မာတိကာသို့ ခုန်သွားရန်

ကာကွယ်ရေးဦးစီးချုပ်(လေ)

ဝီကီပီးဒီးယား မှ
 တပ်မတော် (လေ) ၏ ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(လေ)၏ အလံတော်
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
ဗိုလ်ချုပ်ကြီး ​ထွန်းဝင်း

ဧပြီ ၂၁၊ ၂၀၂၆ (၂၀၂၆-၀၄-၂၁) မှစ၍
ကက(လေ)
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အဖွဲ့ဝင်ကာကွယ်ရေးဌာန​ကောင်စီ
အစီရင်ခံရသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
စံအိမ်တပ်မ​တော် အရာရှိကြီးများ အိမ်ရာ၊ ကကန၊ နေပြည်တော်
ရုံးတည်နေရာကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ စစ်ရုံး၊ နေပြည်တော်
ခန့်အပ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ယခင်လူဒုတိယကာကွယ်ရေးဦးစီးချုပ်(လေတပ်)
ဖွဲ့စည်းခြင်း၁၁ ဒီဇင်ဘာ ၁၉၄၇ (၇၈ နှစ် အကြာက) (၁၉၄၇-၁၂-11)
ပထမဆုံး ထမ်းဆောင်သူဒုတိယဗိုလ်မှူးကြီး စောရှီးရှိုး
အခြားအမည်​ လေချုပ်၊ လေချုပ်ကြီး
လက်ထောက်စစ်ဦးစီးအရာရှိချုပ်(​လေ)
အဆင့် / တံဆိပ် အဆောင်အယောင်များ

လေတပ်ဗိုလ်ချုပ်ကြီး

ကာကွယ်ရေးဦးစီးချုပ်(လေ) (အင်္ဂလိပ်: Commander-in-Chief (Air)) သည် တပ်မတော်(လေ)၏ ပြန်တမ်းဝင်အရာရှိများကိုသာ ခန့်အပ်သော အဆင့်အမြင့်ဆုံးရာထူးဖြစ်ပြီး၊ အဆင့်သတ်မှတ်ချက်မှာ ဗိုလ်ချုပ်ကြီးဖြစ်သည်။[] ဤရာထူးခန့်အပ်ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ပြန်တမ်းဝင် လေတပ်အရာရှိသည် ရာထူးအားလက်ခံရယူပြီး တစ်နှစ်အတွင်း ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသည်။

ကြည်း၊ရေ၊လေ ဗမာ့တပ်မတော်များပေါင်းစည်းပြီးနောက်[]:၁၂၈ ၁၉၅၅ခုနှစ်မှ ၁၉၈၉အထိ တပ်မတော်(ကြည်း)၊ ​တပ်မတော်(ရေ)၊ တပ်မတော်(လေတပ်) တို့ကို သက်ဆိုင်ရာ ဒုတိယကာကွယ်ရေးဦးစီးချုပ် တစ်ဦးစီက အုပ်ချုပ်ခဲ့ကာ ၁၉၈၉ခုနှစ်တွင် ထို ဒုတိယကာကွယ်ရေးဦးစီးချုပ်များကို သက်ဆိုင်ရာတပ်များ၏ ကာကွယ်ရေးဦးစီးချုပ်များ အဖြစ် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။[] လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(လေ) ရာထူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်ကြီး ထွန်းဝင်း ဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာ့လေတပ်မတော် ၏ အကြီးအကဲမှာ လေတပ်ဦးစီးမှူး (Commanding Officer, Burma Air Force) ဖြစ်ခဲ့ပြီး ၁၉၄၈ခုနှစ် မေလ ၈ရက်နေ့တွင် စစ်ရုံးဖွဲ့စည်းပြီးသောအခါ လေတပ်ဦးစီးချုပ် (Chief of Air Staff) ဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည်။[]

