မာတိကာသို့ ခုန်သွားရန်

ရန်ကုန်တိုင်းစစ်ဌာနချုပ်

ဝီကီပီးဒီးယား မှ
ရန်ကုန်တိုင်းစစ်ဌာနချုပ်
ရကတ
ရန်ကုန်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
ပင်မတပ်ဖွဲ့
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
တပ်နယ်ကုန်းမြင့်သာ
အမည်ပြောင်ဂျိုကာအနီ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ပြည့်စုံလင်း
ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ထွန်းထွန်းဝင်း
အဆောင်အယောင်များ
အလံတော်

ရန်ကုန်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရကတ) သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ (ပြည်လမ်း၊ ရှစ်မိုင်လမ်းဆုံအနီး)တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။ အဓိက တာဝန်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ပြည့်စုံလင်း ဖြစ်သည်။

သမိုင်းအကျဥ်း

[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်၊ဇွန် ၁ ရက် တွင် တပ်မတော် သည် ရန်ကုန်မြို့ ၏ လုံခြုံရေးကိစ္စအဝဝအတွက် နေပြည်တော်စစ်ဌာနချုပ် ဟူ၍ ဖွဲ့စည်းခဲ့စဥ်၊တပ်နယ်မှူးရုံး (က)တန်း ရန်ကုန်၏ဖွဲ့စည်းပုံဇယားကို အခြေပြု၍ အလယ်ပိုင်းတိုင်းဖွဲ့စည်းပုံအတွင်းမှ ဒုတိယတိုင်းမှူး နှင့် ရုံးအင်အားကို တပ်နယ်မှူးရုံး(က)တန်း ရန်ကုန်တွင် တွဲဖက်ပြီး၊ရန်ကုန်တိုင်းစစ်ဌာနချုပ် အဖြစ် ယာယီဖွဲ့စည်းခဲ့သည်။

ယာယီ စစ်ဌာနချုပ် အား ရန်ကုန်မြို့၊ပြည်လမ်း နှင့် အလုံလမ်းထောင့် တွင် ဖွင့်လှစ်ခဲ့သည်။

၁၉၆၅ ခုနှစ်၊ဇွန် ၁ ရက် အရောက်တွင် ရန်ကုန်မြို့တော်လုံခြုံရေး၊အရေးကြီးပုဂ္ဂိုလ်များ၏လုံခြုံရေး နှင့် နိုင်ငံခြားဧည့်သည်တော်များ၏ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို အရာရှိ (၂၄)ဦး၊စစ်သည် (၁၈၅) ဦး ဖြင့် သီးခြားရပ်တည် ဖွဲ့စည်းခဲ့သည်။[]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။

အမှတ်(၁)စစ်ဗျူဟာအဖွဲ့

[ပြင်ဆင်ရန်]

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။

  1. ခလရ / ခမရ - (၄)ရင်း

အမှတ်(၂)စစ်ဗျူဟာအဖွဲ့

[ပြင်ဆင်ရန်]

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

အမှတ်(၃)စစ်ဗျူဟာအဖွဲ့

[ပြင်ဆင်ရန်]

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေလျင်တပ်မဟာဌာနချုပ်များ

[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။[]

