စစ်ဦးစီးတက္ကသိုလ်

ဝီကီပီးဒီးယား မှ
စစ်ဦးစီးတက္ကသိုလ်
Command and General Staff College
နှလုံးရည်မြင့်မှ လက်ရုံးရည်တင့်မည်
ဥစတ


တည်ထောင်ခုနှစ် ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁ ရက်
ပါမောက္ခချုပ် ဗိုလ်မှူးချုပ် အောင်ခိုင်ဝင်း
တည်နေရာ ကလောမြို့ရှမ်းပြည်နယ်(တောင်ပိုင်း)
အဖွဲ့အစည်း ကာကွယ်ရေး ဝန်ကြီးဌာနတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး
အထိမ်းအမှတ်သတ္တဝါ ဟင်္သာ


စစ်ဦးစီးတက္ကသိုလ် သည် မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် တည်ရှိသည့် စစ်ဖက်ဆိုင်ရာ တက္ကသိုလ်တစ်ခု ဖြစ်သည်။[၁] စစ်အစိုးရလက်ထက်တွင် ကလော စက်မှုလက်မှုသိပ္ပံကျောင်းအား အေးသာယာမြို့သစ်သို့ ပြောင်းရွှေ့ကာ ယင်းကျောင်းနေရာတွင် စစ်ဦးစီးတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့သည်။[၂]

စစ်ဦးစီးတက္ကသိုလ်၏ လက်ရှိကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးချုပ် အောင်ခိုင်ဝင်း(စစ်တက္ကသိုလ်အပတ်စဉ်-၃၆) ဖြစ်ပြီး ဒုတိယကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးချုပ်ကျော်ဇင်မျိုး (စစ်တက္ကသိုလ်အပတ်စဉ်-၃၄)၊ နည်းပြအရာရှိချုပ်အဖြစ် ဗိုလ်မှူးကြီး ဝင့်သူ (စစ်တက္ကသိုလ်အပတ်စဉ်-၃၅) တို့မှ ကြီးကြပ်ကွပ်ကဲ သင်တန်းပို့ချလျက်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စစ်ဦးစီးတက္ကသိုလ်ကို ဖွဲ့စည်းပုံအမှတ် ဗကဖ၁၀၃က၆၁၊ ကဖ၁၀၃က၆၂ တို့ဖြင့် ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မေမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံးကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးချုပ် ကတ်နက်ဖြစ်သည်။ ဖွဲ့စည်းပုံအရလုပ်ငန်းတာဝန်မှာ အရာရှိများအား စစ်မြေပြင်ကွပ်ကဲမှုနှင့် ဦးစီးတာဝန်လေ့ကျင့်ပေးရန်ဖြစ်သည်။ မေမြို့တွင် အပတ်စဉ် (၁) နှင့် (၂) ကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

၁၉၅၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် မင်္ဂလာဒုံသို့ ရွှေ့ပြောင်းခဲ့ပြီး အမှတ်စဉ် (၃) မှ အပတ်စဉ် (၆) အထိ ဖွင့်လှစ်ခဲ့သည်။ ၁၉၅၄ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ကလောမြို့သို့ ရွှေ့ပြောင်းခဲ့ပြီး အပတ်စဉ် (၇) မှ အပတ်စဉ် (၁၅) ထိ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင်ကလောမြို့မှ ဗထူးတပ်မြို့သို့ ရွှေ့ပြောင်းခဲ့ကာ အပတ်စဉ် (၁၆) မှ အပတ်စဉ် (၄၂) ထိ ဖွင့်လှစ်သင်ကြားခဲ့သည်။

၁၉၉၁ ခုနှစ်၊ မေလတွင် ဗထူးတပ်မြို့မှ ကလောမြို့သို့ ပြန်လည် ရွှေ့ပြောင်းခဲ့ပြီး အပတ်စဉ် (၄၃) ကို ပြန်လည်စတင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းများ[ပြင်ဆင်ရန်]

စစ်ဦးစီးတက္ကသိုလ်၏ သင်တန်းကာလမှာ (၁၁) လဖြစ်သည်။ လက်ရှိကာလတွင် တပ်ရင်းမှူးအဆင့်အရာရှိကြီးများ စစ်မြေပြင်ကွပ်ကဲမှု၊ ဦးစီးတာဝန်နှင့် လက်ရုံးဝန်ထမ်းတပ်များဆိုင်ရာများ သင်ကြားပို့ချပေးလျက်ရှိသည်။ ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိများသည် စစ်ဦးစီးတက္ကသိုလ်သို့ တက်ရောက်ပြီးမှသာလျင် စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ထမ်းဆောင်ခွင့်ရရှိသည်။ စစ်ဦးစီးတက္ကသိုလ်၏ ဆောင်ပုဒ်မှာ “နှလုံးရည်မြင့်မှ လက်ရုံးရည်တင့်မည်” ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]