ဗမာ့တပ်မတော်၊[မှတ်စု ၁] ဗမာ့ရေတပ်မတော်နှင့် မြန်မာ့လေတပ်မတော်[မှတ်စု ၂] တို့ကို တစ်ခုတည်းသောတပ်မတော်အဖြစ်ပေါင်းစည်းသောအခါ ၁၉၅၅ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှ စ၍ ရေတပ်ဦးစီးချုပ် သည် ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေတပ်) (Vice Chief of Staff (Air)) ဖြစ်လာခဲ့သည်။[] ၁၉၈၉ခုနှစ် မေလ ၁၀ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်(လေ) (Commander-in-Chief (Air)) အဖြစ်​ ပြောင်းလဲခဲ့သည်။[]

တာဝန်ထမ်းဆောင်ခဲ့သူများ စာရင်း

[ပြင်ဆင်ရန်]
စဉ် ဓာတ်ပုံ ပြန်တမ်းဝင်အမှတ် ရာထူးအဆင့်နှင့်အမည် စတင်ရက် ပြီးဆုံးရက် တာဝန်သက်တမ်းကာလ မှတ်ချက် ကိုးကား
လေတပ်ဦးစီးမှူး[]
၁။ လေ ၁၀၂၀ ဒုတိယဗိုလ်မှူးကြီး စောရှီးရှိုး ၁၅ ဒီဇင်ဘာ ၁၉၄၇ ၈ မေ ၁၉၄၈ ၁၄၅ ရက် []
လေတပ်ဦးစီးချုပ်[]
(၁) လေ ၁၀၂၀ ဒုတိယဗိုလ်မှူးကြီး စောရှီးရှိုး ၈ မေ ၁၉၄၈ ၁၀ ဖေဖော်ဝါရီ ၁၉၄၉ ၂၇၆ ရက် ကရင်လူမျိုးဖြစ်သည့်အပြင် ကရင်ပြည်တွင်းစစ်ကြောင့် အငြိမ်းစားပေးခံခဲ့ရသည်။ []
၂။ လေ ၁၀၀၉ ဒုတိယဗိုလ်မှူးကြီး သူရ အက်စ်ဂျေခင် ၂၃ ဖေဖော်ဝါရီ ၁၉၄၉ ၁၅ ဇွန် ၁၉၅၀  နှစ်၊ ၁၁၂ ရက် []
၃။ လေ ၁၀၀၅ ဗိုလ်မှူးချုပ် သူရ တီကလစ် ၁၅ ဇွန် ၁၉၅၀ ၂၈ စက်တင်ဘာ ၁၉၅၅  နှစ်၊ ၁၀၅ ရက် []
ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေတပ်)[]
(၃) လေ ၁၀၀၅ ဗိုလ်မှူးချုပ် သူရ တီကလစ် ၂၈ စက်တင်ဘာ ၁၉၅၅ ၂၆ နိုဝင်ဘာ ၁၉၆၃  နှစ်၊ ၅၉ ရက် []
၄။ လေ ၁၀၄၂ ဗိုလ်မှူးချုပ် သောင်းဒန် ၂၇ နိုဝင်ဘာ ၁၉၆၃ ၇ မတ် ၁၉၇၄ ၁၀ နှစ်၊ ၁၀၀ ရက် []
၅။ လေ ၁၀၄၇ ဗိုလ်ချုပ် သူရစောဖြူ ၈ မတ် ၁၉၇၄ ၁၈ မတ် ၁၉၈၀  နှစ်၊ ၁၀ ရက် []
၆။ လေ ၁၀၅၉ ဗိုလ်ချုပ် ကိုကြီး ၁၉ မတ် ၁၉၈၀ ၁၄ နိုဝင်ဘာ ၁၉၈၅  နှစ်၊ ၂၄၀ ရက် []
၇။ လေ ၁၁၂၇ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း ၁၄ နိုဝင်ဘာ ၁၉၈၅ ၁၀ မေ ၁၉၈၉  နှစ်၊ ၁၇၇ ရက် []
ကာကွယ်ရေးဦးစီးချုပ်(လေ)[]
(၇) လေ ၁၁၂၇ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း ၁၀ မေ ၁၉၈၉ ၅ ဖေဖော်ဝါရီ ၁၉၉၂  နှစ်၊ ၂၇၁ ရက် []
၈။ လေ ၁၁၉၃ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဝင်း ၅ ဖေဖော်ဝါရီ ၁၉၉၂ ၁၅ ဇွန် ၁၉၉၅  နှစ်၊ ၁၃၀ ရက် []
၉။ လေ ၁၃၀၂ ဒုတိယဗိုလ်ချုပ်ကြီး တင်ငွေ ၁၅ ဇွန် ၁၉၉၅ ၁၄ နိုဝင်ဘာ ၁၉၉၇  နှစ်၊ ၁၅၂ ရက် []
၁၀။ လေ ၁၃၃၄ ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်း ၁၅ နိုဝင်ဘာ ၁၉၉၇ ၁၃ ဇူလိုင် ၂၀၀၁  နှစ်၊ ၂၄၀ ရက် []
၁၁။ လေ ၁၅၈၁ ဗိုလ်ချုပ် မြင့်ဆွေ ၁၃ ဇူလိုင် ၂၀၀၁ ၂ မေ ၂၀၀၂ ၂၉၃ ရက် []
၁၂။ လေ ၁၆၈၂ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ၁၈ မေ ၂၀၀၂ ၁၄ ဖေဖော်ဝါရီ ၂၀၁၃ ၁၀ နှစ်၊ ၂၇၂ ရက် []
၁၃။ လေ ၁၇၅၄ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ၁၄ ဖေဖော်ဝါရီ ၂၀၁၃ ၂ ဇန်နဝါရီ ၂၀၁၈  နှစ်၊ ၃၂၂ ရက် []
၁၄။ လေ ၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ၃ ဇန်နဝါရီ ၂၀၁၈ ၉ ဇန်နဝါရီ ၂၀၂၂  နှစ်၊  ရက် ရာထူးမှအနားပေးခံရသည်။[] []
၁၅။ လေ ၁၉၈၂ ဗိုလ်ချုပ်ကြီး ထွန်းအောင် ၁၀ ဇန်နဝါရီ ၂၀၂၂ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၉၀ ရက် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ []
၁၆။ လေ ၂၁၃၀ ဗိုလ်ချုပ်ကြီး ထွန်းဝင်း ၂၁ ဧပြီ ၂၀၂၆ လက်ရှိ ၃၀ ရက် [][]