စဉ် ပြန်တမ်းဝင်အမှတ် အဆင့် အမည် ထမ်းဆောင်ခဲ့သည့် ကာလ (နောင်တွင်)
မှ ထိ
၁။ ကြည်း - ၅၂၈၁ ဗိုလ်မှူးကြီး လှဘုန်း ၁၃ - ၇ - ၁၉၆၅ ၁၅ - ၇ - ၁၉၆၉
၂။ ကြည်း - ၅၃၃၂ ဗိုလ်မှူးကြီး သူရကျော်ထင် ၂ - ၇ - ၁၉၆၉ ၈-၃-၁၉၇၄ ဗိုလ်ချုပ်ကြီး၊ကာကွယ်ရေးဦးစီးချုပ်
၃။ ကြည်း - ၅၆၀၅ ဗိုလ်မှူးကြီး ခင်အုန်း ၈-၃-၁၉၇၄ ၁၈-၃-၁၉၇၅
၄။ ကြည်း - ၆၁၃၃ ဗိုလ်မှူးကြီး အေးကို ၁၈-၃-၁၉၇၅ ၂-၄-၁၉၇၆ ဒုတိယဗိုလ်ချုပ်ကြီး၊ သမ္မတ
၅။ ကြည်း - ၆၁၈၁ ဗိုလ်မှူးကြီး တင်စိန် ၂-၄-၁၉၇၆ ၄-၃-၁၉၇၈
၆။ ကြည်း - ၆၈၄၆ ဗိုလ်မှူးချုပ် မျိုးအောင် ၄-၃-၁၉၇၈ ၁၅-၃-၁၉၈၃
၇။ ကြည်း - ၆၂၃၇ ဗိုလ်မှူးချုပ် ဖေမြိုင် ၁၅-၃-၁၉၈၃ ၄-၁၁-၁၉၈၅
၈။ ကြည်း - ၇၅၅၇ ဗိုလ်ချုပ် မျိုးညွန့် (ဗသက - ၁၈) ၅ - ၁၁ - ၁၉၈၅ ၁၆ - ၆ - ၁၉၉၅ ဗိုလ်ချုပ်ကြီး
၉။ ကြည်း - ၁၀၃၂၀ ဗိုလ်ချုပ် ခင်မောင်သန်း (ဗသက - ၃၁) ၁၇ - ၆ - ၁၉၉၅ ၁၈ - ၁၂ -၂၀၀၁ ဒုတိယဗိုလ်ချုပ်ကြီး၊ကစထမှူး
၁၀။ ကြည်း - ၁၂၆၂၉ ဗိုလ်ချုပ် မြင့်ဆွေ (စသတ - ၁၅) ၁၉ - ၁၂ -၂၀၀၁ ၉ - ၂ - ၂၀၀၆ ဒုတိယဗိုလ်ချုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း၊ယာယီ သမ္မတ
၁၁။ ကြည်း - ၁၄၇၉၉ ဗိုလ်ချုပ် လှဌေးဝင်း (စတသ - ၂၀) ၁၀ - ၂ - ၂၀၀၆ ၂၄ - ၆ - ၂၀၀၈ ဗိုလ်ချုပ်ကြီး၊ ညှိုနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)
၁၂။ ကြည်း - ၁၄၈၅၃ ဗိုလ်ချုပ် ဝင်းမြင့် (စတသ - ၂၀) ? ? ဒုတိယဗိုလ်ချုပ်ကြီး
၁၃။ ? ဗိုလ်ချုပ် ထွန်းသန်း ? ?
၁၄။ ကြည်း - ၁၇၅၀၂ ဗိုလ်ချုပ် ဆန်းဦး (စတသ - ၂၄) ? ? ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်
၁၅။ ကြည်း - ၁၈၁၃၁ ဗိုလ်ချုပ် ထွန်းထွန်းနောင် (စတသ - ၂၅) [] ? ? ဒုတိယဗိုလ်ချုပ်ကြီး၊ကစထ ၁ မှူး၊နယ်စပ်ရေးရာဝန်ကြီးပြည်ထဲရေးဝန်ကြီး
၁၆။ ကြည်း - ၂၀၂၂၀ ဗိုလ်ချုပ် မျိုးဇော်သိန်း (စတသ - ၂၈) ? ? ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်
၁၇။ ကြည်း - ၂၀၇၃၅ ဗိုလ်ချုပ် သက်ပုံ () (စတသ - ၂၉) ? ? ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၅ မှူး
၁၈။ ကြည်း - ၂၅၉၈၂ ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (စတသ - ၃၆) ? ? ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၄ မှူး
၁၉။ ကြည်း - ၂၈၀၈၉ ဗိုလ်ချုပ် ဇော်ဟိန်း (စတသ - ၃၈) ? ? စစ်ထောက်ချုပ်
၂၀။ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ပြည့်စုံလင်း လက်ရှိ

ကိုးကား

[ပြင်ဆင်ရန်]

နောက်ထပ်ကြည့်ရန်

[ပြင်ဆင်ရန်]