မာတိကာသို့ ခုန်သွားရန်

စစ်ရေးချုပ်

ဝီကီပီးဒီးယား မှ
စစ်ရေးချုပ်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တံဆိပ်
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်
ကကရေး
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အစီရင်ခံရသူ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ရုံးတည်နေရာစစ်ရေးချုပ်ရုံး၊ စစ်ရုံးနေပြည်တော်
ခန့်အပ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
အဆင့် / တံဆိပ် အဆောင်အယောင်များ

ဒုတိယဗိုလ်ချုပ်ကြီး

မြန်မာ့တပ်မတော်တွင် တပ်ရင်း/တပ်ဖွဲ့များ၌ တပ်ရေးပိုင်းဆိုင်ရာ အရာရှိတစ်ဦးထားရှိသကဲ့သို့ စစ်ဌာနချုပ်/တိုင်းစစ်ဌာနချုပ်များတွင်လည်း စစ်ရေးဌာနများထားရှိသည်။ ယင်းဌာနများ၏ အထက်တွင် စစ်ရေးနှင့်ပတ်သက်သော အမြင့်ဆုံးအရာရှိချုပ်မှာ စစ်ရေးချုပ် (အင်္ဂလိပ်: Adjutant General) ဖြစ်သည်။

မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ လက်အောက်၌ စစ်ရေးချုပ်ရုံးကို ထားရှိပြီး၊ စစ်ရေးချုပ်ရုံးသည် ကြည်းတပ်သာမက ရေတပ်နှင့် လေတပ်တို့၏ စစ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဆောင်ရွက်ရသည်။[မှတ်စု ၁]

စစ်ရေးချုပ်၏ အဓိကလုပ်ငန်းတာဝန်များမှာ တပ်ရင်း/တပ်ဖွဲ့များ၏ မှတ်တမ်းများ၊ စာရင်းများထားရှိခြင်းနှင့် တပ်ဖွဲ့ဝင်များ၏ ကိုယ်ရေးနှင့်ပတ်သက်သော အမိန့်၊ ညွှန်ကြားချက်များကို ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။ လက်ရှိ စစ်ရေးချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ဖြစ်သည်။

ခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့သည့် စစ်ရေးချုပ်များ

[ပြင်ဆင်ရန်]
စဉ် ပြန်တမ်းဝင်အမှတ် အဆင့် အမည် ထမ်းဆောင်ခဲ့သည့် ကာလ ကိုးကား
မှ ထိ
၁။ ဗိုလ်မှူးကြီး ကျော်ဝင်း ၈ - ၃ - ၁၉၄၈ ?
၂။ ဗိုလ်မှူးချုပ် ?
၃။ ဗိုလ်ချုပ် ? ?
၄။
၅။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင် ၁၉၉၅
၆။ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း[][]
၇။ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး[] အောက်တိုဘာ-၂၀၂၂ ၃၁ - ဇူလိုင် - ၂၀၂၅
၈။ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ၃၁-ဇူလိုင်-၂၀၂၅ လက်ရှိ

ရှင်းလင်းချက်မှတ်စု

[ပြင်ဆင်ရန်]
  1. ကြည်းတပ်ရေတပ်လေတပ်အားလုံးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ကွပ်ကဲမှုအောက်တွင်ရှိသည်။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၏။

ကိုးကား

[ပြင်ဆင်ရန်]