- ပင်မခဲယမ်းမီးကျောက်တပ် (မန္တလေး)
- ပင်မခဲယမ်းမီးကျောက်တပ် (တောင်တွင်းကြီး)
- စစ်လက်နက်ပစ္စည်းသင်တန်းကျောင်း
- ပင်မယာဉ်သိုလှောင်ရေးတပ်(မန္တလေး)
- ပင်မယာဉ်သိုလှောင်ရေးတပ်(ပျဉ်းမနား)
- စစ်လက်နက်ပစ္စည်းတပ်ရင်း(၂)ရင်း
- ခဲယမ်းမီးကျောက်တပ်ရင်း(၂)ရင်း
- ယာဉ်သိုလှောင်ရေးတပ်ရင်း(၂)ရင်း
- စစ်လက်နက်ပစ္စည်းတပ်ခွဲ(၁၄)ခွဲ
- စစ်လက်နက်ပစ္စည်းတပ်စု(၉)စု
- စစ်လက်နက်ပစ္စည်းဝေဟင်ထောက်ပံ့ရေးတပ်စု
- ခဲယမ်းစစ်ဆေးရေးတပ်စု(၂)စု
- တပ်မစစ်လက်နက်ပစ္စည်းတပ်စုများ
- တပ်မတော်ဝါစိုက်ပျိုးရေးတပ်
- တပ်မတော်ရော်ဘာစိုက်ပျိုးရေးခြံများ
- တပ်မေတာ်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)
- တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)
- တပ်မတော်အထည်ချုပ်စက်ရုံ
- တပ်မတော်မိုးရေကာဖျင်စက်ရုံ(လှိုင်းတက်)
- တပ်မတော်ဖိနပ်စက်ရုံ(လှိုင်းတက်)
- တပ်မတော်သားရေစက်ရုံ
- တပ်မတော်ဘောလုံးစက်ရုံ
- တပ်မတော်သင်္ဘောဆေးစက်ရုံ
- တပ်မတော်သတ္တုပစ္စည်းစက်ရုံ
တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးများ
[ပြင်ဆင်ရန်]| စဉ် | ပြန်တမ်းဝင်အမှတ် | အဆင့် | အမည် | တာဝန်ထမ်းဆောင်ခဲ့သောကာလ | |
|---|---|---|---|---|---|
| မှ | ထိ | ||||
| ၁ | ကြည်း ၅၀၃၈ | ဒုဗိုလ်မှူးကြီး | အေအမ်ဟာဒီ | ၂၂-၁၂-၁၉၄၇ | ၁၀-၇-၁၉၅၁ |
| ၂ | ကြည်း ၃၅၉၀ | ဒုဗိုလ်မှူးကြီး | မောင်ဘို | ၁၁-၇-၁၉၅၁ | ၂၅-၈-၁၉၅၄ |
| ၃ | ကြည်း ၃၅၇၉ | ဒုဗိုလ်မှူးကြီး | မောင်သောင်း | ၂၆-၈-၁၉၅၄ | ၄-၁၀-၁၉၅၄ |
| ၄ | ကြည်း ၅၀၃၈ | ဗိုလ်မှူး | အေအမ်ဟာဒီ | ၅-၁၀-၁၉၅၄ | ၁၉-၉-၁၉၅၅ |
| ၅ | ကြည်း ၃၅၄၀ | ဗိုလ်မှူးကြီး | ဗိုလ်ဝင်း | ၂၀-၉-၁၉၅၅ | ၁၀-၈-၁၉၆၇ |
| ၆ | ကြည်း ၃၉၁၃ | ဗိုလ်မှူးကြီး | လှဆွေ | ၁၁-၈-၁၉၆၇ | ၄-၈-၁၉၇၅ |
| ၇ | ကြည်း ၆၄၅၄ | ဗိုလ်မှူးကြီး | မျိုးညွှန့် | ၄-၈-၁၉၇၅ | ၂၅-၈-၁၉၇၅ |
| ၈ | ကြည်း ၆၀၈၄ | ဗိုလ်မှူးကြီး | သောင်းဒန် | ၂၆-၈-၁၉၇၅ | ၂၆-၃-၁၉၈၃ |
| ၉ | ကြည်း ၆၄၂၈ | ဗိုလ်မှူးကြီး | သန်းလွင် | ၂၇-၃-၁၉၈၃ | ၃၁-၅-၁၉၈၃ |
| ၁၀ | ကြည်း ၇၃၅၁ | ဗိုလ်မှူးကြီး | မျိုးဆွေ | ၁-၆-၁၉၈၃ | ၇-၈-၁၉၈၃ |
| ၁၁ | ကြည်း ၇၈၇၅ | ဗိုလ်မှူးကြီး | မောင်အေး | ၈-၈-၁၉၈၃ | ၁၃-၁၁-၁၉၈၅ |
| ၁၂ | ကြည်း ၃၅၂၀ | ဗိုလ်မှူးကြီး | ခင်မြင့် | ၁၃-၁၁-၁၉၈၅ | ၉-၅-၁၉၈၈ |
| ၁၃ | ကြည်း ၈၈၀၃ | ဗိုလ်မှူးချုပ် | သိန်းထွန်း | ၉-၅-၁၉၈၈ | ၂၄-၆-၁၉၉၇ |
| ၁၄ | ကြည်း ၁၀၃၀၁ | ဗိုလ်မှူးချုပ် | ကျော်ဝင်း | ၂၄-၆-၁၉၉၇ | ၁၄-၅-၁၉၉၈ |
| ၁၅ | ကြည်း ၁၂၆၂၈ | ဗိုလ်မှူးချုပ် | ချစ်သန်း | ၁၄-၅-၁၉၉၈ | ၉-၈-၂၀၀၀ |
| ၁၆ | ကြည်း ၁၂၆၄၁ | ဗိုလ်ချုပ် | လှထွန်း | ၉-၈-၂၀၀၀ | ၆-၂-၂၀၀၃ |
| ၁၇ | ကြည်း ၁၂၂၉၇ | ဗိုလ်ချုပ် | စိန်လင်း | ၆-၂-၂၀၀၃ | ၂-၁-၂၀၁၂ |
| ၁၈ | ကြည်း ၁၄၂၇၂ | ဗိုလ်ချုပ် | လှဝင်း | ၂-၁-၂၀၁၂ | ၂၄-၄-၂၀၁၅ |
| ၁၉ | ကြည်း ၁၅၁၇၂ | ဗိုလ်ချုပ် | ဇော်ဇော် | ၂၅-၄-၂၀၁၅ | ၁၈-၃-၂၀၁၈ |
| ၂၀ | ကြည်း ၂၀၁၆၉ | ဗိုလ်ချုပ် | သန့်ဇင် | ၁၈-၃-၂၀၁၈ | ၂၃-၁-၂၀၂၀ |
| ၂၁ | ကြည်း ၂၁၉၁၃ | ဗိုလ်ချုပ် | ဝင်းလွင် | ၂၃-၁-၂၀၂၀ | ၂၇-၅-၂၀၂၄ |
| ၂၂ | ကြည်း ၂၁၈၈၆ | ဗိုလ်ချုပ် | ဝင်းမြတ် | ၂၇-၅-၂၀၂၄ | ယနေ့ထိ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား။ MOI Myanmar (၁ ဒီဇင်ဘာ ၂၀၂၂)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။