အရှေ့တောင်တိုင်းစစ်ဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အရှေ့တောင်တိုင်းစစ်ဌာနချုပ် | |
---|---|
ရတခ | |
![]() ![]() အရှေ့တောင်တိုင်းစစ်ဌာနချုပ် တံဆိပ် | |
နိုင်ငံ | မြန်မာနိုင်ငံ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေး |
အမည်ပြောင် | မြှား |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ် မြတ်သက်ဦး |
အဆောင်အယောင်များ | |
အလံတော် | ![]() |
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရတခ) သည် မော်လမြိုင်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် မြတ်သတ်ဦး ဖြစ်သည်။
သမိုင်း[ပြင်ဆင်ရန်]
အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း ၃၅၂၈၊ ဗိုလ်မှူးကြီး သောင်းကြည်မှ တာဝန်ယူခဲ့သည်။
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
စစ်ဗျူဟာများ[ပြင်ဆင်ရန်]
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် အခြေချ စစ်ဗျူဟာ (၄) ခု၊ လှုပ်ရှား စစ်ဗျူဟာ (၃)ခုနှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိသည်။
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ[ပြင်ဆင်ရန်]
အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်[ပြင်ဆင်ရန်]
အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်[ပြင်ဆင်ရန်]
အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်[ပြင်ဆင်ရန်]
အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်[ပြင်ဆင်ရန်]
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ "အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်ပွဲပြုလုပ်"။
- ↑ "စစ်တိုင်းမှူး ၅ ဦးကို နေရာပြောင်းရွှေ့"။