အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့
ပုံပန်းသွင်ပြင်
(အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး မှ ပြန်ညွှန်းထားသည်)
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
| အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူး | |
|---|---|
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အလံ | |
| တည်ထောင် | ၂၀၀၂ |
| နိုင်ငံ | မြန်မာနိုင်ငံ |
| သစ္စာခံ | |
| ပင်မတပ်ဖွဲ့ အမျိုးအစား | |
| အုပ်ချုပ်သူများ | |
| အဖွဲ့မှူး | ဒုတိယဗိုလ်ချုပ်ကြီး လစ်လပ် |
အမှတ်(၃) စစ်ဆင်ရေး အထူးအဖွဲ့ (အတိုကောက် ကစထ -၃) ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် ၂၀၀၂ ခုနှစ် အစောပိုင်း၌ ဖွဲ့စည်းခဲ့သည်။ လက်ရှိ အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူးမှာ လစ်လပ်နေဆဲ ဖြစ်သည်။
ပြင်ဆင်ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဖွဲ့စည်းပုံသစ်အရ ကစထ(၃) လက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အား ကစထ(၅)အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပြီး ကစထ(၅)အောက်မှ အနောက်တောင်တိုင်းစစ်ဌာနချုပ်အား ကစထ(၃)အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သည်။ [၁] အာရက္ခတပ်တော်၏ ထိုးစစ်အတွင်း စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့နယ်များမှလွဲ၍ ရခိုင်တပြည်နယ်လုံးနီးပါ လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဖြစ်ရာ ကစထ(၃)လက်အောက်ရှိနယ်မြေများမှာ ထိုသုံးမြို့နယ်မှလွဲ၍ ဧရာဝတီတိုင်းဒေသကြီးသာ ကျန်ရှိတော့သည်။
- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရခိုင်ပြည်နယ်၊ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်)
- အနောက်တောင်တိုင်းစစ်ဌာနချုပ် (ဧရာဝတီတိုင်းဒေသကြီး)
အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့သူများ
[ပြင်ဆင်ရန်]- ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ကြည်း - ၁၄၂၃၅) (စတသ - ၁၉)
- ဒုတိယဗိုလ်ချုပ်ကြီး လှမင်း (ကြည်း - ၁၆၅၂၂) (စတသ - ၂၂)
- ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ကြည်း - ၁၇၄၄၄) (စတသ - ၂၄)
- ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ကြည်း - ၁၈၉၈၅)
- ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ကြည်း - ၁၈၂၉၆) (စတသ - ၂၅)
- ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် (ကြည်း - ၂၀၂၇၈) (ဗသက- အမှတ်စဥ်-၇၃)[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်တပ်၏ စစ်အင်္ဂါစဉ် ကစထ ၅ အပြောင်းအလဲ။ ဧရာဝတီ (၁ အောက်တိုဘာ ၂၀၂၅)။ ၃ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးနဲ့ ဗိုလ်ချုပ် ၁၀ ဦးကို အနားပေး။ BBC (၁၃ စက်တင်ဘာ ၂၀၂၅)။ ၁၂ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
| ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |