ရန်ကုန်တိုင်းစစ်ဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
ရန်ကုန်တိုင်းစစ်ဌာနချုပ် | |
---|---|
ရကတ | |
![]() ရန်ကုန်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
တပ်နယ် | ကုန်းမြင့်သာ |
အမည်ပြောင် | ဂျိုကာအနီ |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ် ဇော်ဟိန်း |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် |
အဆောင်အယောင်များ | |
အလံတော် | ![]() |
ရန်ကုန်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရကတ) သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ (ပြည်လမ်း၊ ရှစ်မိုင်လမ်းဆုံအနီး)တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။ အဓိက တာဝန်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဇော်ဟိန်း ဖြစ်သည်။
သမိုင်း[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။
အမှတ်(၁)စစ်ဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။
- ခလရ / ခမရ - (၄)ရင်း
အမှတ်(၂)စစ်ဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ - (၃)ရင်း
အမှတ်(၃)စစ်ဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ - (၃)ရင်း
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေလျင်တပ်မဟာဌာနချုပ်များ[ပြင်ဆင်ရန်]
အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်[ပြင်ဆင်ရန်]
အမှတ်(၄)ခြေလျင်တပ်မဟာဌာနချုပ်[ပြင်ဆင်ရန်]
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]
ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဗိုလ်မှူးကြီး လှဘုန်း
- ဗိုလ်မှူးကြီး သူရကျော်ထင်(နောင်-ဗိုလ်ချုပ်ကြီး၊ကာကွယ်ရေးဦးစီးချုပ်)
- ဗိုလ်မှူးချုပ် ခင်အုန်း
- ဗိုလ်မှူးချုပ် အေးကို(နောင်-ဒုတိယဗိုလ်ချုပ်ကြီး၊ယာယီသမ္မတ)
- ဗိုလ်မှူးချုပ် တင်စိန်
- ဗိုလ်မှူးချုပ် မျိုးအောင်
- ဗိုလ်မှူးချုပ် ဖေမြိုင်
- ဗိုလ်ချုပ် မျိုးညွန့် (နောင်- ဒုတိယဗိုလ်ချုပ်ကြီး)
- ဗိုလ်ချုပ် ခင်မောင်သန်း(နောင်-ဒုတိယဗိုလ်ချုပ်ကြီး၊ကစထမှူး)
- ဗိုလ်ချုပ် မြင့်ဆွေ (နောင်- ဒုတိယဗိုလ်ချုပ်ကြီး၊ ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ)
- ဗိုလ်ချုပ် လှဌေးဝင်း (နောင်- ဗိုလ်ချုပ်ကြီး၊ ညှိုနှိုင်းကွပ်ကဲရေးမှူးဟောင်း)
- ဗိုလ်ချုပ် ဝင်းမြင့်(နောင်-ဒုတိယဗိုလ်ချုပ်ကြီး)
- ဗိုလ်ချုပ် ထွန်းသန်း
- ဗိုလ်ချုပ် ဆန်းဦး (နောင်- ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်ဟောင်း)
- ဗိုလ်ချုပ် ထွန်းထွန်းနောင်[၁] (ယခင် ကစထ ၁ မှူး၊ ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ နယ်စပ်ရေးရာလုံခြုံရေး ပြည်ထောင်စုဝန်ကြီး)
- ဗိုလ်ချုပ် မျိုးဇော်သိန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်ဟောင်း)
- ဗိုလ်ချုပ် သက်ပုံ (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၅ မှူး)
- ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၄ မှူး)
- ဗိုလ်ချုပ် ဇော်ဟိန်း (ယခင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)[၂]
ကိုးကား[ပြင်ဆင်ရန်]
နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]
- ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ"။
- ↑ KNU နယ်မြေကို ကိုင်တွယ်တဲ့ ကစထမှူး အလဲခံရ။ BBC Burmese (၃၁မတ်၂၀၂၃)။ ၁ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။