မှတ်စု

[ပြင်ဆင်ရန်]
  1. ကြည်းတပ်ကို "ကြည်း"ထည့်မခေါ်ဘဲ "ဗမာ့တပ်မတော်"ဟုသာခေါ်ခဲ့သည်။
  2. "Burma"ကို မြန်မာဘာသာပြန်ရာတွင် ကြည်းတပ်နှင့်ရေတပ်က "ဗမာ့"ဟုသုံးစွဲခဲ့သော်လည်း လေတပ်က "မြန်မာ့"ဟုသုံးစွဲခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၇၃-၁၇၄။
  2. 1 2 3 4 5 6 တပ်မတော်သမိုင်း စတုတ္ထတွဲ [လင့်ခ်သေ]
  3. 1 2 3 ၁၉၅၉ ခုနှစ်၊ တပ်မတော်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ[လင့်ခ်သေ] The Rules Amending the Defence Services Rules, 1959[လင့်ခ်သေ]
  4. ၂၀၂၁ စစ်အာဏာသိမ်း - ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လေချုပ်တာဝန်ကအနားပေးခံရ - ဘီဘီစီ မြန်မာ | အထူးသတင်း | နောက်ဆုံးရ သတင်း | နောက်ဆုံးရခေါင်းစဉ် သတင်း |မြန်မာသတင်း (in my-MM)။ ၁၁ ဇန်နဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 DSMuseum (30 March 2026)။ ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ)/ ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန်ထမ်းဆောင်ခဲ့သူများ (in my)။ Defence Services (Army, Navy, Air Force) News Techonlogy Department။ 22 April 2026 တွင် ပြန်စစ်ပြီး။
  6. လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ (၁၁ ဇန်နဝါရီ ၂၀၂၂)။ ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  7. ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း လေချုပ်ဖြစ်လာ (in my)။ British Broadcasting Corporation (21 April 2026)။ 22 April 2026 တွင် ပြန်စစ်ပြီး။